You are mine.........
.......... You are mine"ငါလူသတ်သမားကိုသိတယ်"
"ဟမ်"
Jay ရဲ့ပြောစကားမှာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားရင်း
ပြန်လည်မော့ကြည့်လိုက်သော Jungwon
"မလန့်ပါနဲ့ Yang Jungwon
မင်းနာမည် Yang Jungwonဟုတ်တယ်မလား
ငါတို့အေးဆေးပြောရအောင်
မင်းလည်းသိချင်တာတွေများနေမှာဘဲမဟုတ်လား"ရုတ်တရက်ဆန်စွာ
Jungwon ၏လက်ကိုဆွဲကိုင်ကာ ထွက်သွားလေသည်HYBE building ထဲမှ
ထွက်လာပြီးခဏကြာတော့ရောက်လာသည့်နေရာအလွန်တိတ်ဆိတ်လှတဲ့ cafe ဆိုင်လေးတစ်ဆိုင်
မည်သူတစ်ဦးတစ်ယောက်မျှမရှိတိတ်ဆိတ်ကာ
ဆိုင်အတွင်း ခင်းကျင်းထားတဲ့အပြင်အဆင်များမှာလည်း
လှပလွန်း၍စိတ်ကူးယဥ်ဆန်သည်ပန်းများစွာဖြင့်
အနုစိတ်ရေးဆွဲထားသော
နံရံမှာလည်းအလွန်ပင်လှပနေသည်Jungwon နဲ့သူနှင့်အနေစိမ်းသောနေရာတစ်ခုကိုရောက်နေသည်ဖြစ်သောကြောင့် တစ်ခုချင်းစီကိုအသေးစိတ်ကြည့်နေလေသည်
ထိုကိုသတိထားမိသော Jay
မှချောင်းတစ်ချက်ဟန့်ကာစကားစလာသည်"အဟမ်းး
ထိုင်ပါ ဒါကိုယ်ပိုင်တဲ့ cafe
ဘယ်သူမှမလာဘူး ဒီနေ့ဆိုင်ပိတ်ထားလို့
လူသတ်ထားတဲ့အဖြစ်မှန်ကိုပြောဖို့ဆို ဒီနေရာက သင့်တော်မယ်ထင်လို့ပါ ဘာသုံးဆောင်အုံးမလဲ "Jungwon လည်းစိတ်မရှည်စွာမေးမိသည်
"ကျွန်တော် ဒီကိုလိုက်လာတာ coffee သောက်ဖို့အတွက်တော့မဟုတ်ဘူး
စကားလမ်းကြောင်းမလွှဲဘဲ လိုရင်းကိုပြောပါ""အိုကေလေ "
အိုကေဟုသာတစ်ခွန်းပြော၍
တစ်ခုခုကိုသွားယူဟန်ရှိသော Jay ကိုလိုက်ကြည့်မိသည် ခဏအကြာပြန်ထွက်လာသည်
လက်ထဲတွင်လည်း Laptop
တစ်ခုကိုကိုင်ထား၍
Jungwon ၏မျက်နှာချင်းဆိုင်တွင်လာထိုင်သည်"သြော်ဒါနဲ့ ကိုယ့်နာမည်မမိတ်ဆတ်ရသေးဘူးနော်
ကိုယ်က Jay ပါ
HYBE ရဲ့ Trainee ဖြစ်နေတာတော့ကြာပါပြီ
သုံးနှစ်လောက်တော့ရှိပြီ
ပြီးတော့မင်းကို Video file လေးတစ်ခုပြစရာရှိတယ်
သိပ်ပြီးလည်းမလန့်သွားနဲ့အုံး
အခုဒီမှာကြည့်ခဲ့တဲ့အဖြစ်အပျက်တွေကိုလည်းဘယ်သူ့ကိုမှလျှောက်မပြောမိပါစေနဲ့
မင်းအတွက်အန္တာရာယ်များလို့ပါ "
YOU ARE READING
True love
Fanfictionလူသားဆိုသောမျိုးနွယ်စုသည် အချိန်ကြာလျှင်ပျောက်ပျက်ရမည်ဖြစ်သော်လည်း ထိုလူသားမျိုးနွယ်တို့ဖန်တီးခဲ့သောချစ်ခြင်းတို့ပျောက်ပျက်သွားခြင်းမရှိခဲ့ပေ။ Unicode+Zawgyi