* ဝုန်း ....*
အခန်းတံခါးကိုဆောင့်ဖွင့်ရင်း ပြေး၀င်လာသော Julian ကြောင့် ၊ စားပွဲခုံေပါ်တွင်ထိုင်ကာ စာရေးနေသော Zora တစ်ယောက် ထိတ်လန့်သွားလေတော့သည် ။
*ဟဲ့ ၊ Ju နင်ဘာဖြစ်လာတာလည်း ၊ ဟဲ့ငါမေးနေတယ်လေ ၊ အလန့်တကြားနဲ့ဟာ ၊ မဟုတ်မှလွဲရော ..... ၊ ဟဲ့ ဖြေအုံးလေဟာ *
Zora မေးလာသောမေးခွန်းကိုပင်ပြန်မဖြေနိုင် ၊ အပြစ်ကင်းသည့်မျက်နှာဖြူ၀င်း၀င်းပေါ်သို့ စီးကျတော့မည့် ပုလဲရောင်မျက်ရည်စများမှာလည်း မျက်၀န်းအိမ်ထက်တွင် သူ့ထက်ငါပြိုင်လျက်....
*ငါ....ငါလေ.... ငါ့လက်နဲ့ လူသတ်လိုက္မိပြန်ပီ ၊ ငါ့ရဲ့ မကောင်းတယ့်လက်....ဒီလက်..ဒီလက်ကြောင့်ပဲဟာ ....*
ယနေ့ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကိုပြန်လည်ပြောပြဖို့အစပြုရင်းမှာပင် ပုလဲရောင်မျက်ရည်စတို့က လျောကနဲ လျောကနဲ ပါးနုနုလေးပေါ်သို့ ကျဆင်းလာလေတော့သည် ။
*ငါထင်တယ့်အတိုင်းပါပဲလားဟာ..ဒါတွေက နင့်ေကြာင့်မှမဟုတ်တာ ၊ နင်ကရည်ရွယ်ချက်ရှိရှိလုပ်နေတာမဟုတ်ဘူးလေ ၊ ကိုယ့်ကိုကိုယ်အပြစ်မတင်ချင်စမ်းပါနဲ့ဟာ ၊...ငါပြောတာကြားလားး ၊ ငါပြောတာ ကြားရဲ့လားလို့ Ju *
*ငါကြောက်တယ် .... အခု ၊ အခုငါ့ကို တစ်ကျောင်းလုံးက မကောင်းဆိုးဝါးတစ်ကောင်လို့မြင်နေတာ နင်လည်းအသိပဲလေဟာ.... ဒါတွေအားလုံးက ငါ့ကြောင့်ပဲဟ...*
*ဘာမှကြောက်စရာမလိုဘူး ၊ နင့်ေဘးမှာငါတစ်ယောက်လုံးရှိတယ် ၊ ဘယ်သူတွေဘာပြောပြောမကြောက်နဲ့ ငါကာကွယ်ပေးမယ် ....၊ အခုတော့နင်နားလိုက် ၊ ငါညစာပြင်ထားလိုက္မယ် *
*နင် ငါ့နားမှာရှိနေပေးမယ်မဟုတ်လား ...*
*စိတ်ချစမ်းပါဟာ ၊ ငါတို့တူတူနေလာခဲ့တာပဲ ၁၄နှစ် ပြည့်တော့မယ် ၊ ဘာမှစိတ်မပူနဲ့ငါရှိတယ်နော် ....*
Zora တစ်ယောက် Julian ကိုအားပေးရင်း ညစာချက်ဖို့ပြင်ဆင်စရာတွေရှိတာပြင်ဆင်ရန် မီးဖိုချောင်သို့ ဆင်းသွားလေတော့သည် ။
YOU ARE READING
You're Not My Type ✨✨
Ficção Adolescenteဆန်းကျယ်တယ့်ဖြစ်ရပ်တစ်ခုကြောင့် အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ကြိုတင်သိမြင်နိုင်တယ့် ပန်းချီဆရာလေး Julian ..... ပျော်ပျော်နေတတ်ပြီး အနုပညာကိုဝါသနာပါတယ့် ကျောင်းထိပ်တန်းအကပညာရှင်လေး Julio.... အမှတ်မထင်ဖြစ်ပေါ်ခဲ့သော သူငယ်ချင်းသေဆုံးမှုကြော...