NB
အက်ဆစ်လိုအချစ်အပိုင်း(၂)
"သခင်"
"ဘာလဲ Jame"
"SDG က သခင်နဲ့ အကျိူးတူပူးပေါင်းချင်တဲ့အတွက် တွေ့ချင်နေကြတယ်သခင်"
"သူတို့က ဘာကို ပူးပေါင်းချင်တာလဲ"
"Gems ကို သူတို့အဓိက ရှယ်ယာ ပါချင်တာသခင်"
"အာ အဲ့ဒီဆိုင်က ရှယ်ယာမခေါ်ဘူး ငါသီးသန့်ပဲထားချင်တာ"
" သူတို့ဆီမှာ ကလပ်တွေ ကစားဝိုင်းတွေ အများကြီးရှိတယ်သခင်"
"HY က အဖြူကွ သူတို့လာပူးပေါင်းချင်တာက သူတို့အမဲတွေကိုအဖြူဖြစ်ချင်လို့လား"
"အဲ့ဒါလည်း ဖြစ်သလို သူတို့ သမီးလေးအတွက်လည်းသီးသန့်လုပ်ပေးချင်တာသခင်"
"သူတို့လုပ်ငန်းတွေမှာလည်း ငါလည်းပါချင်တယ် သက်မင်းဘယ်လိုလဲ"
"မသိဘူးလေ လုပ်ချင်လည်းလုပ်ပေါ့ သူတို့ နောက်မှာ အိမ်ပြာတော်က အရေးအရာပေါက်တဲ့ ၃ယောက်လောက်ကတော့ အနည်းဆုံး ရှိတယ်။ဒီထက်လည်းများချင်များမယ်"
မသိဘူးဆိုတဲ့ နောက်က အကြောင်းအရာတွေက သုံးစားလို့ရတာတွေကြီးပဲလေ။
"Ok HY2 ထပ်ဖွင့်ဖို့မှာ သူတို့ကို စဉ်းစားရမယ် သက်မင်း "
"အင်း လုပ်ပေါ့ HY Hotel ကိုလည်း သူတို့ကို ဖိတ်ခေါ်သင့်တယ်"
"OK , Jame သူတို့နဲ့ ဂျပန်မသွားခင်မှာ ညစာတစ်ရက်စားမယ် လို့ Date လိုက်"
"ဟုတ်ကဲ့ပါသခင်"
ထာန်ရဲ တစ်ယောက် Jame ကိူ မှာစရာရှိတာမှာကြားပြီး ဟိုတယ်မှာရှိတဲ့သူရဲ့ အခန်းထဲကို ဝင်သွားသည်။ သီးသန့်ခန်းတော့မဟုတ်။ ဒီညရောက်လာသူက နာမည်ကြီးကြက်ကြော်ဆိုင်ရဲ့ သမီးထွေးလေ ယောင်းဂါ တစ်ယောက်ဖြစ်သည်။ ထာန်ရဲကို လွမ်းလွန်းလှသည် ဟု သက်မင်းကို အပူကပ်လွန်းသောကြောင့် သက်မင်းချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ ထာန်ရဲ က သိပ်သဘောမကျတော့ပေ။ ဆီလီကွန်တွေ များလွန်းတယ်လို့ ပြောသည်။ထာန်ရဲ ဆိုတာကလည်း အလကားဆိုတာတောင်မှ အစစ်လား အတုလား ဘာညာသလ ကာက ခွဲခြားချင်သေးသူဖြစ်သည်။ထာန်ရဲ အိမ်မပြန်တော့ Jame နဲ့ Jason လည်းမပြန်ကြပေ။သက်မင်းကတော့ ပြန်သည်။ ပြောလိုက် သေးသည် ငါကဂိတ်ပေါက်စောင့်မဟုတ်ဘူးတဲ့။ Jason ကပြန်ပြောတာက Order ချိတ်ပေးတာလားတဲ့။
"ကို ကို "
" အင်"
