Final

11.4K 776 73
                                    

<Unicode>
ဒီရက်ထဲ ကျနော့် ခြေထောက်တွေက အတော်လေး ကောင်းလာခဲ့ပြီ။ သူများအကူအညီမလိုဘဲ သေချာ လျှောက်နိုင်နေပြီ။

မနက်ခင်းတိုင်း အရှင့်အတွက် မနက်စာ ပြင်ပေးကာ ညတိုင်းလည်း အိပ်ရာဝင်တေးကို ဖွင့်ပေးဖြစ်သည်။

အရှင်က ကျနော်ရဲ့ တစ်ချိန်က စန္ဒရားသံကို ကြားရင် နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်လေ..

"အရှင် "

ဒီနောက်ပိုင်း အရှင်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ။ ကျနော့်ကိုတော့ မမှတ်မိနိုင်သေးပင်မယ့် ကျနော့်တစ်ယောက်တည်းကိုတော့ အရှင်က ကြည့်လာခဲ့သည်။

အရင်ကလို မှိုင်တွေမနေဘဲ တဖြည်းဖြည်း လန်းဆန်းလာခဲ့သည်..

"ပန်းခြံထဲ သွားရအောင်လေ "

ခေါင်းညှိတ်ပြကာ အသိအမှတ်ပြုသည်..
ခုထိတော့ စကားမပြောသေးဘဲ တစ်ခါတစ်လေ တစ်ခွန်းတော့ ပြောတတ်‌သည်..

"အချစ် ဘယ်မှာ လဲ " ဒီအမေးစကားကိုတော့ နေ့တိုင်း မေးတတ်သည်..

ပန်းခြံထဲကို ရောက်တော့ Leo နဲ့ Bert က အပြေးလာသည်။ သူတို့က အရှင့်ကို သိပ်ချစ်ကြသည်လေ..

အရှင့်လက်ထဲ ဘောလုံးကို ထည့်ပေးကာ သူတို့က အရှင်နဲ့ ဆော့ချင်နေကြသည်..

"ဒီနေ့ အရှင့်ကို အနားပေးလိုက်ပါအုံး.. ပြီးတော့ ငါ့အတွက်လည်း အချိန်ပေးပါအုံး.. ဒီနေ့ အရှင့်ကို ငါ ခေါ်ထားမှာ "

Leo နဲ့ Bert ကို ဖက်ကာ အနားကပ်ပြီး တိုးတိုးလေး ပြောမိသည်..

ဒီကိုလာတိုင်း သူတို့ကဘဲ အရှင့်ကို အပိုင်သိမ်းထားကြသည်လေ..

ကျနော့်ကို နှာခေါင်း ရှုံ့ကာ ထွက်သွားကြသည်။ လူတေ‌ွနဲ့ ယဉ်‌ေနသည်မို့ အတော်လေး နားလည်လွယ်ကြသည်..

အရှင်ကတော့ ကျနော့်တို့ သုံးယောက်ကို ကြောင်ကြည့်နေသည်.. ကျနော့်အရှင်က ဒီတိုင်းလေးလည်း တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းလှပါသည်..

အရှင်က နှင်းဆီရဲရဲတွေကို ကြိုက်တတ်သည်မို့ ကျနော်ကိုယ်တိုင် အရှင့်ပန်းခြံထဲမှာ ပျိုးထောင်ထားပေးသည်..

The Rex Of Canis [Completed]Where stories live. Discover now