𝗘𝗨𝗣𝗛𝗢𝗥𝗜𝗔 (𝟮) - my youth (1/3)

72 16 2
                                    

Doyoung ရောက်လာပြီးတဲ့နောက်ပိုင်း မနက်တိုင်းကျောင်းသွားတဲ့အခါ ပုံမှန်လို ရယ်ဒမ်တစ်ယောက်တည်းမဟုတ်တော့။ မနက်ဆို Doyoung က တိုက်အောက်မှာ စောင့်ပေး၊ ပြီးမှ သူနဲ့တူတူ ကျောင်းသွားသည်။ အတန်းမတူကြတာကြောင့် ကျောင်းဝန်းထဲရောက်ရင်တော့ တစ်လမ်းစီ သွားရတာပေါ့။ နေ့လယ်စာနားချိန်ဆို ထမင်းစားဆောင်မှာ တူတူစားလေ့ရှိသည်။

Yedam က အတန်းခေါင်းဆောင်လည်းဖြစ်တာမလို့ တစ်ခါတလေ Doyoung ထက် နောက်ကျမှ ကျောင်းဆင်းရတာမျိုးရှိသည်။ အတန်းသားတွေရဲ့ အိမ်စာစာအုပ်တွေကို စုပြီး သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ရုံးခန်းဆီ ပို့ပေးရတာတို့၊ နောက်နေ့သင်မယ့် သင်ခန်းစာအတွက် သင်ထောက်ကူစာရွက်စာတမ်းတွေကို ရုံးခန်းထဲ မိတ္တူကူးပေးရတာတို့ အစရှိသဖြင့် တာဝန်ယူထားရတော့ သူများထက် ကျောင်းဆင်းချိန်နောက်ကျတဲ့ရက်က တစ်ပတ်မှာ တစ်ရက်လောက်တော့ အမြဲရှိသည်။

အဲ့လိုရက်တွေဆို ဒိုယောင်းက သူ့ထက်အရင်ပြန်တယ်လို့ မတွေးလိုက်ပါနဲ့။ လုံးဝ မပြန်ပါဘူး။ ကျောင်းပေါက်ဝမှာ ဖြစ်ဖြစ် ထိုင်စောင့်ရင်စောင့်၊ မစောင့်ရင် တစ်ခါတလေ သူပါ အလုပ်တွေဝင်ကူပေးလို့ အတန်းကဆရာမတွေနဲ့ အတန်းဖော်တချို့ပါ Kim Doyoung ကို သိနေပါပြီ။

တစ်ခါက အဲ့လိုထိုင်စောင့်ပေးနေရတာ သူလည်းအချိန်ကုန်တာမလို့ အားနာတာနဲ့ မစောင့်လည်း အဆင်ပြေတယ်။ အိမ်စောစောပြန်ပြီး နားဖို့ပြောတော့ ထုံးစံအတိုင်း ဂျစ်တူးကောင်က စိတ်ဆိုးသေးတာ။

"ကျွန်တော်က တစ်ယောက်တည်း မပြန်ချင်လို့မှ hyung နဲ့ တူတူ နေ့တိုင်းပြန်တာပါဆို ဘာလို့ အတင်းနှင်လွှတ်နေရတာလဲ။ ဘာလဲ ကျွန်တော်နဲ့ တူတူမရှိချင်တာလား"

"မဟုတ်ပါဘူးကွာ..ငါက မင်း အိမ်ပြန်နောက်ကျတော့ စာကြည့်ချိန်တွေဘာတွေလျော့တာဖြစ်မစိုးလို့ပါ။ မင်းနဲ့ တူတူရှိတာကို သဘောမကျတာမျိုး မဟုတ်ပါဘူးဆိုနေ"

ပြောပြီးပြီးချင်း စသလိုနောက်သလိုနဲ့ သူ့မျက်နှာကြီးက ကျွန်တော့်ရှေ့ကပ်လာပြီး စပ်ဖြီးဖြီးနဲ့

"အဲ့ဒါဆို ကျွန်တော့်ကို သဘောကျတယ်ပေါ့နော့်" တဲ့

ရုတ်တရက်ဆိုတော့ ကိုယ်တိုင်လည်း ယောင်အမ်းအမ်းနဲ့ ခေါင်းကို နောက်မြန်မြန်ဆုတ်ပြီး

𝗘𝗨𝗣𝗛𝗢𝗥𝗜𝗔 | dodamWhere stories live. Discover now