ယောင်းဂါ တစ်ယောက် ပါဂျားမားကို ကြိုးတင်းတင်းမချည်ထားပဲ လျော့ရဲရဲ ချည်ကာ ထာန်ရဲ ပေါင်ပေါ်တက်ကာ ခွထိုင်လိုက်သည်။
ယောင်းဂါကို ထာန်ရဲ စိုက်ကြည့်လိုက်သည်။ပိန်တာမှ အရိုးပဒေသာ အခုတက်ထိုင်နေတာတောင် လူကို အရိုးစူးနေသည်။ နှာခေါင်းက လည်း ဆီလီကွန် နှာတံ၊ နှုတ်ခမ်းကလည်း Botax တွေ ထိုးထားသည်။မျက်ခုံးကလည်း တက်တူးဆွဲထားသည်။ မျက်ရစ်လည်း ဖော် ထားသည်။ကိုယ်လုံးကိုယ်ပေါက် ကလည်းဘာမှမရှိလို့ ပြားချပ်ကပ်နေအောင် ဝိတ်တွေချ လွန်းကာ အသားအရေတွေက ပျော့တွဲနေသည်။အသက်က ၂၀ကျော်သာ ပြောသည်။ အသားအရေက ပုံစံက အသက်၃၀ နီးပါးဖြစ်နေသည်။ အကောင်းစား တွေ ခွဲစိတ်မှုတွေသာ မပါရင်တော့ ယောင်းရါက တော်တော်ရုပ်ဆိုး ကြည့်ရဆိုးသည့်မိန်းမဖြစ်သည်။
"ကို ကို ဘာလို့ အဲ့ဒီလောက်တောင် စိုက်ကြည့်နေတာလဲ"
"ဟား ဟား"
"ကို ကို မေးချင်တယ်"
" ဘာလဲ"
"ကိုကို့ စံအိမ်ကို လိုက်ချင်တယ်"
"Sorry မခေါ်နိုင်ဘူး"
စံအိမ်စကားပြောလာသောကြောင့် ထာန်ရဲယောင်းဂါကို ပေါင်ပေါ်မှ ဖယ်ချကာ ထရပ်လိုက်သည်။ ထာန်ရဲ အတွင်းခံဘောင်းဘီတို နဲ့ ပြတင်းပေါက်မှာ ရပ်နေသည်။ အရပ် ၆ပေကျော် ဖုထစ်နေသသော ခန္ဓာကိုယ် ညိုဝါစိုပြေသော အသားအရည် နဲ့ အမြဲကျော့ရှင်း နေသော ထာန်ရဲ့ ကို ယောင်းဂါတစ်ယောက် မျိုးတူ ကိုရီးယားတွေထက် ပိုကြိုက်နှစ်သက်သည်။
" ကိုကို စိတ်ဆိုးသွားတာလား"
"မင်းပြန်တော့ ငါလုပ်စရာရှိသေးတယ် တီ Jame ယောင်းဂါကို ပြန်ဖို့အဆင်သင့်လုပ်ပေးထားလိုက်"
"ကိုကို "
"ရော့ ဒီမှာကတ် မင်းသုံးဖို့ ဝမ်၁၀သိန်းထည့်ထားတယ် မင်းသိပ်ဝိတ်မချနဲ့ကွ အရင်လို Feeling တွေ မင်းမပေးနိုင်တော့ဘူး"
အရင်တုန်းကဆို သူ့ရတနာဆိုင်က ဒီထက်တန်ဖိုးများတာတွေ ပေးတတ်တာ အခုက အရင်လို Feeling မလာလို့ မင်းတန်ဖိုး လျော့သွားတယ်လို့ ပြောလိုက်တာပင်ဖြစ်သည်။
ယောင်းဂါတစ်ယောက် Jame ခေါ်ဆောင်ရာအတိုင်း သူမကားဆီသို့ လိုက်လာခဲ့သည်။ မှားသွားတယ် ကိုကို မကြိုက်တာကို မေးမိတော့ မိုးလင်းအထိ နေခွင့်မရတော့ဘူး။
" Jason "
"Yes, Lord"
" စံအိမ်ကိုပြန်မယ် "
