NB
အက်ဆစ်လိုအချစ်
အပိုင်း(၄)ထာန်ရဲတို့ အိမ်ထဲမှာပဲ ၃ရက်လောက် နားနေလိုက်သည်။Seoul ကို ပြန်ဝင်ရန်လည်း Jame ကစုံစမ်းနေသည်။ဒီနေ့တော့ ထာန်ရဲ မနက်စာ စားပြီးတာနဲ့ လဝန်းစင်ကို ခေါ်ကာ မြဘုရားဖူးရန်လာခဲ့သည်။ ဘောင်းဘီရှည် အင်္ကျီလက်ပြတ်ဝတ်ထားလို့ ဆိုပြီး အစောင့်က ရစ်နေတော့ ဆင်ရုပ်နဲ့ တီရှပ်ဝယ်ကာ သူမလေးကို ထပ်ဝတ်ခိုင်းရသည်။
“ မင်း ဘယ်ဘာသာ ကိုးကွယ်တာလဲ”
“ဗုဒ္ဓဘာသာ ကိုးကွယ်တာ”
ထာန်ရဲ ဆုပ်ကိုင်ထားသော လက်ကိုဖြုတ်ဖြုတ်ချနေသော လဝန်းကို သက်မင်းကြည့်မရပေ။ထာန်ရဲ ကတော့ အပြုံးမပျက်ပဲမလွှတ်တမ်း ကို ဆုပ်ကိုင်ထားသည်။ မြဘုရားမှာ သူမ အကြာကြီး ဘုရားရှိခိုး ဆုတောင်းနေတော့သည်။ထာန်ရဲ စိတ်ရှည်လက်ရှည်ထိုင်စောင့်နေ၏။
သက်မင်းတို့တောင် အံ့သြနေသည်။Boss သည် လဝန်းစင်ကို တော်တော်ချစ်တာပဲ။ Boss ဘဝမှာ ဘယ်တော့မှ စိတ်မရှည်တတ်။ သည်းမခံတတ်တာ လဝန်းစင်နဲ့ကျတော့ တကယ်ကို အပြည့်အဝ သည်းခံနိုင်သူကြီးဖြစ်နေသည်။
“ ဘာတွေ ဆုတောင်းနေတာလဲ”
“သိချင်တယ်လား”
“ဒါပေါ့ ကိုယ့်သတို့သမီးလောင်းဘာတွေ ဆုတောင်းလဲဆိုတာ သိထားရမှာပေါ့ ကိုယ့်ချစ်တဲ့သူလေးဘာဖြစ်ချင်လဲဆိုတာကိုသိရမှာပေါ့”
“ဘဝအဆက်ဆက် ရှင့်လို အနိုင်ကျင့်တဲ့သူနဲ့မတွေ့ရပါစေနဲ့ အခုတွေ့ရတဲ့ ဘဝမှာလည်း ရှင့်ရဲ့ အချစ်တွေက ရှင့်အပေါ်မှာ အက်ဆစ်လိုပဲ ရှင့်ဘဝကို စားပစ်ပါစေလို့ ဆုတောင်းခဲ့တာ”
“မင်း “
ထာန်ရဲ မျက်နှာကြီး နီရဲ မျက်စိမျက်နှာတွေ ပျက်နေတော့သည်။ လဝန်းကတော့ ဝမ်းသာအားရ ပြုံးပြုံးလေးကြည့်နေသည်။
သက်မင်းလည်း မျက်နှာမကောင်းပေ။ ဆုတောင်းတယ်ဆိုတာကလည်း တောင်းတိုင်းကောင်းတာမဟုတ်ဘူးလေ။
ထာန်ရဲ ကတော့ အရာရာ ခွင့်လွှတ်ထားသူပီပီ တနေ့လုံး သူမလေး စိတ်ပျော်စေရန် Ocean World ၊ Madame Taussaue တို့ကိုလိုက်ပို့ပေးသည်။နောက်နေ့ကို Safari World ပို့ပြီး Shopping ထွက်ရန် Big C ၊ Pratunam။ Fashion Island တို့ကို လိုက်ပို့ပေးသည်။ ကြိူက်သလောက် ကြိုက်သလောက် ဖြုန်းခွင့် ပေးသည်။လဝန်းကတော့ မျက်နှာသေနဲ့ပဲ မတုန်မလှုပ်နေသည်။ Safari World ကို တော့သူမပျော်သည်။Dolphin တွေနဲ့ ဓါတ်ပုံတွဲရိုက်သည်။
