NB
အက်ဆစ်လိုအချစ်အပိုင်း(၁)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ရဲ့နာမည်ကြီးဟိုတယ်တစ်ခု၏ စျေးအကြီးဆုံးအထပ်ရဲ့ ပြတင်းပေါက်တစ်ခု တွင် အရပ် ၆ပေ ရှိပြီး အသားအရည်က ဖြူတာထက် ဝင်းသောအသားအရေ ရှိပြီး အဝတ်မဲ့ကျစ်လျစ်သော ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ဆိုးလ်မြို့ရဲ့ မီးရောင်စုံ အလှကို ငေးကြည့်နေသောလူတစ်ယောက်။ အားကစားလုပ်ပြီး အမောဖြေနေတာတောင် သူရဲ့ ဆံပင်တွေက ပုံမပျက် သပ်ရပ် နေသည်။ သူ့နာမည်က ထာန်ရဲ ။ မြန်မာနိုင်ငံကနေ ကိုရီးယားမှာ လာရောက် ရင်းနှီးမြ ှုပ်နှံ့လုပ်ကိုင်နေသူဖြစ်သည်။အစကတော့ သူငယ်ချင်းတွေနဲ့စုပေါင်းလုပ်ကိုင်နေရင်း ကိုရီးယားက ရတနာဆိုင်က သူ့အပိုင်ဖြစ်လာသလို ဂျပန်၊စင်္ကာပူ တို့က ရတနာဆိုင်မှာလည်း ရှယ်ယာတွေပါသေးသည်။နိုင်ငံ၃နိုင်ငံကိုလှည့်ပတ်သွားလာစီးပွားရေးလုပ်ကိုင်နေတာ မြန်မာနိုင်ငံကို ပြန်မရောက်တာ ၂နှစ်ကျော် နေပြီဖြစ်သည်။သွေးသားရင်းမောင်နှမမရှိ။မိဘတွေက မိုးကုတ်က တွင်းသူဌေးတွေဖြစ်သည်။အဖေက တွင်းသူဌေးပီပီ တရားမဝင် မိန်းမတွေ တပုံတပင်။ကံကောင်းချင်တာလားမသိတဲ့ အမေကုသိုလ်ကြောင့် အဖေက ဘယ်နောက်မိန်းမနဲ့မှ ကလေးမရသောကြောင့် အမေသည်သာလျှင် တွင်းကတော် သူဌေးကတော် သူသည်သာလျှင် တွင်းသူဌေးကြီးရဲ့ တစ်ဦးတည်းသောသားအမွေဆက်ခံ သူဖြစ်လာသည်။အဖေလည်း အသက် ၆၀ကျော်လာတော့ ခြေငြိမ်ကာ အိမ်ကပ်လာသည်။အရင်မွေရှုပ်တဲ့ ဒဏ်လေးတွေကြောင့် အရင်လို မသန်စွမ်းနိုင်တော့ပဲ အလုပ်လုပ်ရင်း အမေ့နားပြန်ကပ်လာသောကြောင့် ထာန်ရဲ ဒီလိုခြေဆန့်နေတော့တာဖြစ်သည်။
အဖေ့သားပီပီ ထာန်ရဲကလည်း မိန်းမရှုပ်သည်။သို့သော် အဖေ့လိုတော့ တရားဝင်မယူပေ။ကြိုက်လျှင်တွဲသည်။ကျေနပ်လျှင်အိပ်သည်။ လွန်လွန်ကျူးကျူးမဖြစ်အောင် အကာအကွယ်ကတော့ အပြည့်ယူထားသည်။လည်လွန်းသောသူ့ကို ကွယ်ရာ စားနေကျကြောင်ဖားကြီး အမိမခံဘူးလို့ပြောတတ်ကြသည်။အဖေ့ မိန်းမတွေကြည့်ပြီး မိန်းမဆိုတာ ယူစရာမလို ပိုက်ဆံရှိလျှင် ရသည်ဆိုသောအတွေးက ငယ်ဘဝ လူပျိုဖော်ဝင်ကတည်းက သူ့မှာ အရိုးစွဲနေသည်။ဘယ်မိန်းကလေးကိုမှလည်း တမ်းတမ်းစွဲကြိုက်ခဲ့တာမရှိပေ။တွဲသည်လိုချင် တာဝယ်ပေးသည်။ယူဖို့တော့လာမပြောနဲ့ တစ်စက္ကန့်မကြာဘူးပြတ်ဆဲပြီလို့ပြောလိုက်သည်။တွဲတဲ့မိန်းကလေးတွေကလည်း ကြုံရာ ကျပန်းမဟုတ် တကယ့်ကို အဆင့်ရှိသော အသိုင်းအဝိုင်းက မိန်းကလေးတွေဖြစ်သည်။လက်မထပ်ချင်သော သူ့ကို မိန်းကလေးတိုင်း ပြောခဲ့တဲ့စကားက “အရမ်းချစ်ပါတယ် ဒါပေမယ့်လက်မထပ်နိုင်ဘူးဆိုတော့ ကျွန်မက ရှင့်ရဲ့ ညအိပ်ဖော်တွဲဖော်အဖြစ် တစ်သက်လုံး နေပေးဖို့မဖြစ်နိုင်ဘူးလေ ကျွန်မဘဝကိုတာဝန်ယူမယ့်သူနဲ့နေရအုံးမယ်” ဆိုပြီး ထားသွားခဲ့ကြတာပဲ။သူကလည်း လွယ်လွယ်ကူကူ လက်ခံပေးခဲ့ပြီး မင်္ဂလာဧည့်ခံပွဲသွားအကောင်းဆုံးလက်ဖွဲ့ပေးခဲ့သည်။
“တီ တီ Boss ကားအဆင်သင့်ပါပဲ”
“Ok ဆင်းလာခဲ့မယ်”