" Jason ကားကို အဆင်သင့်ပြင်ထားပေးလိုက်သည်။ စံအိမ်ရောက်တော့ သက်မင်းက အဆင်သင့် တံခါးဖွင့်ပေးထားသည်။ အခြေအနေတွေ မကောင်းမှန်း သက်မင်း ရိပ်မိနေသောကြောင့်
" Boss ဒီမှာ ဂျင်ဇင်း စိမ်အရက်လေး သောက်လိုက်ပါအုံး ရေနွေးကန်အဆင်သင့်ပါပဲ"
"ထားလိုက် မင်းမှတ်ထား နောက်ဆို ယောင်းဂါကို လက်မခံနဲ့ကြားလား"
"Yes, Boss"
" ချီးနဲ့မှပဲ အရိုးစူးတယ် "
Boss တစ်ယောက် အခုတလေ က မိန်းကလေးတွေကို သိပ်အပြစ်မြင်နေသည်။ဟိုက အထက်တန်းစားမိန်းကလေးတွေပဲ သူ့ကြိုက်လွန်း လို့ လာကြတာပဲ။ဒါပေမယ့် Boss က တန်ကြေးသတ်မှတ်ပြီးသားပဲ ပြောသေးသည်။ အဆင့်အတန်းမြင့်တော့ ရောဂါကင်းတာပေါ့တဲ့ ။
" Jason ဘာဖြစ်တာလဲ "
"ငါက သူတို့ အခန်းထဲ လိုက်ကြည့်နေတာမှ မဟုတ်တာ ဘယ်သိမလဲ"
"နင်က ကြည့်ချင်သေးတယ်လား ဟွန်း"
သက်မင်း သူသိချင်တာမသိရ၍ နှုတ်ခမ်းဆူနေတော့သည်။သက်မင်းကတော့ အတွင်းရေးမှူးပီပီ အကုန်သိအောင်လုပ်ရသည်။ ဒါမှလည်း Boss က အရိုးကိုက်ချင်လား အဆီတုံးစားချင်လား အသားတွေကို ပါးပါးလှီးချင်တာလား အကုန်ဖြည့်ဆည်းပေးနိုင်မှာမလား။
ကြိမ်းသေတာကတော့ Boss ဒီည အရိုးစူးလာသောကြောင့် ရာသီဥတု အခြေအနေ သိပ်မကောင်းသောကြောင့် မနက်ဖြန်ကို အိမ်က နေ စောစောထွက်မှ ဖြစ်မည်ဟု သက်မင်း တွေးနေမိသည်။ Jason ဆိုတဲ့ အကောင်မကတော့ Boss အခန်းထဲ ဝင်သွားတာနဲ့ သက်မင်းတာဝန်လို့ထားပြီး သူ့အိပ်ခန်းရှိရာ သို့ ကော့ကော့နဲ့ ပြန်သွားသည်။ဒီည Video Call နဲ့ ကောင်လေးကို အလွမ်းသယ်မရတော့။
ဒီနေ့ SDG က လူတွေနဲ့ Dinner ချိန်းထားသည်။ထာန်ရဲ ကားပေါ်တက်ရန်ပြင်တော့ တွေ့လိုက်ရသည့် လူအုပ်ကြောင့်လန့်သွားသည်။
"ဟေ့ကောင်တွေ"
"ဒီလောက်တော့ ခေါ်ရမယ် Boss SDG က လူတွေက ဖင်ခေါင်းသိပ်ကျယ်တယ်လို့ကြားဖူးတယ် ဒီလူတွေက Boss ရဲ့ Body Guard တွေ ပဲ ဆိုတာ Body Guard ကို ဒီလောက်လူအင်အားသုံးတယ်ဆိုတာ သူတို့သိဖို့အရေးကြီးတယ်"
သက်မင်း အပြောကြောင့် ထာန်ရဲ ဘာမှ မပြောတော့ပဲ ကားပေါ်တက်လိုက်သည်။
" ဒီညကို ဂိုယူ ကလာချင်လို့တဲ့ Boss"
