𝗘𝗨𝗣𝗛𝗢𝗥𝗜𝗔 (3) - my youth (2/3)

79 14 2
                                    

ကျောင်းဆင်းချိန်အကိုက် ရွာစပြုလာတဲ့မိုးဖွဲဖွဲကြောင့် နှာခေါင်းထဲတိုးဝင်လာတဲ့ မြေသင်းနံ့။ ဒီအတိုင်း ပြေးတဲ့သူကပြေး၊ လွယ်အိတ်တွေကို ခေါင်းပေါ်တင်ပြီး ခေါင်းကို မိုးမစိုအောင်လုပ်ရင်း ပြေးတဲ့သူကပြေးနဲ့ ဒီနေ့ကျောင်းဆင်းချိန်ကတော့ အားလုံးပြာယာခတ်နေပုံပေါ်သည်။

Doyoung သူ့ဖုန်းကနေ ဒီနေ့ရဲ့ ရာသီဥတုကို ကြည့်လိုက်သည်။ တိမ်လေးအောက်မှာ မိုးစက်လေး ၅ စက်က ညာဘက်စောင်းနေတဲ့ icon ကို တွေ့လိုက်ရသည့်အချိန် အခုရွာမယ့်မိုးက ဖွဲရုံပဲမဟုတ်ကြောင်း သိလိုက်သည်။ အတွေးထဲချက်ချင်းရောက်လာသည်မှာ "ထီးနဲ့မိုးကာ ဆောင်ထားလေ့မရှိတဲ့ Yedam Hyung"

ပါလာတဲ့ခေါက်ထီးကို ခပ်သွက်သွက်ဖွင့်ရင်း Yedam Hyung တို့ စာသင်ဆောင်ဘက်ဆီ ထွက်လာလိုက်သည်။ သေချာပေါက် Hyung က စောင့်နေမှာ သူသိသည်လေ။ မိုးရွာတဲ့နေ့တွေဆို ထီးတစ်ခုတည်း အတူတူဆောင်းပြီး အိမ်ပြန်နေကျ။ မိုးအရမ်းသည်းရင်တော့ မိုးကာရဲ့ အကူအညီထပ်ယူရတာပေါ့။

"Hyung~!! ကျွန်တော် ဒီ..."

မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ကျွန်တော့် Hyung ကို မိန်းကလေးတစ်ယောက်က သူ့ခေါက်ထီးကို အတင်းထိုးပေးနေခြင်း။ အဲ့မိန်းကလေးက ကျောင်းမှာ နည်းနည်းနာမည်ကြီးသည် ပြောရမည်။ စာတော်လို့တော့မဟုတ်၊ ရည်းစားတအားရှုပ်လို့။ လက်ရဲဇက်ရဲနိုင်လို့။

ထီးကိစ္စက Hyung ကတော့ ငြင်းနေတဲ့ပုံပါပဲ။ လက်တခါခါနဲ့ အားနာတဲ့အပြုံးပါ ပြုံးလို့။ လက်ရဲဇက်ရဲ မိန်းကလေးက အခုလည်း ခေါက်ထီးပေးတာကို Yedam Hyung လက်ကို အတင်းဆွဲပြီး မယူမချင်းပေးမယ့်ပုံ။ သူရှုပ်စရာလူကုန်သွားလို့ Yedam Hyung ဆီ မြှားဦးလှည့်လာတာလား။ တဖြည်းဖြည်း မျက်စိဆံပင်မွေးစူးပြီး စိတ်ပေါက်လာတာနဲ့ Yedam Hyung ရှေ့ အမြန်ပြေးရပ်ပြီး တစ်ခွန်းထဲ အော်ခေါ်လိုက်သည်။

"ကိုကို!!"

"ဟမ်? Do..Doyoung"

လက်တွေ့မှာ မိုးခြိမ်းသံတောင် ကြားမနေရသေးပေမယ့် Bang Yedam ခေါင်းထဲတော့ မိုးကြိုးပါပစ်သွားသလို။ နားထဲကတစ်ဆင့်ကြားလိုက်ရတဲ့ အဲ့စကားလုံးက ခန္ဓာကိုယ်ထဲက သွေးကြောတွေထိပါ ဖြန်းခနဲ စီးဆင်းသွားသလို ခံစားလိုက်ရသည်။

𝗘𝗨𝗣𝗛𝗢𝗥𝗜𝗔 | dodamWhere stories live. Discover now