သူရဲ့ နောက်လိုက်က ဖုန်းဆက်ပြောတော့ ရေချိုး အဝတ်လဲကာ ကလပ်သွားရန် ကားဆီလာခဲ့သည်။ကလပ်ကိုလာတာကလည်း ကိုယ့်စီးပွားရေးက ကျောက်မျက်ရတနာလုပ်ငန်းဆိုတော့ ဂိုဏ်းစတားတွေရဲ့ အကာအကွယ်ကို ယူထားရသောကြောင့် သူတို့ကို ပွဲလုပ်ပေးတာဖြစ်သည်။ကလပ်တွင် ပျော်မြူးသောင်းကျန်းနေသော အဖွဲ့ကို ထားခဲ့ကာ ကုန်ကျသမျှကို Bill ပို့ပေးရန် သူရဲ့ Visiting Card ပေးတော့ ပိုင်ရှင်က ခါးညွတ်ဦးညွတ်နေတော့သည်။
“ ဟေ့ကောင် မင်းပြောစမ်းပြောစမ်း “
“မလုပ်ပါနဲ့ဗျာ ကျွန်တော်ပြန်ပေးပါ့မယ် အလုပ်ကလည်းပြုတ်လာတယ် ထပ်အလုပ်ရှာတာလည်း မရသေးလို့ပါ”
“မလိုချင်ဘူး အခုမှ ငါ့ရဲ့ ဝမ်၂သန်း မရရင် မင်းလက်ကို ဖြတ်မယ်”
“တောင်းပန်ပါတယ် မလုပ်ပါနဲ့”
တောင်းပန်နေသူက အသားအရေမှာ နက်မှောင်နေပြီး အိန္ဒိယအနွယ်ဖွားဖြစ်သည်။အော်ဟစ်ခြိမ်းခြောက်နေသူက ကိုရီးယားလူမျိုး ဂိုဏ်းတစ်ခုခုကဖြစ်မည်။
“အဲ့ဒီသောင်းကျန်းနေတဲ့သူနဲ့ စကားပြောချင်တယ်အဆင်ပြေလား”
“ရပါတယ်သူဌေး”
မန်နေဂျာကဘေးနားကပ်ကာ သွားပြောတော့ လူမိုက်လိုလိုလူက လှမ်းကြည့်ပြီး သူ့ဆီလှမ်းလာသည်။
“ ဘာပြောချင်တာလဲ”
“သူယူထားတဲ့ ပိုက်ဆံကဘယ်လောက်လဲ”
“ဝမ်၂သန်း “
“ကောင်းပြီး ငါအခု မင်းကို ဝမ်၂သန်းခွဲပေးမယ်ဆို အဲ့ဒီလူရောသူနဲ့ပတ်သက်တဲ့ စာချုပ်တွေပါငါ့ပေးမလား”
“ဟ ရတာပေါ့ ဟေ့ကောင်တွေ အဲ့ဒီအသားမဲကောင်ကိုခေါ်ခဲ့စမ်း”
ထာန်ရဲ ချက်တစ်စောင်ကောက်ရေးလိုက်သည်။
“ ဟေ့ကောင် Jame ဒီမှာ မင်းကိုသူဝယ်လိုက်ပြီ မင်းရှုပ်ထားတာ မင်းဆက်ရှင်းတော့ ဒါမင်းရဲ့ငွေချေးစာချုပ်တွေရော့ နောက်ငွေလိုလည်းလာချေးပေါ့ကွာဟားဟားးးး”
လူမိုက်လိုလူက ချက်လက်မှတ်ကိုယူကာ ရယ်မောပြီးသူ့အုပ်စုနဲ့သူထွက်သွားသည်။ Jame ဆိုတဲ့သူက ထာန်ရဲကို သေချာ စိုက်ကြည့် နေသည်။
“မင်းငါ့ကို စိုက်ကြည့်မနေနဲ့ မင်းနဲ့ငါ အခုမှတွေ့ဖူးတာ မင်းကို သနားလို့ကယ်လိုက်တာ ကုသိုလ်လုပ်တာပဲ မင်းနဲ့ငါရေစက်ပါလို့ပေါ့”
“သခင်”
“ဘာ”
“ဟုတ်ပါတယ် ကျွန်တော်ရဲ့ အသက်သခင်မလို့ပါ”
“မလိုဘူးရော့ မင်းစာချုပ်တွေမှန်လား”
“မှန်ပါတယ်”
“မှန်တယ်ဆို ဖြဲလိုက်ပြီ ကောင်းကောင်းနေ ပိုက်ဆံလျှောက်မချေးနဲ့ အတိုးနဲ့တင် မင်းတစ်ကိုယ်လုံးအပိုင်းပိုင်းဖြစ်သွားမယ်”
ထာန်ရဲ စာချုပ်တွေဖြဲပစ်ကာ Club ထဲမှ ထွက်လာခဲ့လိုက်သည်။
“Boss ယူနာရောက်နေတယ်”
“ငါဒီနေ့မတွေ့ချင်ဘူး သက်မင်း”
ထာန်ရဲ အပြောကြောင့် သူ့အတွင်းရေးမှူး သက်မင်း တစ်ဖက်လှည့်ကာ ဖုန်းပြောလိုက်သည်။ညတိုင်းမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သူရဲ့အင်အားတွေ အကုန်ခံလို့ဘယ်ဖြစ်မလဲ။ထာန်ရဲဆိုတာ ပွေတယ်ရှုပ်တယ်ဒါပေမယ့် စည်းစနစ်တော့ရှိတယ်။
ဟိုတယ်ပြန်ရောက်တော့ ညစာ မစားတော့ဘဲ အသီးတချို့စားပြီး လုပ်ငန်းတွေကို စစ်နေလိုက်သည်။Mail ဝင်လာသည်။ ဘန်ကောက်က ရတနာဆိုင်ကို သွားရောက်စစ်ဆေးရန်ဖြစ်သည်။နိုင်ငံခြားရောက်နေတဲ့ ကိုယ်ကပဲ နိုင်ငံတကာသွားလုပ်နေရသည်။ မြန်မာပြည်ကမခွာနိုင်တဲ့ မိန်းမနားကပ်နေတဲ့ မဟာခေါင်နဲ့ Over Sea ဆို အပျော်သာသွားချင်တဲ့ မာန်သတို့ကို အသံတိတ်ဆဲပြီး သက်မင်းဆီ Mail လွှတ်လိုက်သည်။ နောက်တနာရီနေတော့ မနက်ဖြန် မနက် ၉နာရီ လေယာဉ်နဲ့ဘန်ကောက်လေယာဉ်လက်မှတ် ပြန် ပို့ပေးလာသည်။အဝတ်အစားသေတ္တာပါ မနက်ကျယူလာမည်ဟု ပါသောကြောင့် သက်မင်းက ဒါမျိုးဆို စိတ်ချရသည်။သက်မင်းက ကာယနဲ့တော့ အားကိုးဖို့စိတ်မကူးနဲ့သူ့ဘာသာသူတောင် တလတခါ ဆေးခန်းပြေးနေရတဲ့ ကျန်းမာရေးပိုင်ရှင်ဖြစ်ပေသည်။
