အပိုင်း ၅ ငှက်ကလေးအားဆေးကုခြင်း part (2)

11 1 0
                                    

(U)

တစ်ချိန်တည်းမှာဘဲမင်းသမီးလေးဟေဇယ်လေးရဲ့ဖခင်ကဥယျာဥ်ထဲဖျက်လာတာနဲ့သူသမီးရဲ့ပြေးသွားတာကိုမြင်မိတဲ့အတွက်နောက်ကလိုက်လာမိပြီးမနီးမနားမှာရောက်လာတယ်။ ဘုရင်(မင်းသမီးရဲ့အဖေ)ရောက်နေတဲ့နေရာကမင်းသမီးလေးရဲ့နေရာနဲ့မနီးသလိုမဝေး လည်းမဝေးတော့မင်းသမီးလေးရဲ့ဘေးနားကငှက်ကိုမမြင်မိဘူး။ သူကသူ့သမီးလေးပြေးတာရပ်ပြီး အထိန်းတော်ကိုဘာတွေကပ်ချွဲနေတာလဲလို့တွေးမိလာတယ်။ အဲ့အတွေးနဲ့အတူသူ့ရဲ့ကပ်ချွဲသမီးလေးဆီကို သဘောကျတဲ့အပြုံးတစ်ပွင့်ကိုပန်ဆင်ပြီး ဖြည်းညင်းစွာလျောက်လာတယ်။ဒါပေမဲ့အနီးနားရောက်တော့ဘုရင်ရဲ့ပြုံးတစ်ပွင့်ဟာချက်ချင်းဆိုသလိုရပ်တန့်သွားပြိီးဖျော့လျော့လာတယ်။ နောက်ပြီးမျက်နာမှာလျော့နေတဲ့ပြုံးတစ်ဝက်မဲ့တစ်ဝက်တင်မကဘူး မျက်လုံးမှာတင်ပါအေးစက်မှုတွေပြည့်ဝလာတယ်။

ဘုရင်ရဲ့မျက်လုံးထဲမှာသူ့ရဲ့သမီးလေးကငိုနေရုံသာမကသူမရဲ့အဝတ်တွေ မှာလည်းသွေးကွက်တွေအပြင် သူ့သမီးကထိုငှက်ကိုကယ်ဖို့တောင်းဆိုနေတယ်။ ဘုရင်ရဲ့စိတ်ထဲမှာတော့ "ပြဿနာတော့ကြုံတော့မှာဘဲ"လို့တွေးမိသကာလသူ့အပြုံးကလည်းလျော့လာတယ်။

သူသမီးရှေ့ကငှက်ဟာပြဿနာကိုယူလာမယ်ဆိုတာသိတဲ့အပြင် အဲ့ပြဿနာကို(ငှက်)ကိုသတ်ဖို့အမိန့်ပေးရင်သူသမီးလေးစိတ်မကောင်းဖြစ်မှာပါစိုးရိမ်လာခဲ့တယ်။ "ဘာဘဲဖြစ်ဖြစ်ကံစမ်းရုံဘဲပေါ့အဲ့ငှက်က တိုးတက်မှုကိုယူလာမလား ဆိုးယုတ်မှုကိုယူလာမလား "ဆိုပြီးအတွေးအပြင် ဘုရင်နှုတ်ကနေ "ငာ့သမိးတော်လေး ဆေးကုစေချင်တဲ့ဒီငှက်ကိုဆေးကုသပေးလိုက်"ဆိုပြီးမိန့်တယ်။ နောက်ပြီးဘုရင်ဟာသူ့အမိန့်ပေးလိုက်တဲ့အစောင့်ကိုကြည့်ပြီးအရိပ်အကဲပြကာမျက်လုံးနဲ့အမိန့်ပေးလိုက်တယ်(A/Nတစ်နည်းပြောရရင်အဲ့ငှက်ကိ​ြစြာင့်ကြည့်နေပေါ့)

ဘုရင်အမိန့်ရတဲ့ရဲမက်တွေကငှက်ကိုသယ်ပြီး သမားတော်ဆီသွားပြခဲ့တယ်။ ပြဿနာကဘုရင်ဖြစ်သူရဲ့အသဲကျော်မင်းသမီးပေါက်စလေးကလည်းရဲမက်တွေနောက်ကောက်ကောက်ပါအောင်လိုက်သွားသတဲ့လေ။ အဲ့တာကိုမြင်တော့ "ငါ့သမီးတော်ကကြင်နာမှုနဲ့လောကရဲ့ရက်စက်မှုတို့ဘယ်လိုများနစ်ပါးက မလဲမသိ"လိုရေရွတ်ကာ သူရဲ့လုပ်စရာရှိတာသွားလုပ်ခဲ့တယ်။

THE COLD BLOOD BEASTMAN AND HIS WIFEWhere stories live. Discover now