Unicode
"Lily,ဘာငိုင်နေတာလဲ English ကျူရှင်သွားရအုန်းမယ်" ခေါ်သံနဲ့အတူ နောက်ကျမည်စိုး၍ဗျာများနေသော သူငယိချင်းDelroyကိုတွေ့လိုက်ရသည်။
"ဘာမှမငိုင်ပါဘူးဟာ Englishကျုရှင်ရောက်ရင် ဖြေရမဲ့စာတွေတွေးနေတာပါ"
"ဟုတ်လို့လား"
"Omm"
"ဟုတ်ပါပီ မြန်မြန်လာနောက်အတန်းကစတော့မယ်"
ဒီလိုနဲ့သူတို့ သချာ်ကျူရှင်မှ လမ်း၂ပြလောက်ေ၀းသောEnglishကျူရှင်သို့ကူးရန်ထွက်ခဲ့ကြသည်။
Lilyအိမ်ကစည်းကမ်းတင်းကြပ်မှုကြောင့်အပေါင်းအဖော်ဟူ၍Delroy ၁ယောက်သာရှိသည်။Delroyနဲ့သူနဲ့ပေါင်းတာ Lily ၅နှစ်သမီးကတည်းက ယခု၁၆နှစ်ဆိုတော့ ၁၁နှစ်လောက်ရှိခဲ့ပီ။Delroyကအစကတော့ ပုံမှန်မိန်းကလေး၁ယောက်ပါဘဲ။ အလယ်တန်းလောက်ကစပီး အခြားမိန်းကလေးတွေကိုလက်ကိုင်တာမျိုး အတန်းထဲကယောကျာ်းလေးတွေကိုထိုးကြိတ်တာမျိုးလုပ်လာခဲ့တယ်။နောက်တော့ယောကျာ်းလေးလိုဘဲ၀တ်စားဆင်ယင်တော့သည်။LilyကိုDelroyအဖြေတောင်းထားတာကြာပါပြီ။Lilyကတော့ သူငယ်ချင်းအရင်းကြီးမို့အဲ့လိုမတွေးနိုငိသေးဘူးဟုဆိုကာ အချိန်ပေးဖို့ပြောထားသည်။တစ်ခါတစ်လေတော့လည်းသူ့ပေါ်ရင်ခုန်မိပါတယ်။ပညာသင်ရွယ်မှာအဲ့ကိစ္စတွေမလုပ်ရဘူးလို့ အိမ်ကဆုံးမထားသောကြောင့်သာ သူ့ကိုငြင်းနေရတာ စိတ်ကူးတွေထဲတော့အမြဲသူဘဲနေရာယူထားတာပါ။Lily၁ယောက်တည်းအတွေးထဲနစ်မြောနေလေတော့သည်။"Lily,Englishကျူရှင်ကျဖြေရမဲ့စာတွေရပီလား"
Lilyမှာအတွေးထဲနစ်မြောနေသဖြင့်Delroyစကားပြောနေသည်ကိုပင်မသိ။
"Lily,မLily" Delroyဆက်ခေါ် ကြည့်သော်လည်းကြားပုံမပေါ်
"မွ" ခေါ်မကြားအော်မကြားအတွေးထဲနစ်နေသောLilyအားDelroyမှအနမ်း၁ပွင့်ခြွေလိုက်လေတော့သည်။
"ဟယ်,ကောင်မစုတ် နင်ဘာလုပ်တာလဲ" Lilyမှာအနမ်းခံလိုက်ရသောပါးလေးကိုလက်တစ်ဖက်နဲ့ကာထားပီး နှုတ်ခမ်းလေးစူကာ ရှက်သွေးဖြာသွားလေတော့သည်။
"နင်မှငါခေါ်နေတာမကြားတာ အာ့ကြောင့် သတိ၀င်လာအောင်လုပ်ပေးလိုက်တာလေ😜"

YOU ARE READING
Red Spider Lily
FantasyLet's play a game where we kill all the others to become a god