"Hyung ! ကျွန်တော်တို့ ရှေ့နားလောက်ကျ ခဏထိုင်ကြမလား"
စီးလက်စ စက်ဘီးကို အရှိန်ဖြည်းဖြည်းချင်း လျှော့ရင်း ကိုယ်စီးနေတဲ့ စက်ဘီးရှိရာဘက်ကို ခေါင်းနောက်ပြန်လှည့်ပြီး လှမ်းအော်မေးနေတာမလို့ မြန်မြန်ဖြေလိုက်ရသည်။
"မင်း ခဏနားချင်တယ်ဆို ထိုင်မယ်လေ"
နှစ်ယောက်စာ နားလို့အဆင်ပြေလောက်မယ့် ခုံတန်းလေးဆီရောက်ရောက်ချင်း Doyoung က စက်ဘီးထိုးရပ်လိုက်တာမလို့ သူပါ Doyoung စက်ဘီးနားလောက်မှာ သူ့စက်ဘီးကို သွက်သွက်လေး လိုက်ရပ်လိုက်သည်။ သူ စက်ဘီး ဒေါက်ထောက်ပြီးတဲ့အချိန် Doyoung ကတော့ ခုံတန်းမှာ ထိုင်ပြီးနေပြီ။
"ရော့ ဒီမှာ ရေဘူး"
"အာ ကျေးဇူး Hyung"
ရေဘူးကလည်း သူ့အစား ကျွန်တော်ကပဲ အမြဲယူလာပေးရသည်။ ကိုယ့်ဘာသာဘာလို့မယူလာတာလဲ မေးလိုက်တိုင်း "ကျွန်တော့်အစား ယူလာပေးတဲ့ Hyung ရှိနေတာပဲ ကျွန်တော်က အပိုသယ်မနေတော့ဘူးလေ" တဲ့။
ဘယ်လောက်တရားကျဖို့ ကောင်းလိုက်သလဲသာကြည့်ပါတော့။ တကယ့် ဂျစ်တူးငပျင်းကောင်လေး ဒီရေဘူးလေးသယ်ဖို့ကို။
"ကျွန်တော် ဒီနေရာကို မှတ်မိသေးတယ် ဟဲဟဲ"
ရေနည်းနည်းသောက်ပြီး အမောပြေသွားတော့ ထုံးစံအတိုင်း စပ်ဖြီးဖြီးမျက်နှာနဲ့ စကားစလာသည်။ အရင်က အကြောင်းတွေ အစပြန်ဖော်နေပြန်ပါပြီ။ ဒီကောင်လေးကတော့ တကယ်ပါပဲ။
လွန်ခဲ့တဲ့ (၄) နှစ်ခန့်က သူတို့နှစ်ယောက် စတွေ့ခဲ့တာ ဒီနေရာမှာပါပဲ။
စက်ဘီးစီးရတာသဘောကျတဲ့ အလယ်အတန်းနောက်ဆုံးနှစ်ကျောင်းသားလေး Yedam က ညနေတိုင်း အိမ်နဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ မြက်ခင်းစိမ်းစိမ်းလမ်းကြားတွေထဲမှာ စက်ဘီးစီးလေ့ရှိသည်။ လွန်ခဲ့တဲ့တစ်လက ဆရာဝန်ရဲ့ မှတ်ချက်အရ သူ့မျက်လုံးအားနည်းနေတာမလို့ ဝေးတဲ့နေရာ ဒါမှမဟုတ် စိမ်းစိမ်းစိုစိုရှိတဲ့နေရာတွေ ကြည့်ပေးဖို့ပြောထားတာမလို့ အခုလို စက်ဘီးစီးဖို့ အကြောင်းဖန်လာရခြင်းပင်။
![](https://img.wattpad.com/cover/304138716-288-k569708.jpg)
YOU ARE READING
𝗘𝗨𝗣𝗛𝗢𝗥𝗜𝗔 | dodam
Fanfiction❝ စိတ်ပျော်ရွှင်မှုတို့ရဲ့ မြစ်ဖျားခံရာက Yedamie hyung ဆီကပဲ ❞ ☴ dodam ✔︎ Unicode | Zawgyi