Part 8

236 38 0
                                    

Hope not

ဇနေးနဲ့ကျွန်မပိတ်ရက်တွေတိုင်း၊ သူမ အားလပ်တဲ့အချိန်တွေတိုင်းမှာ တွေ့ကြသည်။ ဇနေးကအလုပ်အရမ်းသူများမို့ တွေ့ရချိန်ကခနလေးပဲဖြစ်ရင်တောင် ကျေနပ်ပါသည်။ ထို့ပြင် ဇနေးရဲ့တိုက်ခန်းက ကျွန်မရဲ့ဒုတိယမြောက်အိမ်တစ်ခုလိုဖြစ်လာသည်။ အပြင်မှာတွေ့တာထက် တိုက်ခန်းမှာပဲတွေ့ဖြစ်ကြတာက သူ့အတွက်ပိုပြီးလုံခြုံသလိုပိုပြီးလည်းအဆင်ပြေသဖြင့် ကျွန်မကိုယ်တိုင်ဒီမှာပဲတွေ့ကြဖို့ ဆိုခဲ့ခြင်းဖြစ်သည်။ ထိုအခါဇနေးကကျွန်မဖို့ သော့အပိုတစ်ခုကိုပေးထားသည်။ အစကကျွန်မငြင်းဖြစ်ပါသည်။ အခုတော့ဇနေးရဲ့တိုက်တွန်းချက်ကြောင့်လက်ခံထားရသည်။ သို့ပေမယ့် ဇနေးမရှိတဲ့အချိန်သူ့တိုက်ခန်းကိုသွားတာမျိုး တစ်ခါမှမလုပ်ဖူးပါ။ လုပ်ဖို့ရန်လည်းဆန္ဒမရှိပေ။

နောက်ထပ်လေးလလောက်တက်ပြီးလျှင် ဂျီဆူဘွဲ့ရတော့မည်ဖြစ်သည်။ ထို့ကြောင့်စာတွေပိုများလာသလို သူ့ကိုလည်းအချိန်ဖဲ့ပေးရသဖြင့် လုံးဝမအားလပ်ပေ။ဂျီဆူစိတ်တော့မပျက်ပါ။ ဘယ်လောက်ပင်ပန်းနေပါစေသူနဲ့တွေ့ရမှာပဲဆိုတဲ့စိတ်က အားပျက်နေချိန်မှာတောင် အားဆေးထက်ပို၍ကုသဖို့ရန် ဆေးစွမ်းထက်ပါသည်။

ဂျီဆူည‌နေအချိန်ပိုင်းအလုပ်မှအပြန် သူမရဲ့ပန်းရောင်စက်ဘီးလေးကိုအားကုန်နင်းရင်းမှ ကောင်းကင်ကြီးသို့တစ်ချက်လှမ်းကြည့်ရင်းပြုံးလိုက်သည်။ ဇနေးနဲ့ဒီနေ့တွေ့ရမည်မဟုတ်။ မျှော်လင့်ခြင်းလေးကစတူဒီယိုမှာအသံသွင်းစရာရှိသည်တဲ့။

တိမ်တွေကြားထဲမှာ ရွှေရောင်ဆံနွယ်တို့ကိုမြင်ယောင်ရင်း ဂျီဆူ့နှုတ်ခမ်းများကပြုံးနေသည်။

အိမ်ကိုရောက်တာနှင့်မြန်မြန်သွက်သွက်ရေချိုးလိုက်ရသည်။ ညဝတ်ပိုးသားပန်းရောင်ဝမ်းဆက်လေးကိုဝတ်တော့လည်း ဇနေးကိုသတိရမိပြန်သည်။ ထိုကလေးမက ပန်းရောင်လဲသိပ်ကြိုက်တာ။ ဒီတစ်ခါလစာရမှ အမှတ်တရဖြစ်အောင် တစ်စုံလောက်တော့ဝယ်ပေးရအုံးမည်။

"အဖေ... ကြက်ကြော် ကျွန်မဝယ်လာတဲ့ကြက်ကြော်ဘယ်နားထားမိလိုက်သလဲမသိဘူး။ ရှာမတွေ့တော့ဘူးအဖေ"

Hope NotTempat cerita menjadi hidup. Temukan sekarang