sometimes love just ain't
enoughLee Hi ရဲ့ My love (or)
Taeyeon ရဲ့ Fine သီချင်းလေးနားထောင်ပြီးဖတ်ပါနော်ဒုတ်...အားးးး
Niki စိတ်တိုကာ
မီးပုံထဲမှမီးတုတ်ကိုကိုင်၍
အစောင့်တစ်ယောက်ကိုရိုက်လိုက်သည်ဝိညာဉ် တစ်ကောင်ဟာစိတ်တိုရင် သူတို့ထိတွေ့ချက်တဲ့အရာတွေကိုထိတွေ့နိုင်တယ်မလား
အစောင့်ဟာစိတ်တိုသွား၍
ကြိုးတုတ်ခံထားရသော
Sunoo ကိုရန်ရှာလာသည်"ငါ့ကိုဘယ်ကောင်ရိုက်ရဲရတာလဲ"
Sunoo ဘက်ကိုလှည့်ကြည့်ကာပြောသည်
"ကျွန်တော်ကဘယ်လိုလုပ်သိမလဲ ဒီမှာကြိုးတုတ်ခံထားရတာမမြင်ဘူးလား"
Sunoo ကထိုသို့ပြောတော့
အစောင့်ဟာဟိုကြည့်ဒီကြည့်ဖြင့်ကြောက်နေဟန်တူသည်Niki လုပ်မှန်းသိသော Sunooသည် Niki ကိုကြည့်၍ပြုံးပြလေရဲ့
အဲ့အပြုံးတွေ မပြုံးပြပါနဲ့
အဲ့လိုပြုံးရင် Hyung ကိုထိခိုက်အောင်လုပ်တဲ့လူတွေကိုကျွန်တော်သတ်ပစ်ချင်လာလို့ပါNiki စိတ်မထိန်းနိုင်ပါ
မှောင်မဲနေတဲ့ဂိုဒေါင်မှာချိတ်ဆွဲထားတဲ့မီးသီးကို
စိုက်ကြည့်လိုက်ကာ
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်ဘယ်နေရာမှလေဝင်ပေါက်မရှိသော ဂိုဒေါင်ထဲမှာလေစိမ်းများတိုက်ခတ်ကာ
ချိတ်ဆွဲထားသော မီးသီးမှာ
ပေါက်ကွဲထွက်သွားသည်ခွမ်းးးး
ထိုအသံကိုကြားသော
အစောင့်များမှာလည်း
ထိုင်နေရာမှာထကာဘယ်တစ်ပြန်ညာတစ်ပြန်ကြည့်ကာ
ကြောက်လန့်ကြကုန်သည်အစောင့်တွေဟာလူကောင်သာကြီးတယ်သရဲကျကြောက်တတ်သားကြောက်တယ်လား
ကြိုက်တယ် Niki ကအဲ့လိုမျိုးမှသဘောကျတယ်
ကြောက်တတ်ရင်ပိုခြောက်ရမှာပေါ့အစောင့်တွေရဲ့ထိုင်ခုံတွေကို
Niki ရဲ့ခြေထောက်တွေနဲ့ကန်သည်
ကျယ်လောင်တဲ့အသံများစွာထွက်ကာအားလုံးဟာ
ကပျက်ကချော်ဖြစ်ကုန်ပြီလေထိုအခုမှ အသံတွေကိုကြားလို့ထွက်လာသော Minho ကိုတွေ့ရသည်
Minho လည်းရုတ်တရက်ဆန်တာမို့
သူ့အစောင့်တွေကိုမေးလေသည်
YOU ARE READING
True love
Fanfictionလူသားဆိုသောမျိုးနွယ်စုသည် အချိန်ကြာလျှင်ပျောက်ပျက်ရမည်ဖြစ်သော်လည်း ထိုလူသားမျိုးနွယ်တို့ဖန်တီးခဲ့သောချစ်ခြင်းတို့ပျောက်ပျက်သွားခြင်းမရှိခဲ့ပေ။ Unicode+Zawgyi