အပိုင်း(3)
ငှက်ကလေးအားပြုစုခြင်း part(2)လက်ကိုကိုင်လိုက်တဲ့မင်းသမီးလေးကိုချီပြီးအထိန်းတော်ကြီးနဲ့မင်းသမီးလေးတို့ဥယျာဉ်ထဲသွားကြတယ်။သေချာတာကတော့ အထိန်းတော့်ကြီးတင်မကဘူးမင်းသမီးလေးရဲ့အစေခံတွေကော်ကိုယ်ရံတော်တွေကော်ပါတယ်။အစေခံတွေကဥယျာဉ်ထဲကစားသောက်ဖို့မုန့်တွေကိုခြင်းလေးတစ်လုံးနဲ့အသေအချာကိုထည့်ယူလာတယ်။
ဥယျာဉ်ကြီးဟာအရမ်းကိုလှပတယ်နေရောင်ခြည်လေရဲ့တောက်ပတဲ့အရောင်နဲ့ စနစ်တကျစိုက်ပျိုးထားတဲ့ပန်းပင်တွေ ကရောင်စုံလှပြီး အစေခံတွေကရေလောင်းပြီးခါစ မလို့စိမ်းစိုနေလျက်ရှိနေတယ်။ ပုံဖော်ပြီးညုပ်ထားတဲ့အပင်တွေကလည်းအရမ်းကိုလှပလွန်းတယ် အလှည်တည့်တည့်ကရေပန်းလေးကလည်းလှပစွာတည်ရှိနေတယ်။ ပြီးအရိပ်ရအောင်စိုက်ထားတဲ့အပင်တွေရယ် အဲ့အပင်အောက်က အစေခံတွေရေဖျည်းထားလို့ စိမ်းတစ်စိုစိုရှိလှတဲ့မျက်ခင်းလေးတွေက အစေခံရဲ့ပြုစုမှုကြောင့် လှပနေတယ်။ အဲ့ရှုခင်းတွေရဲ့အလှဆုံးနေရာမှာ လက်ဖက်ရည်သောက်ဖို့ထားတဲ့ လှပတဲ့စားပွဲခုံး နဲ့ထိုင်ခုံးလေးခုံထဲက တစ်ခုပေါ်ကို မင်သမီးလေးကိုထိုင်စေတယ်။ အစေခံတွေဟာလည်းသူတို့ယူလာတဲ့ မှုန့်တွေ ကိုအလှဆင်ပေးတယ်။ ကိတ်မှုန့်ဘီစကွတ်စသည်ဖြင့် နောက်ပြီးဥယျာဉ်ထဲသွားမှာတော့သေချာပေါက် ကော်ဖီဖြစ်ဖြစ်လက်ဖက်ရည်ဖြစ်ဖြစ်ပါတယ်။ လက်ဖက်ရည်ကိုအရမ်းကိုလှပတဲ့လက်ဖပ်ရည်အိုးထဲကိုယူလာ ပြီးမင်းသမီးလေးအတွက်လက်ဖက်ရည်တစ်ခွက် အထိန်းတော်ကြီးအတွက်လက်ဖက်ရည်တစ်ခွက်ငှဲပေးကြတယ်။
အထိန်းတော်ကြီးကလက်ဖက်ရည် ကိုအထက်တန်းစားလိုသိက္ခာနဲ့သောက်နေစဉ် ကလေးငယ်လေးဖြစ်တဲ့မင်းသမီးလေးကတော့ဘေးနားကမှုန့်တွေကိုလက်နစ်ဖက် လုံး အပြည့်ကိုင်ပြီး ပါးစပ်ထဲထိုးထည့်ပြီးအားရပါးရစားနေပုံ တစ်ချို့မုန့်တွေယူတဲ့ချိန်ဆို အရပ်မမှီလို့ထိုင်နေရာကနေ ခုံပေါ်မှာမက်တပ်ရပ်ပြီးယူရတဲ့အထိလုပ်နေပုံ ကိုမြင်သွားတယ်။
အဲ့လိုစည်းကမ်းမရှိတဲ့အပြုအမှုကိုမြင်တော့ အထိန်းတော်ကြီးခများ အရမ်းကိုသွေးတက်သွားတယ်တဲ့လေ ။ စိတ်ကိုအရမ်းကိုဆင်းရဲသွားတယ်။ ဘာလို့လဲဆိုတော့အဲလိုအပြုအမှုကို မလုပ်ဖို့အကြိမ်ကြိမ်ပြောတယ်။ တခါတလေဆို အဲ့အကျင့်ကိုအစေခံတွေဆီကသင်လာတာလားဆိုပြီး အစေခံတွေဆူတော့ "အဲ့လိုအပြုအမှုကို မင်သမီးလေးရှေ့မှာမလုပ်ပါဘူးအထိန်းတော်ကြီ”ဆိုပြီးပြောကြတယ်။
YOU ARE READING
THE COLD BLOOD BEASTMAN AND HIS WIFE
Romanceကျန်မချစ်သောသားရဲ ကျန်မအမည်ကအန်နာ အထက်တန်းကျောင်းသူ အအိပ်လွန်ပြီး မှော်အစွမ်းရှိတဲ့ ကမ္ဘာကိုရောက်ခဲ့တယ် ဗယ်ရိုတိုင်းပြည်ရဲ့ ဒုတိယမင်းသမီးတော်အနေနဲ့ပေါ့ ထီးနန်းဆက်ခံဖို့ စိတ်ကူးမရှိတဲ့ ကျွန်မ အင်အားအကြီးဆုံး သတ္တဝါလူသားရဲ့ ချစ်ကြည်ရေးကမ်းလှမ်းမှု့က...