ဒါတောင် မိန်းမယူချင်သေးသည်။ထာန်ရဲနဲ့အဆင်မပြေတိုင်း မိန်းမယူဖို့အလုပ်ထွက်မယ်လာပြောသည်။ထာန်ရဲ့ကလည်းရှင်းသည်။ မင်းမိန်းမယူပြီးရင်ထွက်လေ ပဲပြောလိုက်သည်။မျက်နှာကြီးစူပုပ်သွားသည်။အခန်းထဲက နေဆောင့်အောင့် ထွက်သွားသည်။
ဘန်ကောက်မှာ တစ်ပတ်လောက်အလုပ်တွေလုပ် အစည်းအဝေးတွေတက်ပြီး ပြန်လာရတာ ပင်ပန်းနေသောကြောင့် ၂ရက်လောက် အနားယူသည့် အနေဖြင့် ဟိုတယ်ထဲမှာ နေပြီး ညရောက်မှ Club သွားရန် ကားဆီထွက်လာခဲ့သည်။
“သခင် သခင်”
“ဟေ့လူ မဝင်ရဘူး”
အသံတွေကြောင့် လှည့်ကြည့်လိုက်တော့ ဟိုလူမဲပါလား။ထာန်ရဲ လက်ပြလိုက်တော့ အစောင့်က ရပ်သွားသည်။ ထိုလူက ထာန်ရဲဆီအပြေးလာသည်။သက်မင်းကဘာလဲဆိုသောအကြည့်ဖြင့်ကြည့်နေသည်။
“သခင် သခင်”
“ဘာဖြစ်ပြန်ပြီလဲ ပိုက်ဆံချေးပြန်ပြီလား”
“မဟုတ်ပါဘူးသခင် ကျွန်တော် စက်ရုံမှာ အလုပ်ရနေပါပြီ”
“ဒါဆို အဆင်ပြေပြီပဲ “
“သခင့်ကို ပြောပြချင်တာလေးရှိလို့ပါ”
“ဘာလဲ”
“သခင့်ကို ဘန်ကောက်ကနေ လုပ်ကြံဖို့လူလွှတ်လိုက်ပါတယ်သခင် ဒီည သခင် လာမယ့် Club မှာ လာစောင့်နေကြတယ် သခင် မသွားပါနဲ့”
“ငါက ဘာလို့မင်းကိုယုံရမှာလဲ”
“သခင်က ကျွန်တော့်အသက်သခင်ကျေးဇူးရှင်ပါ သခင်မယုံလို့သွားမယ်ဆိုလည်းမတားပါဘူး ဒါပေမယ့် ကျွန်တော့် ကို ဘေးကနေတော့ လိုက်ကာကွယ်ခွင့်ပေးပါသခင်”
“သက်မင်း လက်ဝါးတို့ကို ဖုန်းဆက်အကျိုးအကြောင်းပြောထားလိုက် လာခဲ့လို့ မင်းလိုက်စရာမလိုဘူးနေခဲ့လိုက်”
“သခင်”
“သွားတော့”
ထာန်ရဲ အသံမာမာကြောင့် မျက်နှာညှိုးစွာကျန်ခဲ့သည်။ ထာန်ရဲ Club ထဲ ဝင်လာတော့ မန်နေဂျာ မျက်နှာပျက်သွားသည်။ ဒါဆို ဟိုကောင်ပြောတာမှန်နေတာပေါ့။
မလှမ်းမကမ်းတွင် လက်ဝါးက သူ့လူ၁၀ယောက်လောက်လွှတ်ပေးထားသည်။ဟိုကောင်တွေက ဘယ်နှယောက်လဲ မသိရ၍ သက်မင်းကို ပြန်လွှတ်လိုက်သည်။ အရေးအကြောင်းဆို သူ့ကို ပြန်မကယ်နိုင်ပေ။
“မင်းက ထာန်ရဲဆိုတဲ့ကောင်လား”
“မင်းကဘယ်သူကိုက်ခိုင်းလိုက်တဲ့ခွေးလဲ”
“ဘာ ဝုန်း “
တစ်ဘက်က ထာန်ရဲဆီပြေးလာတော့ လက်ဝါးတပည့်တစ်ယောက်က ပြေးလာကန်သည်။Club တစ်ခုလည်း ဝုန်းဒိုင်းကြဲသွားတော့ သည်။ အင်အားတော်တော်များသည်။ထာန်ရဲပါဝင်ချရသည်။
“ သခင်”
“ အင့်”
“ဟာ” နောက်မှ တစ်ယောက်က ဓါးနဲ့လာထိုးတာကို မမြင်လိုက်ပေ။ Jame က ဝင်ကာလိုက်သဖြင့် လက်မောင်းထိသွားသည်။
“သခင် ထွက်ရအောင်လာပါ သူတို့တွေက လူ၅၀လောက်ရှိတယ် မန်နေဂျာလည်း ရဲခေါ်ထားတယ်”
Jame ဦးဆောင်ရာနောက်ဘက်သို့ရောက်လာသည်။သက်မင်းကားနဲ့အဆင်သင့်စောင့်နေသည်။
“သခင်သွားတော့”
“မင်းလိုက်ခဲ့”
“ဗျာ”
“ကားပေါ်တက်”
Jame ကို ဆေးခန်းဝင်ပြခိုင်းပြီး ဟိုတယ်ကိုပြန်လာခဲ့သည်။ သက်မင်းစီစဉ်ပေးထားသောညစာကို စားရင်း Jame ကို စောင့်နေလိုက်သည်။
