TWO

371 55 24
                                    


ဘယ်မှာလဲအထွေအထူးသွားစရာမရှိသည်မို့နေ့တဝက်ကျိုးအောင်အိပ်မည်ဟု စိတ်ကူးထားသော်လည်း အခန်းထဲထိ လာနိုးသွားသောမေမေက နီခီ၏စိတ်ကူးများကိုဖျက်ဆီးပစ်လိုက်လေသည်။

" ရီကီ ထတော့ ဘေးအိမ်တွေကို ဆန်မုန့်လိုက်ဝေပေးအုန်း "

" ဟာ အိပ်ချင်သေးတယ် မေမေကလဲ မမကိုပို့ခိုင်းလိုက် "

" မမနဲ့အဖော်လိုက်ပေးလိုက်လေ ရီကီ ခုမှပြောင်းလာခါစကို မမက ပတ်ဝန်းကျင်နဲ့ဘယ်ရင်းနှီးသေးအုန်းမလဲ "

" ထပါပြီဗျာ ၊ ထပြီ မုန့်လိုက်ပို့ပေးတာကို မုန့်ဖိုးပိုပေးရမှာနော် "

" ဘာခိုင်းခိုင်း မုန့်ဖိုးတောင်းနေတော့တာပဲ ဒီကလေးနှယ့်"





မမနှင့်အတူဆန်မုန့်လိုက်ဝေရင်း နောက်ဆုံးဝေရမည့်မျက်စောင်းထိုးအိမ်သို့ပင်ရောက်လာလေသည်။
မုန့်ပေးပြီးပြန်မည်လုပ်သော်ငြားအိမ်ပိုင်ရှင်ဟုထင်ရသည့်အဒေါ်ကြီးက အိမ်ထဲဝင်ပါဟု ဆက်တိုက်ဖိတ်နေသောကြောင့်အိမ်ထဲဝင်လိုက်ရသည်။


" မနေ့ကပြောင်းလာကျတာထင်တယ် ၊ မဟုတ်တောင် အန်တီကလာနှုတ်ဆက်တော့မလို့ပဲ "

" ဟုတ်ကဲ့ မနေ့ကပဲပြောင်းလာတာရှင့်"

" နာမည်လေးတွေကကော ဘယ်လိုခေါ်ကျလဲ ၊ အိမ်ကသားထက်ကြီးမလားမသိ ၊ အိမ်ကသားကတော့ခုထိအိပ်တုန်းကွယ် "

" သမီးကတော့ Nishimura Kononပါ ၊ ဒီဖက်ကမောင်လေး Nishimura Riki ၊ သူ့ကိုက နီခီလို့ပဲခေါ်ကျတယ် "

" ကိုရီးယားလူမျိုးတော့မဟုတ်ကျဘူးထင်တယ်ကွယ် "

" ဟုတ် ဂျပန်လူမျိုးပါ ၊ မူလတန်းလောက်ထဲက ဖေဖေ့အလုပ်ကြောင့် မိသားစုအကုန် ကိုရီးယားကိုပြောင်းလာခဲ့တာ "

" အော် အဲ့သလိုကွယ် ၊ ခဏနော် အန်တီအအေးသွားယူလိုက်မယ် ၊ အအေးသောက်သွားကျ "

မမနှင့်ထိုအန်တီကြီးပြောနေသမျှကိုပြုံးပြီးသာနားထောင်နေရသည်။ သူများအိမ်ရောက်နေတာလဲဖြစ်၊ ပထမဆုံးတွေ့ဆုံခြင်းလဲဖြစ်နေသည်မို့ပြုံးနေရသည်မှာ ဝတ္တရားလိုပင်ဖြစ်နေပေသည်။

You are the One //WonKiWhere stories live. Discover now