Episode-8

4 3 2
                                    

                 *ဒီမှာ.....ဒီမှာဗျ. *

               ကျောင်း၀င်းထဲသို့၀င်လာသော Julio တစ်ယောက် အနောက်္မှလှမ်းခေါ်နေသည့်အသံကြောင့် လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ Julian ဖြစ်နေလေသည်။

               *အာ...ဆေးရုံဆင်းပီလား.... ၊ အကိုJulian သက်သာသွားပီလားးဗျ....Zora ရော မပါဘူးလား *

                 *သက်သာသွားပါပီ ၊ ကျေးဇူးတင်စကားလေးပြောရင်း တစ်ခုခုလည်းလိုက်ကျွေးချင်လို့ပါ *

                 *အာ ကျေးဇူးတင်စရာမလိုပါဘူးဗျာ ၊ တစ်ကျောင်းတည်းသားတွေမို့လို့ ကူညီပေးတာပါဗျာ .... အခုလိုတွေလည်းလုပ်စရာမလိုပါဘူးဗျာ *

        *ကျွန်တော်အစောကြီးလာပြီး ခင်ဗျား‌ေကျာင်းထဲ၀င်လာမယ့်အချိန်ကို စောင့်နေတာဗျ ၊ မစားတော့ဘူးဆိုလည်း ကျွန်တော့်ကိုခွင့်ပြုပါအုံးနော် *

           တစ်ခုခုလိုက်ကျွေးမည်ဟုပြောလာသည်ကို Julio မှလက္မခံဟုပြောလိုက်သောကြောင့်မျက်နှာညိုှးသွားသော Julian ကို သနားစိတ်လေးအနည်းငယ်တော့၀င်သွားမိသည်ကို လက်ခံရချေမည်။

             * အာ...ခနနေပါအုံး ... ကျွန်တော်လက်ခံပါတယ် ၊ အကို Ju *

              Julioမှလက်ခံသည်ဟုပြောလိုက်သဖြင့် ပြုံးရောင္သန်းလာသော Julian တစ်ယောက်္မှာ လိုချင်သည့်ပစ္စည်းကိုပူဆာရာမှ ရရှိသွားသည့် ကလေးငယ္လေးလိုပင် အပြစ်ကင်းလှပေသည်။

               *အဲ့တာဆိုလည်း ၊ မြန်မြန်လာ .... မနက်စာမစားရသေးဘူး ၊ ကျွန်တော်ဗိုက်ဆာနေပီ *

                 ဤသို့နှင့်Ju Ju နှစ်ယောက် မုန့်စားတန်းသို့မနက်စာစားရန် ထွက်ခဲ့လေတော့သည်။မုန့်စားတန်းသို့ရောက္သောအခါတွင်လည်း တစ်ခြားကျောင်းသူ ကျောင်းသားများက ကွက်ကြည့် ကွက်ကြည့်နှင့် ၊ တီးတိုးပြောဆိုနေကြပြန်သည်။

               *အမလေးး ကျောင္းမီးလောင္အောင်လုပ်တယ့်ကောင်ကြီး ၊ မုန့်စားတန်းထဲ၀င်ထာတယ်ဟေး ၊ သူ့ဘေးကတော့ ဘယ်ကကောင်လည်းမသိဘူး *

               Ju နှစ် Ju , မုန့်စားတန်းထဲ၀င်လာသည်ကို အများမြင်အောင် ၊ အများသိအောင် ဆော်ဪ နေသူမှာ ပန်းချီမေဂျာမှာ Julian ၏ပြိုင်ဘက္ကြီး Daffodil  ၊ Julian ၏ ပန်းချီစွမ်းရည်ကို မယှဉ်နိုင်သည့်အပြင် Julian ၏ လက္ရာတိုင်းကို မနာလိုတတ်သည့်လူစားမျိုး ။

You're Not My Type ✨✨Where stories live. Discover now