“သခင် “
“မင်း စက်ရုံမှာလုပ်တာ တလ ဘယ်လောက်ရလဲ”
“ဝမ် ၅သိန်းလောက်ရပါတယ်”
“ကောင်းပြီ ငါတလကို ဝမ် ၁၀သိန်း ပေးမယ် ငါ့ဆီမှာ ကိုယ်ရံတော်လာလုပ်ပေး အခုမဟုတ်သေးဘူး ဒဏ်ရာသက်သာမှ လက်ဝါးတို့အဖွဲ့က အလုပ်များပုံရတယ် လူတောင်လုံလောက်အောင်မလွှတ်ပေးဘူး ပေးရတာနဲ့မတန်ဘူးသက်မင်း”
“ဟုတ်တယ် ကျွန်တော် အခုပဲပြောတော့ တောင်းပန်နေတာBoss”
“ထားလိုက်တော့ ငါတို့ အဖွဲ့တစ်ခု ထားရမယ် “
“ဟုတ်ကဲ့ သဘောတူတယ် Boss”
“Jame ဒီညဒီမှာပဲနေခိုင်းလိုက် သူ့အတွက်လည်းအန္တရာယ်ရှိတယ် “
သက်မင်းက Jame အတွက် အခန်းစီစဉ်ခိုင်းပြီး နေခိုင်းသည်။နောက်တစ်နေ့တွင် ထာန်ရဲတစ်ယောက် Jame ကိုပါခေါ်၍ ဘူဆန်ကို ထွက်လာခဲ့သည်။ဘူဆန်မှ Jame အဆက်အသွယ်ဖြင့် ဂိုဏ်းစတားတချို့အကူအညီယူကာ လက်ရဲဇက်ရဲ ရှိသော လူ၃၀လောက် ကို Soul ကိုခေါ်လာခဲ့သည်။သူတို့အတွက်နေရာထိုင်ခင်းကို သက်မင်းက အားလုံးစီစဉ်ပြီးဖြစ်သည်။
ထာန်ရဲကတော့ ဟိုတယ်အထူးခန်းတွင်နေနေဆဲဖြစ်ပြီး သက်မင်းက သူတို့ဝယ်ထားသော ၆ဧကလောက်ကျယ်သော ခြံဝန်းကြီးထဲမှ ထာန်ရဲ ၏ အိမ်တော်ကြီးကို သေချာ ပြုပြင်ပြီး အလုပ်သမား၃၀နှင့် လုံခြုံရေးအတွက် သေချာလုပ်နေသည်။ဒီခြံကြီးကို စျေးပေါပေါနဲ့ ရလိုက်တာဖြစ်သည်။ခြံပိုင်ရှင်က ဘာတွေ တရားရ ဓါတ်ပေါက်သွားသည်မသိပါ။ထာန်ရဲကို စျေးပေါပေါနဲ့ပေးသည်။လစဉ်သူထောက်ပံ့ ခိုင်းသော မိဘမဲ့ကျောင်း၅ကျောင်းကို သူထောက်ပံ့နေကြအတိုင်းထောက်ပံ့ပေးရန် စာချုပ်ချုပ်ပြီး တရားကျင့်ကြံမယ်ဆိုကာ အိန္ဒိယဘက်ကို ထွက်သွားသည်။ငါ့နိုင်ငံက လောဘသူဌေးတွေလာဝယ်တာကို မရောင်းချင်လို့ မရောင်းခဲ့တာ မင်းကိုကျတော့ ဘာကိစ္စရောင်းချင်မှန်း မသိဘူးရောင်းချင်လာတယ်လို့ပြောပြီး ရောင်းခဲ့သည်။
“ငါတစ်ခုတော့ မှာခဲ့ချင်တယ် မင်းဘဝမှာ သူများကို ကူညီနိုင်လိမ့်မယ် ဒီခြံထဲမှာ မင်းနေသရွေ့ မိန်းကလေးတွေကိုအနိုင်မကျင့်ပါနဲ့ မင်းအနိုင်ကျင့်ခဲ့ရင် မင်းဘဝအတွက် အမြဲတမ်းပူဆွေးဝမ်းနည်းနေရလိမ့်မယ်”
ဆိုသော ခပ်ကြောင်ကြောင်အမှာစကား တစ်ခွန်းကို ပြောခဲ့သည်။ သက်မင်းကတော့ အသေမှတ်ထားပြီး မျက်နှာပျက်နေသည်။
“သခင် “
“ဘာလဲ Jame”
“သခင်အတွက် လူတစ်ယောက်ထပ်ခေါ်လို့ရအုံးမလား”
“ဘယ်ကလဲ”
“ကျွန်တော့်ညီ အဲ ဘယ်လို ပြောရမလဲ ညီလားမသိ ညီမလားမသိတဲ့ တစ်ယောက်ပါ သခင် ခြေမြန်လက်မြန်တာကတော့ မေးစရာမလိုပါဘူး”
“အဆင်မပြေလို့လား”
“ကျွန်တော် ဒီပြောင်းလာတော့ သူက စက်ရုံမှာ ကျန်ခဲ့တာ ကြာရင်ဒီကောင်စိတ်နဲ့ ထောင်ကျနိုင်လို့ပါ”
“ခေါ်လိုက်လေ”
