Episode-1

32 5 1
                                    

* ကလင် ကလင် ကလင် ကလင်... *

‌ ဂုဏ်ကျက်သရေဖြာပြီး လှပတင့်တယ်စွာ တည်ဆောက်ထားသော သုံးထပ်စာသင်ဆောင်ကြီးမှ ထွက်ပေါ်လာသော ထမင်းစားနားချိန် Bell သံမှာ ကျောင်းခန်းတိုင်း ၊ အထပ်တိုင်းသို့ ပျံ့နှံ့နေလေသည် ။

* ဟဲ့ ၊ အဲ့တစ်ယောက်လေ သူပေါ့..... *
* ဟန် !! ဟုတ်လား ၊ မထင်ရဘူးနော် ရုပ်လေးကြည့်တော့သနားကမားလေးဟယ် .... *
* သူ့နားသွားမထိုင်ကြနဲ့နော် ..... လာလာ ဟိုဘက်သွားမယ် *

မုန့်စားဆောင်ရဲ့ ထောင့်ကျကျခုံတန်းမှာ ထိုင်ပြီး နားကြပ်လေးတပ်ထားသော ကျောင်းသား‌ ‌ေလးတစ်ယောက်ကို တခြားကျောင်းသူ‌ေတွရော ကျောင်းသားများကပါ ရှောင်ဖယ် ရှောင်ဖယ်ဖြင့် တိုးဝှေ့သွားနေကြလေသည် ။

* ဟ ၊ ပြောစမ်းပါအုံးကွ .... သူက ဘာလို့တုန်း..... *
* ဟာ ၊ မင်းကလည်း မင်းကဒီကျောင်းရောက်တာမကြာသေးလို့ကွ ၊ အဲ့ကောင်နာမည်က Julian တယ့် ၊ အဲ့ကောင်က မကောင်းဆိုးဝါးကွ... *
* ဟန် ! မင်းကလည်း ကောင်လေးက ချစ်စရာလေးပါကွာ ၊ သူ့ဘာသူနေနေတာပဲကို... ဘာကိစ္စနဲ့မကောင်ဆိုးဝါးဖြစ်ရတာတုန်း... *
* ငါပြောပြမယ် ၊ ဟိုတလောက သူ‌ဆွဲထားတယ့် ပန်းချီကားကြောင့် လူတစ်ယောက်ဆုံးသွားတယ်လေ ...*
* ဟာ့ ၊ ဟုတ်ပါ့မလားကွာ ၊ မင်းတို့ကလည်း...... ပန်းချီကြောင့်လား သူကိုယ်တိုင်ကြောင့်လား ...?*
* အဲ့တာတော့ ငါလည်းသေချာမသိဘူး ၊ ကျောင်းမှာလည်းသူ့ကြောင့် ထိခိုက်တယ့်သူတွေအပြင် အသက်ပါသေကြလို့ မကောင်းဆိုးဝါးလို့ ပြောကြတာကွ *
* ငါတော့မယုံပါဘူးကွာ.... *

ကျောင်းကိုရောက်တာ နှစ်လသာရှိသေးသော အကမေဂျာရဲ့ ကျောင်းသားသစ် Julio က သူ့သူငယ်ချင်း Nicky ကိုမေးနေခြင်းပင် ။

* အဲ့တာတော့မင်းသမိုင်းပေါ့ကွာ ၊ ငါကတော့ကြိုသတိပေးတယ်နော် ၊ သူနဲ့ဝေးဝေးသာနေပေတော့ .... *

++++++++++++

* ကဲ ၊ ဒါဆို ဆရာတို့ ဒီနေ့တော့ ဒီသင်ခန်းစာနဲ့ပဲ ရပ်ကြတာပေါ့ ၊ အတန်းဆင်းလို့ရပါပြီ *
* ကောင်းသောညနေခင်းပါဆရာ *
* ဟေ့ကောင် Nicky ၊ မင်းကလည်းကွာ ‌အတန်းလွှတ်တာနဲ့ ဆင်းသွားတာ မြန်ချက်ပဲ ၊ စောင့်ပါအုံးကွ ..... *
* ငါကမြန်တာမဟုတ်ဘူး မင်းကမှ...အာ့ *

You're Not My Type ✨✨Where stories live. Discover now