မထင်မှတ်မှု
Sunoo တစ်ယောက် အသိစိတ်တွေ လွတ်သွားတယ် ဘာကြောင့်မှန်းမသိ
Niki သူ့အနားကိုနီးကပ်လာလေလေ သူ့အသိစိတ်တွေပျောက်သွားတယ်
ဘာမှမရှိ တဲ့ဟင်းလင်းပြင်ထဲရောက်သွားသလိုမျိုး
ဟာ အသိစိတ်ပြန်ဝင်လာပြီ
အသိစိတ်ပျောက်နေတုန်းဘာတွေဖြစ်ပျက်သွားလဲ သူမသိတော့ဘူးမျက်စိဖွင့်လိုက်တော့ အရှေ့ကဒိုင်တွေကပြုံးပြီးငေးကြည့်နေတယ်လေ
ငါဘာများလုပ်မိလို့လဲ ဘာတွေဖြစ်ကုန်တာလဲ
ထိုအချိန် Judge တစ်ယောက်၏ အသံက အစပြုလာ သည်"Sunoo shi"
မဆိုင်းမတွဘဲ ပြန်ဖြေလိုက်မိသည်
"Nae""Sunoo shi က ကျွန်တော်တို့ထင်ထားတာထက်အများကြီးလုပ်နိုင်တာဘဲ Sunoo မှာ
ဖုံးကွယ်ထားတဲ့ Talent တွေ
အများကြီးရှိတယ် ဒါကြောင့် Sunoo ကိုကျွန်တော်တို့ နောက်တစ်ဆင့်ကိုထပ်ခေါ် သွားဖို့ဆုံးဖြတ်လိုက်ပါတယ်
ဂုဏ်ယူပါတယ်နော်""ဗျာ တကယ်လားဗျ "
Sunoo လဲ တအံ့တသြနဲ့ blonde hair လေးကို ကြည့်မိတော့ သူက ပြုံးစိစိနဲ့ လက်မထောင်ပြတယ်မင်းဘာတွေလုပ်လိုက်တာလဲ
Nikiရေ"ကျေးဇူး တင်ပါတယ် အကောင်းဆုံးကြိုးစားပါ့မယ် "
Sunoo လဲခပ်မြန်မြန်ဘဲ အခန်းထဲကထွက်လာတော့
Nikiတစ်ယောက်အနောက်ကလိုက်လာမှ အသိအသာပင်Sunoo မြန်မြန်ဘဲ Toilet ထဲဝင်သွားသည်
Niki လဲလျင်လျင်မြန်မြန်ဘဲ Hyung နောက်လိုက်မိသည်
ဒီhyungကအကောင်သာသေးတာ
လမ်းလျှောက်တာမြန်မှမြန်ဘဲ
Niki တစ်ယောက် hyung အကြောင်းတွေးနေတုန်း
ရုတ်တရက်ဆိုသလို Sunooက
သူ့ဘက်လှည့်ကာ ကြည့်လိုက်သည်
အကြည့်ကလဲဝါးစားတော့မလိုပါလား
Niki တဖြည်းဖြည်း လန့်လာသည်
ငါအမှားကြီးမှားသွားပြီ
ငါသူ့စီကခွင့်ပြုချက်မတောင်းဘဲ
သူ့ကိုယ်ထဲ ဝင်မိသွားတာလေ
ငါတောင်းပန်ရမယ် ဟုတ်တယ် ငါတောင်းပန်လိုက်မယ်"Hyung ကျွန်တော်တောင်းပန်ပါတယ်နော် ကျွန်တော် ခွင့်ပြုချက်မရှိဘဲ ကိုယ်ထဲကိုဝင်မိလို့
ဒါကလဲ Hyung ကိုကူညီချင်လို့ပါ Hyung ဒုက္ခရောက်နေတာ ကျွန်တော်မကြည့်ရက်လို့ပါ တောင်းပန်ပါတယ် နော်"
YOU ARE READING
True love
Fanfictionလူသားဆိုသောမျိုးနွယ်စုသည် အချိန်ကြာလျှင်ပျောက်ပျက်ရမည်ဖြစ်သော်လည်း ထိုလူသားမျိုးနွယ်တို့ဖန်တီးခဲ့သောချစ်ခြင်းတို့ပျောက်ပျက်သွားခြင်းမရှိခဲ့ပေ။ Unicode+Zawgyi