“သခင် Seoul ကို ပြန်လို့ရပြီ”
“ ကောင်းပြီ စီစဉ်လိုက်တော့ ငါတို့လည်း ဒီမှာရောက်နေတာ တပတ်ကျော်နေပြီ ပြန်ကြမယ်”
ထာန်ရဲ လဝန်း အခန်းထဲ ဝင်လာခဲ့သည်။
“ ကိုယ်တို့ ဒီနေ့လည်ထမင်းစားပြီးတာနဲ့ပြန်မယ် “
“တကယ်လား “
သူမ မျက်နှာလေး ဝင်းပသွားသည်။
“ ရှင် ကျွန်မ ဖုန်းပြန်ပေးအုံး”
“မင်းဖုန်း ဟုတ်လား “
“ဟုတ်တယ်လေ ”
“ငါမယူပါဘူး “
“ ရှင်နော် မယုတ်မာနဲ့ ပြန်ပေး”
“ မင်း တိုကျိုကနေရောပါလာရဲ့လား”
လဝန်း ကြောင်အသွားသည်။ ကားပေါ် အတင်းဆွဲတင်ခံရသောကြောင့်ဖုန်းထည့်သော အိတ်လေးပြုတ်ကျခဲ့တာလားသေချာမသိတော့။
ထာန်ရဲ အခန်းထဲက ထွက်လာခဲ့သည်။
“ သက်မင်း”
“Yes Boss “
“လဝန်းစင် ဖုန်းကို မင်းဘာလုပ်လိုက်လဲ “
“လွှတ်ပစ်လိုက်တယ်လေ”
“မင်း “
“မလွှင့်ပစ်ရင် Boss သူ့ကို Seoul ကို အေးဆေးခေါ်သွားလို့ရမယ်ထင်လား”
သက်မင်းပြောတာမှန်နေ၍ ထာန်ရဲ ဘာမှ မပြောတော့ပေ။သူမတို့ မိဘတွေနဲ့ ရင်ဆိုင်ရအုံးမည်ဖြစ်သည်။
“ လေယာဉ်ပေါ်ကနေ စံအိမ်ကို အေးဆေးပါလာဖို့လည်း ကျွန်တော်နဲ့ Jason စီစဉ်ထားတယ် Boss ဘာမှ ဝင်မပြောပါနဲ့”
သက်မင်းသည် သူ့အကျိုးယုတ်စေတာတစ်ခုမှလုပ်ခဲ့သူမဟုတ်သောကြောင့် ထာန်ရဲ သက်ပြင်းမောမောကြီးချလိုက်ပြီး
“ မင်း သဘောပဲ အန္တာရာယ်တော့ မဖြစ်စေနဲ့ကွာ”
ထာန်ရဲ အခန်းထဲ ပြန်ဝင်သွားသည်။သက်မင်းကတော့ ပွစိပွစိနဲ့ Jason ကို ညွှန်ကြားလိုက် သူပါ ဝင်ပြီး သိမ်းဆည်းလိုက် တွေ လုပ်နေတော့သည်။
“စင်”
ထာန်ရဲ လဝန်းစင်ရဲ့ ခါးလေးကို သိမ်းဖက်လိုက်သည်။ လဝန်းတစ်ယောက် တွန့်သွားပြီးမှ ထာန်ရဲ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။