" အဲ့ဒီ က ကြီး မတွေက အရိုးစူး ဆီလီကွန်တွေကွာ ငါမတွေ့ချင်သေးဘူး မလာခိုင်းနဲ့"
ထာန်ရဲ ဘာဖြစ်နေသည်မသိပေ။ ကျားအိမ်သာမှာ တွေ့လိုက်ရတဲ့ ကောင်မလေးကို တွေ့ပြီးကတည်းက ကိုရီးယားပျိုဖြူချော တွေအပေါ် ငြိုငြင်အပြစ်မြင်နေသည်။ ဒီကောင်မလေးကိုပဲ သတိရနေမိသည်။ တွေ့အောင်ပြန်ရှာဖို့ကလည်း မအားသေးပေ။ ဂျပန်က ပြန်လာမှပဲ ရှာရမည်ဟု တွေးနေမိသည်။
သူတို့ဘက်က ဖိတ်ခေါ်သော SDG Hotel ကြီးသို့ ထာန်ရဲ ရောက်သွားသည်။သူတို့မိသားစုရဲ့ Body Guard က လူ ၄၀လောက်ရှိတာတွေ့ရတော့ သက်မင်းBody Guard အနေနဲ့ လူ၃၀လောက်ထည့်ပေးလိုက်တာကို ကျေးဇူးတင်နေမိသည်။
" Hello Mr Htan Ye , How are you? "
"ံHi, Mr Kim Chi Woe , I'm fine and You"
SDG ရဲ့ ဥက္ကဌ ကိုယ်တိုင် ဖိတ်ကြားသော ဧည့်သည်ဖြစ်သည့်အပြင် ဥက္ကဌ ကိုယ်တိုင်ထွက်ကြိုသော သူဖြစ်၍ ဝန်ထမ်းတွေ အားလုံးမော်တောင်မကြည့်ရဲတော့ပေ။
"Moon လေးရော"
"သခင်မလေး လာနေပါပြီ "
နားပါးသော ထာန်ရဲ ကြားလိုက်သည်။Mr Kim အရမ်းချစ်သော မွေးစားသမီးလေးမလာသေးပါ။မိန်းကလေးလိုချင်နေတဲ့ Mr Kim လူပျိုဘဝထဲက သူ့ဆီကို အိပ်မက်လာပေးနေကြ ၃နှစ်အရွယ်ကလေးမလေးကို အိမ်မှာ ကိုယ်တိုင်တွေ့လိုက်ရသောအခါ မိန်းမဖြစ်သူရဲ့ မောင်အရင်းမှ မွေးသည်တဲ့။ မိန်းမကသေ စီးပွားကပျက် အကြွေးပေါင်းများစွာ ဆပ်ပြီး ဒေဝါလီခံကာ မြန်မာနိုင်ငံက နေ ထွက်ပြေးလာ သော ယောက်ဖသတင်းတွေကြောင့် ကိုယ့်အိမ်မှာသောင်တင်မှာစိုးရိမ်ပြီး ဘာမှ မပြောပဲ နေသော Mr Kim မိန်းမက ယောက်ဖကို အိမ်မှာ ထမင်းဖိတ်ကျွေးတာတောင် နောက်ကျပြီး တမင်ပြန်လာခဲ့သည်။
" ဟော့ မင်းအကိုပြန်လာပြီ"
Kim မျက်နှာထားတင်းတင်းနဲ့ပဲ အိမ်ထဲဝင်လာသည်။ သားကြီးကတော့ အဖေစကားနားထောင်သူပီပီ သူ့အခန်းထဲမှ ဆင်းမလာပေ။ သားငယ်ကတော့ ယောက်ဖပါလာသော ကလေးမလေးနဲ့ ဆော့နေသည်။
"သြော် ရောက်လာပြီလား"
"ဟုတ်ကဲ့"
"ခစ်ခစ် ဟိဟိ ကိုကိုငယ်"
ကလေးမလေးက ပြေးလာပြီး Mr Kim ကို ဝင်တိုက်လိုက်သည်။