သက်မင်းကတော့ မျက်စောင်းတထိုးထိုးနဲ့ ကယ်ဆယ်ရေးစခန်းဖွင့်နေတယ်ဆိုပြီး ပွစိထိုးနေတော့သည်။ ထာန်ရဲ ကိုရီးယားကို စရောက်တော့ ရတနာဆိုင် ကိုလာဦးစီးပေမယ့် ကိုရီးယားမှာ တခြားလုပ်ကွက်တွေကိုလေ့လာချင်သောကြောင့်အလတ်စားကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သည်။ထိုကုမ္ပဏီတွင် သက်မင်းနဲ့စတွေ့ခဲ့သည်။သက်မင်းမှာကုမ္ပဏီတွင် လုပ်သက်ကြာ အလုပ်သဘော တရား တွေကျွမ်းကျင်သော်လည်းရာထူးမတိုးလစာမတိုးနဲ့ အားလုံးခိုင်းဖတ်အဖြစ်နဲ့သာ နေရသည်။ ခွဲခြားခံရသည့်အကြောင်းအရင်း ကတော့ သက်မင်းက ဟိုမရောက်ဒီမရောက် တောင်မခြောက် မြောက်မခြောက်ဖြစ်နေလို့ဖြစ်သည်။ယောင်္ကျားပီပီ အကြမ်းမခံနိုင်တော့ အထင် သေးကာ နှိမ်ချနေကြခြင်းဖြစ်သည်။ထာန်ရဲက သူ့ရဲ့ ရုံးတွင်းအတွင်းရေးမှူးအဖြစ်ခန့်အပ်လိုက်တော့ အားလုံးအံ့သြသင့် ကုန်ကြသည်။ သက်မင်းက ရုံးပိုင်းဆိုင်ရာ ဘာဖြစ်ချင်တယ် တခွန်းပဲပြောလိုက် တနာရီအတွင်း ရစေရမည်။မကောင်းတာက ထာန်ရဲ တခြားသူတွေကို ကြည့်ရှုရင် ပွစိထိုးနေတတ်ပြီး သူ့ကိုဆူပြီဆိုလျှင် နှုတ်ခမ်းကြီးတဆူဆူနဲ့ဖြစ်နေတာကလွဲရင် အကုန်အဆင်ပြေ သည်။ ပတ်ဝန်းကျင် ဆန့်သည်။LGBT အသိုင်းအဝိုင်း၊၊သငယ်အသိုင်းအဝိုင်း၊အလှဖန်တီးသူ ဒီဇိုင်းနာ အသိုင်းအဝိုင်းစုံစွာ သူသိသည်။ ဘယ်ဌာနက ဘယ်သူ့ ကိုကပ်ပြီး ဘာလုပ်နိုင်သည်။ဘယ်အဖွဲ့က ဘယ်ဌာနနဲ့ ပေါင်းလုပ်နေတာစသဖြင့် သတင်းစုံသူ့မှာ ရှိသည်။ ဘာသိသိ မသိဘူးလေ စကားက ပါးစပ်ကမချ။ပြီးလျှင်တော့ သူ့ဘာသာသူ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ရှင်းသွားတတ်တဲ့ ကုပ်ကမြင်းမလို့ ထာန်ရဲက ထောပနာပြုထားသည်။Jameရောက်လာတာကို သိပ်မကြည်သော်လည်း သူ Club သွားနန့်လျှင် Jame က ဖုန်းလှမ်းပြောထားတာနဲ့ အန္တာရာယ်ကင်းနေလို့ Jame နဲ့ အဆင်ပြေသွားသည်။Jame ဆိုတာက သူ့သခင်ကို ကာကွယ်ဖို့ကလွဲရင် ဘာမှ ဂရုမစိုက်လို့ သက်မင်းရဲ့ ရစ်နေ စွာနေတာတွေကို ရန်မဖြစ်ကြတာဖြစ်ပေသည်။Jame ရဲ့ညီမ Lesbian ရောက်လာလျှင်လည်း ဘာပြသနာရှာ အုံးမည်မသိပေ။သက်မင်းက ဆိုးဆိုးဝါးဝါး ပြသနာ ရှာတာမဟုတ်သော်လည်း Ear Fucking လုပ်လွန်းသောကြောင့် သည်းမခံနိုင်သူ တွေနဲ့ပြသနာတက်မှာပဲစိုးရိမ်ရခြင်းဖြစ်သည်။
“သခင် သူက ဂျားမားဂျစ်ပါ”
“Jason ပါ”
“ ဘာ ဂျစ်မားဂစ်”
“ဟေ့ကောင်”
“Jason ဒါက သခင်ရဲ့ အတွင်းရေးမှူး”
Jame ရဲ့ ဟန့်တားမှုကြောင့် သက်မင်းပိုမြောက်ကြွသွားသည်။
“ကဲ အားလုံးအဆင်ပြေအောင်နေကြ သက်မင်း သူ့နာမည် Jason မှတ်ထား မင်းလိုအပ်တာတွေ သင်ပေးရမှာ”
“ဟုတ်”
“သူ့ကိုနေရာစီစဉ်ပေးလိုက်”
“Jame နင်နဲ့ တခန်းတည်းနေလိုက်”
“ဟာ သီးသန့်နေချင်တာ”
“အခုမှ အလုပ်သမားတန်းလျား ဆောက်ပြီးတာ သီးသန့်နေချင်ရင် တဲထိုးနေ လျှာမရှည်နဲ့ နင့်အကိုနဲ့ တခန်းတည်းနေရတာ ကံကောင်းတယ် မှတ် ကျန်တဲ့သူတွေကို Hall ခန်းထဲမှာ နေရာချပေးထားတာ ဟွန်း”
ထာန်ရဲ ချဲ့ထွင်ရမယ့် လုပ်ငန်းစဉ်တွေကို စဉ်းစားကာအစီအစဉ်ဆွဲနေလိုက်သည်။
“ Boss ယွန်းနာက ဒီညလာခဲ့မယ်တဲ့ “
“ Hotel ကို လာခိုင်းလိုက်”
သက်မင်းတစ်ယောက် ဖုန်းနဲ့တွတ်တွတ်ထိုးနေတော့သည်။
“သက်မင်း”
“Boss”
“ဒီစံအိမ်ကို ဘယ်သူ့ကိုမှ မပြောနဲ့ကြားလား”
“ပြောစရာလား Hotel က အထပ်များတယ် Boss ဟာမတွေကို ပတ်ပြေးလို့ရတယ် ဒီမှာ ဆို ခြံထဲပတ်ပြေးနေရမှာ မောမှာ မပြောဘူးစိတ်ချ”
