ငှက်ကလေးအားဆေးကုခြင်းpart1
အပိုင်း(4)
သာယာတဲ့ဥယာဉ်ထဲမှာ နွေးနွေးလေးနဲ့ပူနွေးနေတဲ့နေပြောက်လေးတွေ နေပျောက်လေးတွေဖြစ်ပေါ်စေတဲ့သစ်ပင်လေးရယ် ခပ်အေးအေးတိုးတိုက်လာတဲ့ လေအေးလေးရယ်အရသာချိုပြီးနူးညံနေတဲ့မုန့်လေးကိုစားနေတဲ့မင်းသမီးလေးဟားစားရင်း တွေးနေမိတယ် ။
အဲ့ဒါကတော့"ငါဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ.....ငါမှတ်မိတာက ဆယ်တန်းbioဖြေပြီး အိမ်ပြန်အရောက်ပင်ပန်းလို့ဆိုပြီးအိပ်ပျော်သွားတာ ပြီးနိုးလာတော့ကလေးဖြစ်သွားတယ်..."ဆိုပြီး တွေးရင် စိတ်တိုတိုနဲ့မုန့်ကို ဒေါသတွေပုံချကာ တစ်ခုပြီးတစ်ခုပါးစပ်ထဲသွပ်နေတယ်
"အနည်းဆုံးတော့....တကယ်ကိုအနည်းဆုံးတော့......တစ်နစ်လုံးလုံးဘောဒါမှာစာကြမ်းပိုးလိုစာလုပ်ပြီး..ကြိုးစားထားတဲ့ရလဒ်လေးသိချင်မိတယ်.... အနည်းဆုံးရလဒ်ကိုသိပြီး..မိဘတွေကပေးတဲ့မုန့်ဖိုးလေးတွေနဲ့...ဆုချတဲ့ပိုက်ဆံလေးတွေဆုပြီ... phoneလေးတစ်လုံးလောက်လိုချင်တယ်....တစ်ဝမ်းကွဲမောင်တွေလို...ဂိမ်တွေဆော့ချင်ခဲ့တာ....ဒါပေမဲ့...အခုတော့..အရမ်းကိုခေတ်နောက်ကျတဲ့ဘုရင်ခေတ်ရောက်နေပြီ...."အဲ့လိုတွေးရင်မင်းသမီးလေးရဲ့ပင်လယ်ပြာလိုမျက်လုံးလေးကမိုးကောင်းကင်ပေါ်လှည့်ကြည့်မိတယ်
တစ်ဆက်တည်းသူမတွေ့သွားတာကတော့ မင်းသမီးလေးရဲ့စိတ်ထဲမှာ "အဲ့တာဘာကြီးလဲ... အနီရောင်ကြီးနဲ့...ငှက်လား?...ဒီလိုထူးဆန်တဲ့ကမ္ဘာမှာငှက်ရှိလား.?...."ဆိုပြီးတွေးနေရင်သူအရင်နေ့ကဖတ်တဲ့စာအုပ်ကိုသတိရသွားတယ်။ အဲ့စာအုပ်ထဲမှာ ကမ္ဘာရဲ့အကြောင်းရေးထားတယ် ။ ဒီကမ္ဘာမှာက လူသားတစ်ဝက် လူသား သားရဲ စသည်အသိညာဏ်ရှိတဲ့သူတွေ ပြီးအသိညာဏ်ရှိပြီ အစွမ်းမပိုင်တဲ့သာမာတိရိစ္ဆာန်ရယ် အသိမပိုင်ဘဲ (ရိုင်းဆိုင်းတယ်၊စကားမပြောနိုင်တဲ့) သားရိုင်းဆိုပြီးရှိတယ်။ သူမ(မင်းသမီး)လေးသတိရသွားတယ်။ ပြီးစိတ်ထဲမှာ "အဲဒါကိုငှက်လို့ခေါ်လို့ရမှာပါနော်.."ဆိုပြီးတော့တွေးနေတယ်။
ပြီးသူမက ငှက်ကိုမျက်လုံးကနေမလွတ်တမ်းကြည့်နေမိတယ်။တချိန်တည်းမှာဘဲ ထိုငှက်ကလေးရဲ့ပျံသန်းပုံဟာ တစ်ချက်လောက်ငိုက်ကျသွားလိုက်ထပ်ပြီးမားမားမတ်မတ်ပြန်ရပ်လိုက် နဲ့တစ်ချက်အတောင်ခတ်လိုက်တိုင်းမသိမသာအောက်ကို ငိုက်ကျလာပြီး အောက်ကိုကျသာထပ်ကျလာပြီး ငှက်ကလည်းမြေအောက်ကိုရောက်ခါနီးလေ သူရဲ့အရွယ်ကလည်းပိုပိုကြီးလာလေ သူရဲ့အတောင်အရောင်လည်းတဖြည်းဖြည်းရှင်းရှင်းလင်းလင်းမြင်ရလေလေဘဲ။
မင်းသမီးလေးကငှက်ကိုကြည့်ရင် ငှက်ကလေးအောက်ပြုတ်ကျတော့မယ်ဆိုပြီး ခန့်မှန်းလိုက်ချင်းဘဲ ငှက်ပြုတ်ကျနိုင်လောက်တဲ့နေရာကိုသွားတယ်။ သစ်ပင်ထူတဲ့နေရာကိုသွားတယ်။ သစ်ပင်တွေရဲ့ကျေးဇူးကြောင့် ငှက်ရဲ့အရိပ်ကပျက်တောက်ပျက်တောက်နဲ့ ဖြစ်လာတယ်။ အဲ့ပျက်တောက်တောက်လေးကို မင်းသမီးလေးရဲ့ခြေပုတိုလေးနဲ့ အစားပုတ်သော်ကြောင့်လုံးဝိုင်းနေတဲ့ခန္ဓာကိုယ်လေးနဲ့ပြေးလိုက်ရာမှာ မမှီတော့ပေ ။
ငှက်ကလေးကသစ်ပင်ပေါ်ပြုတ်ကျပြီး သစ်ပင်ရဲ့အကိုင်းတွေကဒဏ်ရာကိုစွပေးနေသလိုဖြစ်ပြီးပိုဆိုးစေတယ်။ ငှက်ရဲ့ခန္ဓာကိုယ်ဟာသိမ်းငှက်တစ်ကောင်လိုဆိုတော့သေးတဲ့အထဲမပါဘူးလို့ပြောရမယ်။ ငှက်ပြုတ်ကျနေတဲ့ဘေးမှာကိုင်းတွေကပျံကျဲလို့ ပြီးငှက်ကလေးဟာလည်း သူ့ရဲ့ သားရဲလိုမျိုးမျက်လုံးနဲ့မင်းသမီးကိုကြည့်ပြီး သတိလွတ်သွားတယ်။
မင်းသမီးလေးဟာငှက်ကလေးမျက်လုံးမမိတ်ခင်ရောက်သွားတဲ့အတွက် ငှက်ကလေးရဲ့အံသြဖို့ကောင်းတဲ့မျက်လုံးကိုတွေ့ရတော့တယ်။ မျက်လုံးဟာ အပိုင်းသုံးပိုင်းကွဲသလိုလေးဖြစ်နေတယ်။ ပထမအပိုင်းမျက်စံရဲ့ အပြင်ဘက်ဆုံးမှာ လိမ္မော်ရောင်လေးလိုဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ နအတွင်းပိုင်းရောက်လေအရောင်တောက်လေဖြစ်လာခါ နောက်ဆုံးသာရဲလို တုတ်ချောင်းချွန်လေးထောင်ထားတဲ့ပုံစံလေးနဲ့အဆုံးသတ်သွားတယ်။ ငှက်ကိုကြည့်ရဆာနေထွက်ခင်လိုလိုလေးလိမ္မ်ာရောင်လုံးကြီးလည်းမဟုတ်သလို အနီရောင်ကြီးလည်းမဟုတ်ပေ သူရဲအမျက်လုံးနဲ့အတောင်ကတစ်ရောင်တည်းလို့ပင်ဆိုရမလိုဖြစ် နေပြီး။
ငှက်ကလေးသတိမေ့သွားချင်းချင်း အထိန်းတော်ကြီးလည်းရောက်ချလာတယ်။
မင်းသမီးလေးက"အထိန်းတော်ကြီး...အမြန်...ကယ်ပါဦး..ငှက်ကလေးကို...ကယ်ပါဦး"ဆိုပြီးဝမ်းနည်းစွာပြောဆိုလေတယ် ။ ထိုချိန်သူမရဲ့အသံဟာတုန်ရီနေပြီး ပင်လယ်ပြာရောင်မျက်လုံးလေးထဲမှာ မျက်ရည်တွေဝဲကာ တစ်စက်တစ်စက်မျက်ရည်းဘူးသီးလောက်ကျလာတယ်။
YOU ARE READING
THE COLD BLOOD BEASTMAN AND HIS WIFE
Romanceကျန်မချစ်သောသားရဲ ကျန်မအမည်ကအန်နာ အထက်တန်းကျောင်းသူ အအိပ်လွန်ပြီး မှော်အစွမ်းရှိတဲ့ ကမ္ဘာကိုရောက်ခဲ့တယ် ဗယ်ရိုတိုင်းပြည်ရဲ့ ဒုတိယမင်းသမီးတော်အနေနဲ့ပေါ့ ထီးနန်းဆက်ခံဖို့ စိတ်ကူးမရှိတဲ့ ကျွန်မ အင်အားအကြီးဆုံး သတ္တဝါလူသားရဲ့ ချစ်ကြည်ရေးကမ်းလှမ်းမှု့က...