" သမီး " ယောက်ဖရဲ့ စိုးရိမ်တကြီး တားသံ မိန်းမရဲ့ မျက်နှာပျက်ယွင်းမှုတွေနဲ့ Mr Kim ဝင်တိုက်သော ကလေးမလေးကို ထိန်းလိုက်သည်။
" ပါးပါးကြီး"
"ဟင်"
"တောင်းပန်ပါတယ်နော် မတော်လို့ပါ"
Mr Kim ရဲ့ အိပ်မက်ထဲက ကလေးမလေး အိပ်မက်ထဲက အတိုင်း ပါးပါးကြီးလို့ခေါ်သည်။ မိန်းမကိုတောင် တခါမှ မပြောပြဖူးပဲ သူတစ်ယောက်တည်းသာ သိသောအခေါ်အဝေါ် ပါ။ မိန်းမ ဗိုက်ကစကြီးတော့ သမီးလေးများလားမျှော်တာ သားကြီး၊ဒုတိယ ကိုယ်ဝန်လည်း အားမလျော့ပါ သမီးလေးလားပေါ့ သားငယ်ဖြစ်သည်။ မိန်းမက အသက်ရလာ ကလေးလည်းထမရနိုင်တော့ Mr Kim မျှော်လင့်ချက်တွေ မကုန်ချင်လို့ ကလေးထပ်ယူဖို့ မိန်းမကို ပူဆာတော့ မိန်းမက သားတွေထပ်မွေးမှာကြောက်နေလို့ ကိုယ်ဝန်မဆောင် ချင်ဘူးငြင်းတော့ အိမ်ထောင်ရေးက သိပ်မသာယာခဲ့ပေ။ချစ်ပေမယ့်လည်း ကိုယ်ဖြစ်ချင်တာ က ဖြစ်ချင်တာပဲလေ။
"ကလေးလေး ချော်လဲမယ်လာ"
Mr Kim ကလေးမလေးကို ကောက်ချီလိုက်သည်။
"နာမည်ဘယ်လိုခေါ်လဲ"
"ရဝန်းစိမ်"
"ဟမ်" မပီမသ အသံကြောင့် Mr Kimရယ်လိုက်မိသည်။
ယောင်္ကျားဆီမှာ ဒီလိုအပြုံးတွေပျောက်နေတာကြာပြီးမှ အခုလိုတွေ့ရတော့ ဒေါ်မိုဇင် ပျော်သွားသည်။ အားလုံးချုပ်သော ယောက်ဖက ဘူဆန်က Super Market မှာ မန်နေဂျာ သွားလုပ်ရသည်။ လဝန်းစင်ကို Mr Kim တို့က တရားဝင် မွေးစားလိုက်သည်။ မိဘစာရင်းမှာ Mr Kim Chi Woe နဲ့ Mrs Mo Zin တို့ရဲ့သမီးငယ်လေး ဂင်မွန်းစင် ဖြစ်လာသည်။Mr Kim ကလည်း ပြတ်သည်။ မင်းကို ကယ်တင်တာ မင်းသမီးကြောင့်ပဲ မင်းသမီးကို ငါတို့မွေးစားမယ် မင်းကတော့ ငါတို့ဆီမှာ အလုပ်လုပ်ပါလို့ မွန်းဖေဖေကို ပြောခဲ့သည်။ မွန်း ကို မွေးစား ပြီးသည်နှင့် Mr Kim ရဲ့ စီးပွားတိုးတက်လာပုံက ကြောက်စရာဖြစ်သည်။ Mr Kim မိသားစုဝင်တိုင်း Body Guard နဲ့နေရလောက်အောင် ဖြစ်လာခဲ့သည်။ သားကြီး ဂင်ယောင်နမ် လုပ်ကိုင်ပုံ လုပ်ကိုင်ကွက်တော်သည်။ ဒါပေမယ့် တဇွတ်ထိုး လောဘကြီးသည်။ အခုလည်း လက်ထဲမှာ ရှိသမျှ ငွေတွေရဲ့ ၉၀% သည် အမဲဖြစ်နေသည်။ဝင်သာစစ်ဆေးလျှင် မိသားစုတွေအကုန် ထောင်ထဲရောက်ကုန်ပြီး ခွေးဖြစ် တော့မည်။ငွေဖြူအတွက် လုပ်ငန်းရှင်ရှာတော့ သားငယ်က HY ရဲ့ သူဌေးကို ရွေးပေးသည်။ လူမျိုးခြင်းတူလျှင် လောဘကြီးသည်ဟု သားငယ်ပြောတတ်သည်။ သားငယ်ကကျတော့ ဥာဏ်ကောင်းပြီး လည်သည်။အရာရာကို အေးဆေးစွာနဲ့ လုပ်တတ်သည်။ပိုက်ဆံတော့ မရှာတတ်။ဆုံးဖြတ်တတ်သည်။
