*Zo...zora...၊ Zora.. *
Operation Room ထဲကထွက်လာပြီးကတည်းက ကုတင်ပေါ်မှာ ငြိမ်လျက်သားလေး ဆေးထိုးအပ်တန်းလန်းဖြင့် လှဲနေရရှာသော လူငယ်လေးထံမှ အသံသဲ့သဲ့ထွက်ပေါ်လာခြင်းဖြစ်သည်။
*အာ ၊ ဒီမှာ အကိုJu ၊ ခများသတိရလာပီလား *
* ခ... ခများက ဘယ်သူလည်း...*
* အာ ၊ ကျွန်တော်က Julio ပါ ၊ ကား Accident ကြောင့်ဆုံးသွားတယ့် Nicky ရဲ့သူငယ်ချင်းပါ....*
*ခ...ခမျာ..*
သူဆွဲပေးခဲ့သော ပန်းချီကားကြောင့် ကားတိုက်ခံလိုက်ရသည့် Nicky ....မှတ်မိပြီ ၊ သူ့သူငယ္ချင်းပဲ.....
* ထားလိုက်ပါတော့ ... ကျွန်တော် Zora ကိုဖုန်းဆက်ပေးရမလားခမျ....*
* အာ...ဟုတ် ၊ ဟုတ်ကဲ့ဗျ ၊ ဖုန်းနံပါတ်က ကျွန်တော့်ဖုန်းထဲမှာဗျ *
Julian နှိပ်ပြသော နံပါတ်များကို တစ်ခုမကျန်လိုက်နှိပ်ပြီးနောက် Zora ထံသို့ ဖုန်း၀င္သွားသည့်ဟန်ပေါ်သည်။
*ဟယ်လို ၊ Zora ပြောနေပါတယ်*
*ဟုတ်ကဲ့ Zora ... ကျွန်တော် Julio ပါ ၊ ညမ သူငယ်ချင်း သတိရလာပါပီ *
*ရှင်...ရှင်.....၊ ညမအခုပဲလာခဲ့ပါ့မယ်ရှင့်*
Julian သတိရလာပြီဟူသော ၀မ်းသာစရာသတင်းကြောင့် Zora တစ်ယောက် ကောက်ကာငင်ကာထထွက်လာမည်ကို ဖုန်းထဲမှ အသံကိုနားထောင်လိုက်ခြင်းဖြင့် Julio တစ်ယောက် သဘောပေါက်လိုက်လေတော့သည် ။
*ကျွန်တော်ဆက်ပြီးပါပီခင်ဗျ ၊ ခနနေရင် သူရောက်လာပါလိမ့်မယ် .. အကို Ju ရောသက်သာရဲ့လားခမျ *
*ဟုတ် ....ဟုတ်ကဲ့ *
ထိုစကားနှစ်ခွန်းပြောပြီးသည်နှင့် အခန်းငယ်လေးအတွင်းရှိ လူငယ်လေးနှစ်ယောက္မှာ တိတ်ဆိတ်ငြိမ်သက်လျက် အချိန်အတန်ကြာမြင့်သည်အထိ ဘာမှမပြောဖြစ်ကြချေ ။ ခနအကြာတွင်မူ........
*Ju......*
၀မ်းသာခြင်းနှင့်၀မ်းနည်းခြင်းတို့ရောပြွန်းနေသောခံစားချက်နှင့် ပြေး၀င်လာသော Zora ခမျာ မျက်လုံးကလေးများက အပြာရောင်လဲ့နေပြီး မျက်ရည်အဝိုင်းသားနှင့်
ကုတင်ပေါ်မှ Julian အား ရုတ်တရက်ပြေးဖက်လေတော့သည် ။
YOU ARE READING
You're Not My Type ✨✨
Teen Fictionဆန်းကျယ်တယ့်ဖြစ်ရပ်တစ်ခုကြောင့် အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ကြိုတင်သိမြင်နိုင်တယ့် ပန်းချီဆရာလေး Julian ..... ပျော်ပျော်နေတတ်ပြီး အနုပညာကိုဝါသနာပါတယ့် ကျောင်းထိပ်တန်းအကပညာရှင်လေး Julio.... အမှတ်မထင်ဖြစ်ပေါ်ခဲ့သော သူငယ်ချင်းသေဆုံးမှုကြော...