ထာန်ရဲက တွဲသမျှ ဘယ်မိန်းမကိုမှ ဖုန်းနံပါတ်မပေးပေ။သက်မင်းဖုန်းနံပါတ်ပဲ ပေးထား၍ သက်မင်းမှာ ဒိုင်ခံရှင်းနေရတော့သည်။ သက်မင်းကိုရီးယားရောက်တာ ၁၀နှစ်ကျော်ပြီ လစာကောင်းနေရာကောင်းလူလိုသူလို ဆက်ဆံတာမခံခဲ့ရပဲ ထာန်ရဲ နဲ့ တွေ့မှသာ လစာ ရာထူး နေရာပေးမှုဆိုတာ ဘဝမှာ အခုမှ ရခဲ့တာမို့ ထာန်ရဲအတွက်ဆို သက်မင်းက အရှေ့ဆုံးက ကာကွယ်ပေးထားပြီးသားဖြစ်သည်။ ပြောဆိုဆက်ဆံပုံကသာ မလေးစားသလိုနဲ့ ထာန်ရဲကို လေနဲ့တောင်လာမထိနဲ့ သက်မင်းက လူဌားရှင်းပြီးသားဖြစ်သည်။
“ ငါ Club သွားမယ် Jame နဲ့ Jason လိုက်ခဲ့ သက်မင်း”
“မလိုက်ဘူး ကိုယ့်ဘာသာကိုယ်သွားကြ ယွန်းနာက Hotel မှာစောင့်နေမှာနော် Club က တွေ့တဲ့တစ်ယောက် ဆွဲခေါ်သွားမနေနဲ့အုံး”
ကားပေါ်တက်သွားတဲ့ အထိ သက်မင်းပွစိထိုးပြောနေ၍ Jason က ဘုရှိုးတော့သည်။
“ Jame ဒီ Center ကအသစ်လား”
“ဟုတ်တယ်သခင် Soul Dragon Group ကပိုင်တာ”
“သူတို့က အဖြူလားအမဲလား”
“ အနက်ဘက်များတဲ့ မီးခိုးရင့် သခင်”
“ဝင်ကြည့်ရအောင်”
ထာန်ရဲ့ Shopping Center ထဲသို့ ဝင်ကြည့်လိုက်သည်။Brand တွေ တင်ထားတာပဲလို့ ရေရွတ်လိုက်သည်။ Shopping Center ထဲတွင် လျှောက်ကြည့်ပြီး Toilet ဝင်ချင်လာသောကြောင့် ဝင်လိုက်သည်။
“ ချစ်တကယ်လွမ်းတာ လာချင်တာပေါ့ ကိုရယ်”
“ဟင့်အင်း ကို မလာခဲ့နဲ့ ချစ် အခြေအနေပေးရင် ကို့ဆီ ရောက်အောင်လာခဲ့မယ်နော် “
“ချစ်ကို ယုံတယ်မလား ချစ်တို့တခါတည်း ထွက်ပြေးကြမယ်လေနော်”
ယောင်္ကျားအိမ်သာထဲမှာ မိန်းမသံနဲ့ ဖုန်းပြောနေသည်။ပြောတာကလည်း ဂျပန်စကားဖြစ်သည်။ဘယ်ဂျပန်အခြောက်မက အိမ်သာထဲ ဝင်ကာ သူ့သငယ်နဲ့ အလွမ်းသယ်နေတာလဲဟုတွေးရင်း ဘောင်းဘီဇစ်ဖြုတ်ကာ ဖြေရှင်းလိုက်သည်။
“ကျွီ”
“ဟာာ”
အိမ်သာထဲက ထွက်လာတာ မိန်းမတစ်ယောက်
“ ဟယ် “
သူမလည်းလန့်သွားပြီး မျက်နှာနီရဲကာ အတင်းပြေးထွက်သွားသည်။ ချစ်ဖို့ကောင်းလိုက်တဲ့ကောင်မလေး ကြည့်စမ်း ဘဲနဲ့ ဖုန်းပြောတာ ကို ယောင်္ကျားလေးအိမ်သာထဲမှာ လာပြောရတယ်လို့ ကိုရီးယားမလေးတော့မဟုတ်ပေ။အသားလေးက ဝင်းဝါက လှပသည်။ အရပ်ကလည်းတော်တော်ပုသည်။အများဆုံးရှိမှ ၅ပေ ၂ လက်မလောက်သာရှိမည်။ အထူးခြားဆုံးက ဝိုင်းစက်ပြီး ရွှန်းလဲ့နေသာ မျက်ဝန်းနဲ့ အသဲယားစွာ နှုတ်ခမ်းထော်ထော်လေးဖြစ်သည်။ထာန်ရဲ Toilet ထဲက ထွက်လာချင်း သူမလေးကို ရှာမိသေးသည်။ ခဏလေး တောင် အရိပ်အယောင်မတွေ့ရပေ။မြန်လိုက်တာလို့တွေးလိုက်သည်။
လဝန်းစင်သန့်ရှင်းရေး စတိုခန်းထဲမှ နေ၍ အိမ်သာထဲမှ ထွက်လာသော သူကို ချောင်းကြည့်နေမိသည်။ ပါးပါးကြီးရဲ့လူလား။မဟုတ် လောက်ဘူးထင်တယ်။ဒီကလူတွေ ပုံစံမျိုးမဟုတ်ပေ။အာရှတိုက်သားဆိုပေမယ့် သူက ကိုရီးယားကပုံစံမဟုတ်ပေ။ဒီအချိန်က Center ပိတ်ချိန် ကျားအိမ်သာက လူရှင်းနေတတ်သဖြင့် လဝန်းစင်ချစ်သူဖြစ်သူ တီဂါမို နဲ့ စကားလာပြောခြင်းဖြစ်သည်။ တီဂါမိုနဲ့ ချစ်သူ ဖြစ်တာ ၂နှစ်ကျော်မှာ တစ်ယောက်နဲ့တစ်ယောက် တနာရီပြည့်အောင် အလွမ်းပြေဖုန်းပြောရတယ်ဆိုတာမရှိပေ။အပြင်မှာတွေ့ဖို့ဆိုတာ ကတော့ ဝေးသည်။ချစ်သူဖြစ်စ မုန့်ဆိုင်လေးထိုင်တာ ၅ခါလောက်နဲ့ Club တစ်ခါလောက်သာ အတူတူသွားဖူးကြသည်။ပါးပါးကြီး သိသွားပြီး သောင်းကျန်းက တီဂါမို ကို သတ်မည်လုပ်သဖြင့် ညတွင်းချင်း တီဂါမို ကို ကိုကိုငယ်အကူအညီဖြင့် ဂျပန်ကို ပြန်ပို့လိုက်ရ သည်။ကိုကိုငယ်ကလည်း တခါတည်းပဲ ကူညီမည်။နောက်ဆို လုံးဝမကူညီဘူးကြိမ်းမောင်းထားသဖြင့် ချစ်သူနှစ်ယောက် မတွေ့ရသည် မှာကြာလှပြီဖြစ်သည်။ Center ပိတ်တော့မည်ဖြစ်ကြောင်းကြော်ညာသံထွက်လာတော့မှ လဝန်းငယ် ပုန်းအောင်းနေရာမှ ထွက်လာပြီး ရုံးခန်းထဲသို့ ဝင်လာလိုက်သည်။
“ကြာလိုက်တာ သခင်မလေးရယ် “
“အိမ်သာသွားတာပဲ အချိန်သတ်မှတ်သွားရမှာလား”
အထိန်းတော် ဂူအစ်မကြီးကို လဝန်းငယ်ဘုတောလိုက်သည်။
“ညစာကို ဘယ်မှာစားမှာလဲ သခင်မလေး အိမ်တော်မှာပြင်ခိုင်းထားလိုက်ရမလား”
“မစ္စဂူ မပြန်သေးဘူးလား”
“ကျွန်မအလုပ်က သခင်မလေး အိပ်ရာထဲဝင်အိပ်မှ ပြီးမှာလေ”
“ကဲ လဝန်း ဒီမှာအိပ်ပြီသွားတော့”
လဝန်းငယ်စိတ်ပေါက်ပေါက်နဲ့ စားပွဲပေါ်ခေါင်းမှောက်ချအိပ်ပြလိုက်သည်။ မစ္စဂူက အပြုံးမပျက် ပဲ ကြည့်နေသည်။
လဝန်း ဖုန်းနဲ့ အိတ်ကိုင်ကာထရပ်လိုက်သည်။မစ္စဂူက ကျန်တာတွေ လက်ထဲမှာအသင့်ကိုင်ထားပြီးဖြစ်သည်။ မစ္စဂူကိုသနား၍ လဝန်း အိမ်တော်ကို ပြန်လာခဲ့ခြင်းဖြစ်သည်။
“ ပြန်လာပါပြီ “
“Baby Girl”
“ပါးပါးကြီး “
ဧည့်ခန်းတွင်ထိုင်ကာ စကားပြောရင်း သူမပြန်လာချိန်ကိုစောင့်နေမှန်းသိသာသော ပါးပါးကြီးနဲ့မားမားကြီးကြောင့် လဝန်းစင်မျက်နှာ အနေအထားပြင်လိုက်သည်။ဖေဖေပါရောက်နေသည်။
“ ဖေဖေ နေကောင်းတယ်နော်”
“ကောင်းတယ်သမီး”
“baby girl Center မှာအလုပ်လုပ်ရတာ ပင်ပန်းလား”
“မပင်ပန်းပါဘူးပါးပါးကြီး”
“မားမားကြီးကတော့ ဘေဘီကို မလုပ်စေချင်ဘူး အိမ်ပြန်နောက်ကျတယ် အကို”
“ ကို စီစဉ်ထားပါတယ် HY Jewellery နဲ့ ဆက်သွယ်ချိတ်ဆက်ပြီးရင် ဘေဘီကို အဲ့ဒီမှာပဲထားမယ်”
“ံHY ဆိုတာ မြန်မာနိုင်ငံက လာဖွင့်ထားတာမလား”
“ဟုတ်တယ် အဲ့ဒီသူဌေးက အခု ခြေလှမ်းတွေ အရမ်းသွက်လာတယ်ကြားလို့ မိတ်ဖွဲ့မယ်ယောက်ဖ”
ပါးပါးကြီးတို့ရဲ့ စီးပွားရေးအစီအစဉ်တွေ နားမထောင်ချင်တော့၍ မစ္စဂူရဲ့ မစားမနေရ ညစာကို နည်းနည်းမြည်းပေးရန် ထမင်းစားခန်းထဲ ဝင်လာလိုက်သည်။
“ သခင်မလေး ဒီမှာ ခေါက်ဆွဲအေးလေးလုပ်ပေးထားပါတယ်” လဝန်းငယ်မျက်နှာလေး ပြုံးသွားသည်။
စားသောက်ပြီးတော့ ဧည့်ခန်းမှာ ကိုကိုကြီးနဲ့ ကိုကိုငယ်ပါ ရောက်လာပြီဖြစ်သောကြောင့်စကားဝိုင်းရှောင်ရန် အနောက်လှေကားမှ အိပ်ခန်းရှိရာအပေါ်ထပ်သို့လဝန်းငယ်တက်လာခဲ့သည်။ ရေချိုးပြီး ထွက်လာတော့ မစ္စဂူက ညဝတ်အင်္ကျီ အဆင်သင့်ထုတ်ပေးထား သည်။
“ Good Night မစ္စဂူ”
မစ္စဂူ မီးပိတ် တံခါးပိတ်ကာ ထွက်သွားသည်။ Good Night မလုပ်မချင်း မစ္စဂူ အခန်းထဲက ထွက်မှာမဟုတ်ပေ။ လဝန်းစင် ကုတင် အံဝှက်က ဖုန်းလေးကို ထုတ်လိုက်ပြီး တီဂါမိုနဲ့ Video Call ပြောရင်းအလွမ်းသယ်နေမိသည်။ သိပ်ချစ်တယ် သိပ်လွမ်းတယ် ချစ်သူရယ်။