" Good Afternoon ပါးပါးကြီး"
"Good Afternoon ကလေးလေး နောက်ကျတယ် "
"တောင်းပန်ပါတယ် နှုတ်ခမ်းနီအရောင်ရွေးနေလို့ပါ"
ခမ်းမဆောင်ကြီးထဲမဝင်မှီ အနောက်ဘက်မှ အသံစာစာလေးကြောင့် ဂင်သူဌေးလှည့်ကြည့်လိုက်တော့ ထာန်ရဲပါ လှည့်ကြည့်မိသည်။
မေ့မရနိုင်တဲ့ ကောင်မလေးပါလား။နက်ပြာရောင် ကြိုးတစ်လုံးဂါဝန်လေးကို သားမွှေးခြုံထည်လေး ခြုံထားသည်။ ဆံပင်လေးတွေကို ကပိုကရို ထုံးထားပုံလေးက တကယ်ကို လှပလွန်းလှသည်။ ဂင်သူဌေးမိသားစုနဲ့ စကားပြောဖို့ ဧည့်ခန်းမဆောင်ထဲ ဝင်လိုက်သည်။
" ကျွန်တော်တို့ လိုရင်းပဲပြောကြတာပေါ့ ကျွန်တော်တို့ ခင်ဗျားရဲ့ ရတနာလုပ်ငန်းမှာငွေထည့်ချင်တယ် ရှယ်ယာပါချင်တယ် မစ္စတာ ထာန်ရဲ"
" ခင်ဗျားတို့ ငွေမဲတွေ ဘယ်လောက်တောင် များနေလို့လဲ"
ထာန်ရဲ စကားကြောင့် သားအဖ၃ယောက်လုံး မျက်နှာတွေ မဲ့ကျသွားသည်။ သားအမိ၂ယောက်ကတော့ ထာန်ရဲကို အံ့သြစွာ ကြည့်နေ ကြသည်။ဂင်သူဌေးကို ဘယ်သူက ဒီလို မေးဖူးလို့လဲ။ ဂင်သူဌေးလက်တချက်ကာပြပြီး
" ဘာလို့ဒီလိုမေးတာလဲ"
"ခင်ဗျားက ကျုပ်ဆီကို လာတော့မှ ကျုပ်ကို ဘယ်လို ကာကွယ်ပေးရမလဲ ဆိုတာသိမှာလေ"
"ဟား ဟားးးးး ကြိုက်ပြီဗျာ ကြိုက်ပြီ ခင်ဗျားရဲ့ ပွင့်လင်းမှုကို ဘယ်လောက်ထိလုပ်ပေးနိုင်မှာလဲ"
"ခင်ဗျား ငွေပမာဏာ ကို အရင်ပြော"
" ဝမ် သန်း ၁၀၀၀၀ "
ထာန်ရဲ သက်မင်းကို မသိမသာ ငဲ့ကြည့်တော့ သက်မင်းက ခပ်တည်တည်ပဲဖြစ်သည်။အထှာပေါက်နေကျသူတွေမလို့။
" ကောင်းပြီ ကျုပ် HY 2 နဲ့ HY နောက်ထပ်လုပ်ငန်း ၃ခု မှာ ခင်ဗျား ပိုက်ဆံတွေ သုံးပေးမယ် အခုလက်ရှိတွေမှာတော့ ထည့်ပေးဖို့ အဆင်မပြေဘူးကျေနပ်ရင် ပူးပေါင်းပေါ့ ကျုပ်ဒီရက်ထဲမှာ ခရီးသွားရမှာ ခင်ဗျားစဉ်းစားထား"
"ဟာ မစဉ်းစားဘူး သဘောတူတယ် ခင်ဗျားကို တစ်ခုတော့တောင်းဆိုချင်တယ်"