ထာန်ရဲ ကလည်း မလွှတ်ပေးပါ။ တင်းကြပ်နေအောင်ဖက်ပြီး ကုတင်ပေါ်လှဲချကာသူမရဲ့ နှုတ်ခမ်းလေးကို စုပ်ယူနမ်း လိုက်သည်။ လဝန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ထာန်ရဲ့ လျှာကို သူမ နှုတ်ခမ်းထဲ ထည့်သွင်းလို့မရအောင်ဖြစ်သည်။
“ ဟွန်း “
ထာန်ရဲ တချက် မဲ့ရယ် ရယ်လိုက်သည်။ အတွေ့အကြုံမရှိပဲ သူ့ကို ကလန့်တိုက်ချင်နေသော ကောင်မလေးကို ပညာပြရမယ်။
ထာန်ရဲ လက်က သူမလေးရင်သားဆီကို ဦးတည်ကာ ဖျစ်ညစ်လိုက်သည်။
“ အားးးးးး ရှင် အု “
ဖွင့်ဟလာသော သူမ နှုတ်ခမ်းနှစ်လွှာကြားကို ထာန်ရဲ လျှာဖျားကို ထိုးသွင်းကာ စုပ်ယူနမ်းရှိုက်လိုက်သည်။ လဝန်းစင်တစ်ယောက် ရုန်းကန်လို့တွန်းထွက်မရအောင်လည်း သူ့ကိုယ်လုံးဖြင့် လဝန်းကိုယ်လုံးကိုတက်ဖိထားသည်။ထာန်ရဲ သူမနှုတ်ခမ်းလေးကိုအရသာရှိ သော Lolly Pop လေးကို စုပ်ယူ နေတာ အချိန်တော်တော်ကြာတော့သည်။ လဝန်း အသက်ရှုတွေကြပ်လာတော့သည်။ လဝန်း ရှိတဲ့ အားလေးနဲ့ သူ့လက်မောင်းကို ထုရိုက်တော့မှ ထာန်ရဲ နှုတ်ခမ်းတွေ မခွာချင်ခွာချင်နဲ့ လဝန်းနှုတ်ခမ်းတွေဆီကနေ ခွာပေးသည်။ လဝန်း ကိုယ်လုံးလေးဖိထားရာမှ ဆွဲယူပြီး သူ့ပေါင်ပေါ်တင်ထိုင်ခိုင်းပြီး လဝန်းကို ဖက်ထားတာတော့ မလွှတ်ပေးသေးပေ။
“ မင်းနားကို မကပ်ဖို့ ဆရာဝန်က တပတ်ပဲပြောထားပေမယ့်ကိုယ်မင်းကိုသနားလို့ ဘာမှမလုပ်ပါဘူး လက်ထပ်ပြီးမှပဲ နော် “
ထာန်ရဲ အပြောကြမ်းကြမ်းတွေကြောင့် လဝန်း မျက်နှာလေး နီရဲသွားကာ သူ့ရင်ခွင်ထဲမှာ အတင်းရုန်းထွက်နေတော့သည်။
“ ဟေ့ ငြိမ်ငြိမ် မနေဘူးလား ဒါဆို ကိုယ်စိတ်တွေလည်း လွှတ်ပေးလိုက်မှာနော်”
ထာန်ရဲ အပြောကြောင့် လဝန်း ပြန်လည်ငြိမ်ကျသွားသည်။ ထာန်ရဲ ကတော့ ဘာမှသာမလုပ်တာ ခဏနေတော့ သူမလေး နှုတ်ခမ်းတွေ ဆီကို သူ့ရဲ့ နှုတ်ခမ်းတွေ ပြန်လည်ရောက်ရှိသွားတော့ပြန်သည်။လဝန်းစင်မှာလည်း ထာန်ရဲ ရဲ့ ကြမ်းတမ်း ရိုင်းပျသော အနမ်းတွေ အောက်မှာ မလူးမလွန်းနိုင်ပဲ နေရသည်။ အတင်းရုန်းလိုက်လို့ ထာန်ရဲ စိတ်တွေကို လွှတ်ပေးလိုက်လျှင် သူမကြောက်သော အခြေအနေကို ထပ်မံရင်ဆိုင်ရမည်စိုးသည်။ဒါကြောင့်မို့လည်း ထာန်ရဲ ဆိုတဲ့ လူဆိုးကောင်ရဲ့ အနမ်းကြမ်းတွေကို မငြင်းပယ်ရဲပဲနဲ့ ထာန်ရဲ လက်မောင်းတွေ ကျောတွေကို သာ ကုတ်ခြစ်နေပြီး ထာန်ရဲ စိတ်ကြိုက်ခြွေနေသော အနမ်းကြမ်းတွေကို မျက်လုံးလေး စုံမှိတ်ကာ ခံယူနေရတော့သည်။
