ရွာလူကြီးသမီးမြို့တက်ပြီးရဲအရာရှိသင်တန်း
စာမေးပွဲဖြေမည်ဆိုသောသတင်းကြောင့်
ရွာထဲကလူတွေလက်ဆောင်ပစ္စည်းအမျိုးမျိုးဖြင့်
တရုန်းရုန်းဖြစ်နေကာ
ရွာလူကြီးအိမ်ရှေ့သို့ရောက်လာကြသည်"ရွာလူကြီး
ဂျီဆူး မြို့တက်တော့မယ်ဆိုဟုတ်လား
ကျွန်တော်တို့ဒီမှာ သူ့အတွက်ကန်စွန်းဥတွေယူ
လာပေးတယ် ""ကြက်ဥတွေကောပဲ "
ဟိုတစ်ယောက်ဒီတစ်ယောက် နှင့် အိမ်ရှေ့မှာ
တစ်ယောက်တစ်ပေါက်ဆူညံနေကြတာကြောင့်
ဂျီဆူး အထုတ်တွေပြင်နေရာမှ အပြင်ဘက်ကို
ကြည့်လိုက်သည်"ဒုက္ခပဲ ငါအဲ့ဒီ့ပစ္စည်းတွေအကုန်ဘယ်လိုသယ်
သွားလို့ ရမလဲ "အိမ်ရှေ့မြေကွက်လပ်မှာချထားသည့်လက်ဆောင်
ဘဏ္ဍာအမျိုးမျိုးကိုကြည့်ကာ ဂျီဆူး ငြီးငြူ
လိုက်သည်ရွာလူကြီး သူ့ခြံထဲကြက်အော်သံတေ လူတွေဆူညံ
သံကြောင့် အသံသြသြကြီးဖြင့် တိတ်တိတ်နေဖို့
အော်ပြောသည်တီဗွီကလာသည့်ဇာတ်လမ်းတွေကြည့်ကာ
ဘယ်လိုစိတ်ကူးပေါက်သွားသည်မသိ
ရဲအရာရှိဖြစ်ချင်သည်ဆိုသောသမီးဖြစ်သူကြောင့်
ရွာလူကြီးခမျာ သူ့အသိတစ်ယောက်ကိုအကူညီ
တောင်း၍ သမီးဖြစ်သူဆန္ဒကိုဖြည့်စည်းပေးဖို့
လုပ်ရတော့သည်"ခင်ဗျားတို့စေတနာကိုနားလည်တယ် အသိမှတ်
လဲပြုတယ်
ဒါပေမယ့် ဂျီဆူးကဒါတွေအကုန်ယူသွားဖို့မဖြစ်
နိုင်ဘူး
အရင်ဆုံးကားသမားငြိုငြင်လိမ့်မယ်
အဲ့ဒါကြောင့်မလို့ ကျုပ်ကလိုအပ်တာတွေပဲ
လက်ခံပေးမယ် ကျန်တာတွေတော့ပြန်ယူသွား
ကြဗျာ ဟုတ်ပြီလား""ဟာဗျာ ရွာလူကြီးကလဲ ကားများ ရွာလူကြီး
အိမ်က ကုန်သယ်ကားနဲ့လိုက်ပို့လဲရတာပဲဗျာ
ကျွန်တော်တို့က ပေးချင်လွန်းလို့ရှိတာလေး
သယ်ချလာတာဗျ ပြန်တော့မယူနိုင်ဘူးဗျာ
ဂျီဆူး ကိုထည့်မပေးလိုက်လဲ ရွာလူကြီးပဲ
ယူထားလိုက် ကျုပ်တို့တော့ပြန်တော့မယ်"ထိုလူကပြောပြီးနောက် သူလက်ထဲကဥစားကြက်မ
ကို တိုင်ငုတ်တစ်ခုမှာကြိုးဖြင့်ချည်ခဲ့လေသည်