" ပြောကြည့်"
"ခင်ဗျားနဲ့ SDG ပူးပေါင်းမှုရဲ့ လုပ်ငန်းစဉ်တွေမှာ ကျုပ်ရဲ့ သမီးအငယ်ဆုံးလေ ဂင်မွန်းစင်ကို နေရာတစ်နေရာထားပေးပါ"
ဂင်သူဌေးက ကောင်မလေးကို လက်ညွှန်ပြီး ပြတော့ ကောင်မလေးက ခေါင်းညိတ်ပြသည်။
" ကောင်းပြီလေ ရတနာဆိုင်ရဲ့ CEO လုပ်ပေါ့"
မစ္စတာဂင်မျက်နှာကြီး ပြုံးပျော်သွားတော့သည်။ထာန်ရဲကလည်း သူ့အကြံနဲ့ သူဖြစ်သည်။
" မစ္စတာထာန်က အမေရိကားက ကျောင်းပြီးခဲ့တာနော်"
"ဟုတ်ပါတယ်"
"သမီးလေးက သြစတြေးလျက ပြီးတာ သူက ငယ်ငယ်ကတည်းက ပြည်ပမှာပဲကျောင်းတက်ခဲ့တာ"
"ဘာနဲ့ကျောင်းပြီးတာလဲ"
"International Business Management "
"ဝါးးးးးး တော်လှချည်လား အခု ကိုယ့်ခရီးစဉ်လိုက်ခဲ့မလား ကိုယ်တို့ နောက်တိုးချဲ့ လုပ်ငန်းအတွက် အာရှက စီးပွားရေးသမားတွေနဲ့ ထိပ်သီးဆွေးနွေးပွဲလေ"
"ဘယ်မှာလဲ"
" တိုကျိုမှာ"
လဝန်း တိုကျိုအသံကြားတော့ ပျော်သွားသော်လည်း ပါးပါးကြီးကို လှမ်းကြည့်လိုက်သည်။ ပါးပါးကြီး စဉ်းစားနေသည်။ ကိုကိုကြီးက လိုက်စေချင်သော်လည်း ဆုံးဖြတ်ခက်နေဟန်တူသည်။
"လိုက်သွားလေ မွန်းလေး "
"ဘယ်အချိန်သွားမှာလဲ မစ္စတာ ထာန်ရဲ"
"မင်းဘယ်အချိန်အဆင်သင့်ဖြစ်မလဲပြောပါ"
"မနက်ဖြန် နေ့လည်လောက်ဆိုရင်"
"Ok နေ့လည် စာ စားပြီးသွားမယ် ကိုယ် မင်းကို နေ့လည်စာ စားဖို့လာခေါ်မယ် စင်"
သက်မင်းတစ်ယောက်တော့ နှုတ်ခမ်းထော်နေလောက်ပြီ ဖြစ်သည်။ အချိန်အမျိုးမျိုးပြောင်းလဲ အလုပ်ရှု့ပ်ရတာ သက်မင်းဖြစ်သည်။
လဝန်းကလည်း သူ့အကြံနဲ့ သူပျော်နေသည်။ တီဂါမိုနဲ့တွေ့ရတော့မည်။အခွင့်သာလျှင် ၂ယောက်သား မြန်မာပြည်သို့ပြေးကြမည်။ မဟုတ်လျှင် ပါးပါးကြီးက သူမကို KK Group ရဲ့ သားနဲ့ ပေးစားဖို့ ကြံရွယ်နေသည်။ တစ်ဘက်ကလည်း ကိုရီးယားလူမျိုးမဟုတ်သော လဝန်းကို မလိုလားကြသောကြောင့် စဉ်းစားမည်လို့ ပြန်ပြောသည်။ ကိုကိုငယ်ကတော့ သိပ်သဘောမကျပေ။KK ရဲ့သားက တရားမဝင် မိန်းမ ၅ယောက် သားသမီး ၃ယောက်ရှိသည် လို့ကြားသောကြောင့် ပါးပါးကြီးကို ကန့်ကွက်နေသည်။ပါးပါးကြီးကလည်း KK ရဲ့ တချို့လုပ်ငန်းတွေကို သူကယ်တင်ပြီး အပိုင်ယူရန်အကြံရှိနေသည်။ စီးပွားရေးဆန်လွန်းသော ပါးပါးကြီးနဲ့ ကိုကိုကြီး တို့ဆီကနေ လဝန်း ထွက်ပြေးချင်သည်။ မားမားကြီးနဲ့ဖေဖေကလည်း ဘယ်တုန်းကများ ပါးပါးကြီးကို လွန်ဆန်ရဲကြလို့လဲ။