လေယာဉ်ပေါ်ရောက်တော့ ဒီတခါ လဝန်းစင် စိတ်ကြိုက်ထိုင်လို့မရတော့ပေ။ ထာန်ရဲက သူမခါးကို ဖက်ကာ သူ့ဘေးမှာ နေရာချထား ပေးသဖြင့် သူမလေး ထိုင်လိုက်ရသည်။
“ပြတင်းပေါက်ဘက်မှာ ထိုင်မလား”
“အင်း”
ထာန်ရဲ က လဝန်းကို ပြတင်းပေါက်ဘက်မှာ ထိုင်စေသဖြင့် သက်မင်း ပြုံးလိုက်သည်။
Boss က လေယာဉ်စီးရင် ပြတင်းပေါက်ကို ငေးကာ တိမ်တွေကို ကြည့်ရတာကို နှစ်ခြိုက်သဘောကျတတ်သူဖြစ်သည်။
အခုတောင် လဝန်းစင်ကို တော်တော်ချစ်သောကြောင့် ဒီလို မျိုး နေရာဖယ်ပေးတာဖြစ်သည်။အရင် မိန်းကလေးတွေတုန်းကဆို လျှင် သူထိုင်ချင်တာထိုင်မည်။ အဆင်မပြေလျှင် နေရာပြောင်းထိုင် လို့သာ ပြောတတ်သည်။
လဝန်း တိမ်တွေကိုကြည့်ရင်းလူက ငိုက်လာတော့သည်။ မျက်လုံးမှိတ်ထားရင်း လူက အိပ်ပျော်သွားတော့သည်။
အိပ်ပျော်ပြီး သူ့ဘက် ခေါင်းလေးငိုက်ကျလာသော လဝန်းကို ထာန်ရဲ သဘောကျစွာ ပြုံးလိုက်သည်။
ထာန်ရဲ ပခုံးတွေကို လျောချပေးလိုက်သည်။သူ့အရပ်နဲ့တော်တော်ကွာသော ဂျပုမလေး ဖြစ်သောကြောင့် ထာန်ရဲမှာ တော်တော်လေး လျောချပေးရပြီးမှ သူမ ခေါင်းလုံးလုံးလေးကို သူ့ပခုံးပေါ်မှာ မှီတင်လိုက်စေသည်။
သက်မင်းကတော့ Boss ရဲ့ အဖြစ်သည်းနေမှုကို ကြည့်ကာ ဝမ်းသာကြည်နူးရသလို နှုတ်ခမ်းကြီးစူထော်ကာ ပွစိပွစိလည်းပြောနေသည်။
ဝမ်းသာကြည်နူးရတာက Boss ကို သူတကယ်ချစ်မြတ်နိုးသောသူနဲ့ ပေါင်းဖက်ကာ အိမ်ထောင်အတည်တကျပြုစေချင်ပြီဖြစ်သည်။
နှုတ်ခမ်းကြီးစူထော်နေရတာက Boss က သူ့ကို မချစ်သော မိန်းကလေးကို အသဲအသန်ချစ်ကြိုက်ပြီး အလိုလိုက်နေတာရယ် သူ့ဟာမလေး ကို ထိတာနဲ့ သက်မင်းတို့ကိုလည်း ဆူပူပြောတတ်တာကို တော့ မကျေနပ်မိပေ။
“ Boss ညစာ စားတော့မလား”
