ပူအိုက်နေသည့် နွေရာသီကာလမို့ ဂျောင်ဝန်းတယောက် အိမ်ထဲနေရင်းပင် ပန်ကာပိစိလေး အားကိုင်ကာ သွားနေရသည် ။ အခန်းထဲတွင် Air Con ရှိလို့အဆင်ပြေသော်လည်း အခန်းပြင်သို့ခြေတလှမ်း လှမ်းလိုက်သည်နှင့် အပူထုကြီးကရောက်ရှိလာလေသည် ။ မေမေမှ အသီးလာစားအုန်း ဟု အော်ခေါ်သောကြောင့်သာအောက်ထပ်သို့ဆင်းလှရပေသည် ။ ပုံမှန်ဆို ထမင်းစားချိန်ကလွဲ အောက်ထပ်သို့ခြေတလှမ်းမျှ မလှမ်းချေ ။" အခန်းထဲမှာပဲနေနေတာ အသက်တော့ရှိသေးသားပဲ ယန်းဂျောင်ဝန်း "
" မေမေကလဲ ဒီလောက်ပူနေတာကို ဘာလို့အပြင်ထွက်ခိုင်းနေရတာလဲ "
" ပူတာကတော့ငါတို့လဲပူတာပဲလေ ဂျောင်ဝန်းရ ၊ အခန်းထဲအောင်းပြီး ဖုန်းသုံးလိုက် ရုပ်ရှင်ကြည့်လိုက် ဂိမ်းကစားလိုက်မို့ နင့်ကို အပြင်ခေါ်ထုတ်နေရတာ "
" မေမေပြောမှသတိရတယ် ကျွန်တော် ရုပ်ရှင်သွားကြည့်အုန်းမယ်နော် "
ပြောရင်းနဲ့ အသီးပန်းကန် မ ပြီး ပြေးတက်သွားသောဂျောင်ဝန်းကြောင့် မိခင်ဖြစ်သူမှာ စကားပြောလက်စနှင့်ပင် ကျန်ခဲ့တော့သည် ။
ကြည့်လက်စ ဒရမ်မာ အပိုင်းသစ်ထွက်မည်မို့ Spoiler မမိချင်သောကြောင့် အခန်းထဲသို့ရောက်သည်နှင့် Laptop ကိုဖွင့်ကာ Netflix ထဲဝင်နေရင်း တက်လာသော Instagram Noti ကြောင့် ဂျောင်ဝန်းပျော်သွားမိသည် ။
[genius_leopard] : ဘာလုပ််နေလဲ 💬
မျှော်နေသည့်သူဆီမှ စာ ဝင်လာတော့ ဂျောင်ဝန်းပျော်မိသည် ။ ဝင်ထားတဲ့ Netflix site မှထွက်ကာ
Instagramသို့ပြောင်းမိသည် ။[cutie_meowon] : ငါလား? ခုရုပ်ရှင်ကြည့်မလို့လေ
🎥မင်းရော ဘာလုပ်နေလဲ💬[genius_leopard] : မေးစရာလေးရှိလို့၊ မင်းက
ဘယ်မှာနေတာလဲ 💬[cutie_meowon] : မပြောပြပါဘူးနော် 🤨
သိချင်ရင် မင်းနာမည်အရင်
ပြောပြလေ 💬[genius_leopard] : မပြောပြလဲနေပေါ့ ကပ်စေး
ကုပ် 😾😤အိမ်မှာကူပေးစရာ
ရှိလို့ လိုင်းပေါ်ကဆင်းပြီ
တာ့တာ 💬
YOU ARE READING
You are the One //WonKi
FanfictionNi-Ki x JungWon [ENHYPEN ] -ROMANCE -COMEDY Written in Burmese (Unicode) START : 13. 3. 2022 END : THE WHOLE STORY IS JUST MY IMAGINATION ✉️