" ဒီကောင်မလေးက အကြံရှိမယ် သူ့ဘဲက တိုကျိုမှာ တွေ့ချင်လို့လိုက်လာတာဖြစ်မယ်"
"လိုက်ပါစေကွာ"
"Boss မငိုတတ်ရင်ပြီးရောလေ"
သက်မင်းကို ထာန်ရဲ ခပ်တည်တည်စိုက်ကြည့်တော့မှပဲ ငြိမ်သွားသည်။
" သက်မင်း "
"Yes Boss"
"မင်းပါ တိုကျိုလိုက်ခဲ့လိုက်ကြားလား"
"Yes Boss"
သက်မင်းပျော်သွားသည်။ ဒီလို လပ်ယားလပ်ယား မလုပ်ရတာကြာပြီလေ ။အားရှိ သူဌေးရဲ့ အလုပ်တွေကို ကိုယ်ကပဲ ကြုံးရုန်းလုပ်နေ ရတာဆိုတော့ တိုကျိုမှာ အဝကဲရမယ် ဒီနေ့ အဝတ်အစားတွေပြင်မယ်လို့ တွေးကာ သက်မင်းမျက်ခွက်ကြီး ဖြီးထလာသည်။
" သခင် ဒီည ဘယ်မှာ နေမလဲ"
"စံအိမ်ပြန်မယ် "Jame က စကားအပိုအလို မပြောပဲ ကားကို စံအိမ်ကို ဦးတည်လိုက်သည်။ Jason ကတော့ သူ့အကိုဘေးတွင်ထိုင်လိုက်လာသည်။ ဒီနေ့ညတော့ သူတို့ အလုပ်မရှုပ်ရတော့ပဲ သခင် တစ်ယောက် စံအိမ်မှာပဲ အနားယူတော့မှာဆိုတော့ သူတို့လည်း စံအိမ်က သူတို့အဆောင်ကို စောစော ပြန်နားရတော့မည်ဖြစ်သည်။
"သြော် သက်မင်း တိုကျိုကို Jame နဲ့ Jason အပြင် Selection ၁၀ယောက်ပဲ မင်းတို့ရွေးထားလိုက် ခေါ်သွားမယ်"
"ကြားတယ်နော် Jame နဲ့ Jason မင်းတို့ လူရွေးပြီးရင် ဒီည ၁၀နာရီ ကျပို့လိုက်ဒါပဲ"သက်မင်းက တဆင့်ပြန်မှာကာ ကော့ကော့နဲ့ ထာန်ရဲနောက်မှ စံအိမ်ထဲသို့လိုက်ဝင်ကာ သူပြင်စရာရှိတာတွေကို ၂နာရီနဲ့ အပြီးပြင်ရတော့မည်။
YOU ARE READING
အက်စစ်လိုအချစ် (Season 1)
RomanceစာရေးသူNBရဲ့ ခွင့်ပြုချက်ရပြီး https://www.facebook.com/profile.php?id=100051600111364 ပွေလိမ်ရှုပ်ပြီး ငွေကိုရေလိုသုံးနိုင်ပေမဲ့ မိဘမေတ္တာတော့အပြည့်အဝမရခဲ့သူ ဖခင်ကလက်တွဲဖော်အများကြီးယူပေမဲ့ ရင်သွေးဆိုလို့သူတစ်ဦးသာ ထွန်းကားခဲ့တော့ ကံဆိုးပေမဲ့ ကံကော...