“စားမယ် စင်လည်း စားမယ်မလား”
“အင်း “
သက်မင်းက လေယာဉ်မယ်တွေကို အချက်ပြလိုက်သည်။
“ ဒါက မလဝန်းအကြိုက် ဂဏန်းကော်ရည်ဟင်းချိုနဲ့ဖက်ထုပ်”
“ကျေးဇူးနော် “
“ငါ့ဖို့ရော “
“Boss က ကော်ရည်မကြိုက်ဘူးမလား ဒီမှာ ပုဇွန်ထမင်းကြော်စား”
သက်မင်းက အတင်းကို မကြိုက်ခိုင်း၍ ထာန်ရဲ လည်း ဘာပြောရမှန်းမသိတော့ပေ။ သက်မင်းက ကြိုပြောထားတာရှိတော့ ဘာမှ မပြောတော့ပေ။
လဝန်းက သူ့အကြိုက် ဂဏန်းကော်ရည်နဲ့ ဝက်သားဖက်ထုပ်ကို အားရပါးရစားနေသည်။ ပြီးတော့ သက်မင်းလာပို့သော သံပုရာရည် ကိုပါ သောက်လိုက်သေးသည်။ ထာန်ရဲ ကတော့ လေယာဉ်စီးရင် သိပ်မစားတတ်သူပီပီ အနည်းငယ်သာစားပြီးသူမလေးကို ကြည့်နေ လိုက်သည်။လဝန်း စားသောက်ပြီး နာရီဝက်လောက်နေတော့ မျက်လုံးလေးတွေ မှေးစင်းလာသည်။ တဝါးဝါးလည်း သမ်းလာသည်။
လဝန်းထရပ်လိုက်သည်။
“ဘယ်သွားမလို့လဲ”
“Rest Room သွားမလို့ “
“နေအုံး ကိုယ်လိုက်ပို့မယ်”
လဝန်း တော်တော်အိပ်ချင်တာမှ Rest Room တောင် ထာန်ရဲ တွဲပို့ရသည်။ Rest Room ကပြန်လာပြီးတာနဲ့ လဝန်း မဟန်နိုင်တော့ ထာန်ရဲကို မှီကာ တခူးခူး တခေါခေါနဲ့ အိပ်ပျော်သွားတော့သည်။
“ဟေ့ကောင်သက်မင်း မင်းဘယ်လောက်တောင်မှ “
“နောက် ၁၀ နာရီလောက်အထိ အိပ်ပျော်နေလိမ့်မယ် Seoul ကို ရောက်ဖို့ နောက်ထပ် ၆နာရီခွဲကျော်လောက်မှရောက်မှာလေ”
“အင်း အင်း”
သက်မင်းနဲ့ Jason ကတော့ သူတို့တာဝန် ပြီးပြီ မလို့ အေးရာ အေးကြောင်း လုပ်ချင်တာလုပ်နေကြတော့သည်။ထာန်ရဲကတော့ သူမလေးကိုရင်ခွင်ထဲမှာထည့်ပြီးသူဘာအိပ်နေလိုက်တော့သည်။
YOU ARE READING
အက်စစ်လိုအချစ် (Season 1)
RomanceစာရေးသူNBရဲ့ ခွင့်ပြုချက်ရပြီး https://www.facebook.com/profile.php?id=100051600111364 ပွေလိမ်ရှုပ်ပြီး ငွေကိုရေလိုသုံးနိုင်ပေမဲ့ မိဘမေတ္တာတော့အပြည့်အဝမရခဲ့သူ ဖခင်ကလက်တွဲဖော်အများကြီးယူပေမဲ့ ရင်သွေးဆိုလို့သူတစ်ဦးသာ ထွန်းကားခဲ့တော့ ကံဆိုးပေမဲ့ ကံကော...