နွေရာသီပိတ်ရက်များကျော်လွန်ကာ နီခီကော ဂျောင်ဝန်းပါ ကျောင်းပြန်တက်နေရပြီဖြစ်သည်။ ဂျောင်ဝန်းကတော့ အထက်တန်း ဒုတိယနှစ်ဖြစ်ပြီး နီခီကတော့ အထက်တန်းပထမနှစ်ဖြစ်သည်။ အိမ်ရှေ့တွင်ယောင်လို့ဆုံမိကျရင်တောင် မျက်စောင်းထိုးတတ်သော နှစ်ယောက်က အထက်တန်းကျောင်းတူရုံတင်မက စီးသည့် ကျောင်းဖယ်ရီကားကပါ တူနေသေးသည်။
ပုံမှန်နေ့ရက်တွေအတိုင်း ဂျောင်ဝန်း ကျောင်းကိုရောက်တော့ မုန့်စားဆောင်ဘက်သို့ထွက်လာခဲ့သည်။ မနက်စောစောထဖို့ပျင်းသောဂျောင်ဝန်းဖို့ မေမေပြင်ပေးထားသော breakfast အားအမြဲလွတ်ကာ ကျောင်းရောက်မှ ကန်တင်းတွင်ဗိုက်ဖြည့်ရသည်မှာ အထက်တန်းပထမနှစ်စတက်ထဲကပင်ဖြစ်သည်မို့ကန်တင်းမှအန်တီကြီးများကပင် ဂျောင်ဝန်းကိုရင်းနှီးနေကျပြီဖြစ်သည်။ မနက်စာထိုင်စားရင်း နှစ်ယောက်မရှိသည့်သူငယ်ချင်း ရှင်းမ်ဂျယ်ယွန်းကို စောင့်နေရာမှ ရုတ်တရက် မိန်းကလေးတချို့၏အသံဟာ ဆူဆူညံညံထွက်ပေါ်လာလေသည်။ ဘာဖြစ်သလဲဟု ခေါင်းမော့ကြည့်မိသောအခါ ဂျောင်ဝန်း၏ ရန်သူတော်ဖြစ်သော မျက်စောင်းထိုးအိမ်မှ နီရှီမူရာ ရီခီ ။ ယခုနှစ်မှကျောင်းပြောင်းလာသော နီခီမှာ ကျောင်းစတက်သည့်နေ့ထဲက " ကျောင်းသားသစ်ဂျပန်ကောင်ချောလေး " ဟု အထက်တန်းတတိယနှစ်ပါ သတင်းမွှေးပျံ့သွားခဲ့သည်။ တချို့ကမူ နီခီကို SHINee မှ Key နှင့်လည်းဆင်သည်ဟုပြောကျသေးသည် ။ ထိုဂျစ်တိဂျစ်ကန်ရုပ်အားမိန်းကလေးများက ဘာကြည့်ပြီးသည်းသည်းလှုပ်ကျလဲ ဂျောင်ဝန်းနားမလည်ပေ။
" မောနင်း မြောင်ဝန်း "
" ရှင်းမ်ဂျယ်ယွန်း ကြွလာသေးတယ်နော် ၊ ကျောင်းမလာတော့ဘူးထင်နေတာ "
" တကယ်ကကွာ မင်းဆီအလာ လမ်းမှာ ဆောင်းဟွန်းလေးက ဆရာမနားနေခန်းကိုအိမ်စာ စာအုပ်တွေသွားထပ်မယ်ဆိုပြီးအလေးကြီးသယ်နေတာနဲ့ ငါကူပေးရင် နည်းနည်းနောက်ကျသွားတာပါသူငယ်ချင်းရ ဟဲဟဲ "
" ပတ်ဆောင်းဟွန်းအကြောင်းပြောတာနဲ့သွားကြီးကဖြီးလို့ သွားအအေးပတ်ကုန်ပါအုန်းမယ် "
YOU ARE READING
You are the One //WonKi
FanfictionNi-Ki x JungWon [ENHYPEN ] -ROMANCE -COMEDY Written in Burmese (Unicode) START : 13. 3. 2022 END : THE WHOLE STORY IS JUST MY IMAGINATION ✉️