<Unicode>
အဖြူရောင် အင်္ကျီလက်ရှည်လေးနဲ့ သပ်ရပ်နေတဲ့ ကျနော်..အနည်းငယ် ပွယောင်းနေတဲ့ ဘောင်းဘီအဖြူလေးကလည်း ခြေမျက်စိထိ ဖုံးနေလို့..
ခြေအိတ်အဖြူလေးရယ် ဖိနပ်အဖြူလေးရယ်နဲ့ ဒီနေ့တော့ သူမ ကြိုက်တဲ့ အဖြူလေးကိုသာ ရွေးဝတ်ချင်မိသည်
ခဲရောင်မကျ မဖြူမကျ ရောယှက်နေတဲ့ ဆံပင်တွေကို လှန်တင်ထားလို့ ပေါ်လွင်နေတဲ့ မျက်ခုံးခပ်ထူထူလေးတွေ သူမ အကြိုက်ဘဲပေါ့
အဖြူရောင်တွေနဲ့ တစ်ကိုယ်လုံးကို မှန်ထဲမှာ မြင်နေရတော့ အနည်းငယ် ပြုံးနေမိတယ်..
သူမလည်း ဒီလိုပုံကို တွေ့ရင် သဘောတကျ ရယ်နေအုံးမှာ
မင်းသားငယ်ရဲ့ ကျေးဇူးကြောင့် ဒီနေ့တော့ အပြင်ထွက်ခွင့်ရခဲ့သည်..
Florida ဆီက အမိန့်ရရချင်း အပြင်ထွက်ဖို့သာ ပြင်ဆင်နေခဲ့မိသည်..
ဂေဟာဆီ မရောက်ခင် ပန်းဆိုင်နားကို ရောက်တော့ Delphinium တွေ အစုလိုက် အပြုံလိုက် ဝယ်ဖြစ်ခဲ့သေးသည်..
ဒီနေ့က Ri ရဲ့ မွေးနေ့လေဂေဟာကိုရောက်တော့ ချယ်ရီပင်ကြီးအောက်က ခုံတန်းလေးပေါ်မှာ သူမက စောင့်နေသည်
"Ri "
ခေါ်သံကြောင့် သူမက လှည့်ကြည့်လာသည်
အပြုံးတွေနဲ့ပေါ့.."Hyung လေး.. နောက်ကျနေလိုက်တာ.. "
"အင်း မင်းအတွက် ပန်းတွေ ဝယ်နေခဲ့လို့ နောက်ကျသွားတယ်.. happy birthday Ri"
လက်ထဲက ပန်းတွေကို ပေးပြန်တော့ သူက နှစ်ခြိုက်စွာ ရယ်နေပြန်တယ်
Ri က ရယ်နေရင် ပိုပြီးတော့ လှသည်.. အပြုံးတွေက တောက်ပနေတာ.. ကြယ်တွေလို တလက်လက်နဲ့ နေရောင်အောက်မှာ သိပ်လှသည်လေ
"ဟိုမှာ နေရတာ အဆင်ပြေရဲ့လား.. ဦးလေးကင်မ်တို့က စိတ်ပူနေတာ.. "
"အင်း ပြေပါတယ်.. Florida နဲ့က လွဲရင် အကုန်အဆင်ပြေတယ်လေ.. ဖေဖေတို့ဆီလည်း ဒီကပြန်ရင် ဝင်လိုက်မယ်လေ.. နောက် ဒီလို အပြင်ထွက်ဖို့က ဘယ်ဆီ နေမှန်း မသိဘူး.. Florida က အပြင်ထွက်ခွင့်ပိတ်ထားသေးတာ.. Ri ရဲ့ "
YOU ARE READING
The Rex Of Canis [Completed]
Werewolf'ဘယ်ကို ထွက်ပြေးအုံးမလို့လဲ' 'အရှင်နဲ့ ဝေးရာကို ' start: 5 Mar 2022 end: 1 June 2022