<Unicode>
မျက်လုံးတွေကို ဖွင့်လိုက်လျှင် မြင်နေရတဲ့ ဒီနေရာက castle ဖြစ်ေနသည်..ဘာလို့လဲ.. မနေ့ကမှ Boston မှာ ရှိနေသေးသည်ကို အခုက ချက်ချင်းကြီး castle ကို ရောက်နေရသည်..
ဘေးက ဖုန်းကို ယူကြည့်မိတော့ date က ကြားထဲမှာ တစ်ရက် ပျောက်နေသည်..
ပျောက် နေတဲ့ တစ်ရက်အတွင်း ကျနော် ဘာဖြစ်သွားတာလဲ.."နိုးပြီပေါ့ "
အခန်းတံခါး ဖွင့်သံနဲ့အတူ ဝင်လာတဲ့ အရှင်..
ဟုတ်တာပေါ့ ကျနော်.. ဘုရင် တစ်ပါးရဲ့ အိပ်ရာပေါ်မှာ ရှိနေသည်ဘဲ..
"ကိုယ်တို့ရဲ့ ပထမဆုံးမှာ နည်းနည်း ကြမ်းမိသွားတာဘဲ.. တစ်ရက်လောက် မေ့သွားတာက လွဲရင် ကျန်တာ အကုန် အဆင်ပြေတယ် အချစ်.. စိတ်မပူနဲ့ "
ဘေးနားမှာ ဝင်ထိုင်ကာ ဝဲကျနေတဲ့ ဆံပင်တွေကို နားထဲ ထည့်ပေးရင်း ပြောနေသည်..
ေ-ာက်ကျိုးနည်း!
နည်းနည်းကြမ်းတာက တစ်ရက်တောင် မေ့သွားရသည်လား.."မင်း မိဘတွေ ရောက်နေတယ် တွေ့တော့မလား "
မိဘတွေ ဆိုတာနဲ့ ကျနော့်မျက်လုံးတွေက အနည်းငယ် ဝိုင်းစက်သွားတာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်မို့ သူက ပြုံးနေပြန်သည်..
ခြေထောက်တွေကို ကြမ်းပြင်ပေါ် ချရင်း ဖြည်းဖြည်းချင်း လျှောက်တော့ ယိုင်နဲ့နေတဲ့ ကျနော်..
ချက်ချင်း ဝင်ထိန်းပေးပြန်သည်"ရတယ် ကျနော် အဆင်ပြေတယ်..
ဒီလိုတွဲပေးထားရင် လူတွေ တစ်မျိုး မြင်လိမ့်မယ် ""ငါတို့ အကြောင်း တစ်နိုင်ငံလုံး သိပြီးသားဘဲ မဟုတ်လား "
မေမေတို့နဲ့ တွေ့ရတော့ အတင်းဖက်တွယ်နေတဲ့ မေမေကြောင့် မျက်ရည်တွေပင် ဝဲလာရသည်
"မင်းက ဒီအမေကို ပစ်ထားပြီး နောက်ထပ်တစ်နှစ် castle မှာ ဆက် နေရလောက်တဲ့ထိ Florida နဲ့ဘဲ နေချင်နေတော့တာပေါ့ "
မေမေက ပါးနှစ်ဘက်ကို အုပ်ကိုင်ရင်း ပြုံးကာ ပြောနေသည်..
မေမေ စကားအရ ကျနော် Boston ဘက်ရောက်နေတာ မသိသေးဘူး ထင်သည်
YOU ARE READING
The Rex Of Canis [Completed]
Werewolf'ဘယ်ကို ထွက်ပြေးအုံးမလို့လဲ' 'အရှင်နဲ့ ဝေးရာကို ' start: 5 Mar 2022 end: 1 June 2022