Jisooအိတ်တွေကိုကားဘေးမှာချထားလိုက်ပြီး
ကားဘေးရပ်နေသောသူမအား"ကားကဘာဖြစ်သွားတာလဲ ဘယ်ကိုသွားမလို့လဲ"
သူမကJisooအမေးကြောင့်အိပ်ပျော်နေရင်းမှ
အိမ်မက်ဆိုးကြောင့်လန့်နိုးလာသူတစ်ဦးနှယ်လန့်
သွားပြီး"ဟို........ကျွန်မကားဆီပြတ်သွားတာ"
ထိုမျှသာပြောပြီးစကားဖြတ်လိုက်သည်
သူမအဖြေကြောင့်သူကခေါင်းညိတ်လိုက်ပြီး"ဆီပြတ်တာဆိုရင်တော့ကိစ္စမရှိပါဘူး ရှေ့နားမှာ
ဆီဆိုင်ရှိတယ် ငါ့အစ်ကိုတွေရောက်လာရင်သွားဝယ်
ခိုင်းလို့ရတယ် ဒါပေမယ့်သူတို့ရောက်လာတဲ့အထိဆို
ငါတို့ဒီမှာနာရီဝက်လောက်တော့စောင့်ရဦးမယ်
ထင်တယ်"သူကနာရီကိုတစ်ချက်ငုံ့ကြည့်ပြီးပြောတော့သူမက
လက်နှစ်ဖက်ကိုခက်ဖွဖွဆုပ်ထားရင်းမှ ခေါင်းညိတ်
ပြသည်"မင်းတို့ဘယ်သွားမလို့လဲလို့မေးတာ မဖြေရသေးဘူး
နော်"ရဲဆိုသည့်အတိုင်းသူမကိုမယုံသင်္ကာဟန်ဖြင့်
ထပ်မေးလာတာကြောင့် သူမနည်းနည်းပြာယာခပ်
သွားသည် အမှန်အတိုင်းပြောလိုက်လို့လဲမဖြစ်ပေ
ပထမအကြိမ်တုန်းကလိုသူမကို လက်ထိပ်ခတ်၍
ပြန်ခေါ်သွားနိုင်သည်မဟုတ်လား
ထို့ကြောင့်သူမခေါင်းထဲပေါ်လာသည့်ဇာတ်လမ်းတပုဒ်ကိုသာပြောချလိုက်သည်"ဟို....ရှင်ကျွန်မအဖေဘယ်သူလဲဆိုတာ
သိတယ်မလား""သိတယ်လေ မင်းကရဲမှုးသမီးမဟုတ်လား"
သူမအမေးကိုသူကသူ့ပုံစံအတိုင်း ဆောင့်ကြွားကြွား
ဖြင့်ပြန်ဖြေသည် ရဲမှုးသမီးမှန်းသိနေတာတောင်
သူကတော့သူမကိုခယဖို့ စိတ်ကူးရှိပုံမပေါ်ချေ
သူမသက်ပြင်းသာချလိုက်ပြီး"အဖေကကျွန်မကိုကျွန်မဆန္ဒမပါဘဲ အတင်း
အိမ်ထောင်ပြုခိုင်းနေလို့ အိမ်ကထွက်ပြေးလာတာ"သူမစကားကြောင့် သူကမျက်ခုံးနှစ်ဖက်
မြင့်တက်သွားပြီး"အဲ့တော့ထွက်ပြေးလာတုန်းကားဆီပြတ်သွားပြီး
ဟိုလူတွေနဲ့တွေ့တယ်ပေါ့"