လူသားချင်းချစ်ကြိုက်ကြတဲ့ ကိစ္စမှာ လူမျိုး၊အသားအရောင်၊ဘာသာ၊အဆင့်အတန်းတွေ လိုအပ်နေလို့လား။တစ်ယောက်နဲ့တစ်ယောက် ရိုးမြေကျ သစ္စာရှိရှိချစ်ကြပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်နားလည်နေကြဖို့က အဓိကမဟုတ်ဘူးလား။တီဂါမိုက ဆရာဝန် တစ်ယောက်ပါ ဆရာဝန်တောင်မှ ဝင်ငွေကောင်းသော အထူးကုအဆင့်ရှိသော ဆရာဝန်တစ်ယောက်ပါ။ပါးပါးကြီးက ဂျပန်လူမျိုးဖြစ်နေ သောအချက်တစ်ချက်တည်းနဲ့ပဲ တူးတူးခါးခါး မုန်းတီးကာသဘောမတူပေ။ပါးပါးကြီးက ကိုရီးယား လူမျိုးဖြစ်တော့ ဂျပန်လူမျိုးကို ဗမာတွေ မုန်းတာထက် တူးတူးခါးခါးမုန်းတီးသည်။သူ့ရဲ့ မွေးစားသမီး လဝန်းစင်က ဂျပန်လူမျိုးနဲ့ချစ်ကြိုက်နေသည်ဆိုတာကို သိသော နေ့က ပါးပါးကြီး ဆေးရုံရောက်သွားရသည်။ပါးပါးကြီးဘဝမှာ ဆေးရုံဆေးခန်းသွားရတယ်ဆိုတာမရှိခဲ့သောကြောင့် လဝန်းစင်ကြောင့် အခုလိုဖြစ်ရသည်ဆိုကာ ဖေဖေသည် ချက်ချင်းပြန်ရောက်လာပြီး လဝန်းစင်ကို ဆူပူကြိမ်းမောင်းတော့သည်။လဝန်းဆိုတာ အသက် ၃နှစ် အရွယ် လောက်ကစပြီး အားလုံးရဲ့ဖူးဖူးမှုတ် အလေးပေးအချစ်ခံရပြီး ဆူပူရိုက်နှက်ဖို့မပြောနဲ့ မျက်နှာထားတင်းတင်းနဲ့ တောင် အကြည့်မခံခဲ့ရတဲ့ မိန်းကလေးပါ။ပါးပါးကြီးရဲ့အလိုကျ တီဂါမိုနဲ့ အဆက်အသွယ်တနှစ်လောက်မလုပ်ပဲနေခဲ့သည်။လွန်ခဲ့တဲ့ ၆လ က ဟောင်ကောင်ကို အလုပ်ကိစ္စနဲ့သွားရင်း တီဂါမိုနဲ့ Shopping Center တစ်ခုတွင် ပြန်လည်ဆုံတွေ့ခဲ့သည်။အေးဆေးသော တီဂါမို မှာ အခုချိန်ထိ လဝန်းကိုပဲ စောင့်နေဆဲဖြစ်သောကြောင့် လဝန်းတစ်ယောက် အချစ်ဦးတီဂါမိုနဲ့ ပြန်လည်ဆက်သွယ်ပြီး ချစ်သူတွေ ပြန်ဖြစ်လာကြသည်။နောက်၂လလောက်ကျရင် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ တီဂါမို သွားဖို့ရှိသည်။ လဝန်းငယ်လည်း ဘန်ကောက် ကို ရအောင် လာခဲ့ဖို့ ပြောသည်။ မြန်မာနိုင်ငံက ဆေးရုံတစ်ရုံက တီဂါမိုကို ကမ်းလှမ်းထားသောကြောင့်နှစ်ယောက်သား မြန်မာနိုင်ငံ မှာဖြစ်ဖြစ်သွားနေကြမည်ဟု တီဂါမို က ပြောသည်။ အခုတော့ ပါးပါးကြီးတို့ ယုံကြည်အောင် လဝန်းငယ် လိမ္မာနေပြရသည်။ ကိုကိုကြီး ကိုတော့ သတိထားရသည်။ သူက လက်အောက်ငယ်သားများပြီး ပါးနပ်လွန်းသည်။ကိုကိုငယ်က အေးဆေးပြီး သူစိတ်ဝင်စားတာကိုပဲ အာရုံစိုက်ပြီး လဝန်း စိတ်ချမ်းသာတာကိုလည်း လိုက်လျောပေးတတ်သူဖြစ်သည်။လဝန်းစင်အသက် ၂၅နှစ်ပြည့်ပါပြီ ။အခုချိန်ထိ ချစ်သူရည်းစားဆိုလို့ တီဂါမိုတစ်ယောက်တည်းကိုပဲရှိခဲ့သည်။ယောင်္ကျားလေးတွေနဲ့ အလုပ်ကိစ္စပြောဆို ဆက်ဆံသော်လည်း ပါးပါးကြီး တို့ အရှိန်အဝါတွေကြောင့် လဝန်းစင်ကို ဘယ်သူကမှ မထိရဲကြပေ။လိုလေးသေးမရှိ ပြီးပြည့်စုံနေတဲ့ ဘဝမှာ လဝန်းစင်ထင်သ လောက် မပျော်တာတွေလည်း ရှိနေရသည်။
YOU ARE READING
အက်စစ်လိုအချစ် (Season 1)
RomanceစာရေးသူNBရဲ့ ခွင့်ပြုချက်ရပြီး https://www.facebook.com/profile.php?id=100051600111364 ပွေလိမ်ရှုပ်ပြီး ငွေကိုရေလိုသုံးနိုင်ပေမဲ့ မိဘမေတ္တာတော့အပြည့်အဝမရခဲ့သူ ဖခင်ကလက်တွဲဖော်အများကြီးယူပေမဲ့ ရင်သွေးဆိုလို့သူတစ်ဦးသာ ထွန်းကားခဲ့တော့ ကံဆိုးပေမဲ့ ကံကော...