Intro

2K 119 10
                                    

မှောင်မိုက်နေသောတောအုပ်တခုလုံးအားလအလင်းရောင်ဖျော့ဖျော့သည်တောက်ပစွာဖုံးအုပ်ထား၏။ဘေးပတ်ဝန်းကျင်တခုလုံး၌လည်းအန္တာရယ်အပြည့်ဝန်းရံနေသည့် တောအုပ်ကြီးဖြစ်သည်။


ဝံပုလွေဖြူတစ်ကောင်ဟာတတ်နိုင်သမျှအားသွန်ခွန်စိုက်ပြေးနေပြီး အကာကွယ်ယူနိုင်လောက်မည့်သစ်ပင်ကြီးတခုနားရောက်သည်နှင့်လေအလျင်လိုခြေချောင်းတွေအားရပ်တန့်ကာပုန်းခိုတော့သည်။ သူ့နောက်သို့လိုက်နေသောခြေသံ​တွေအားမကြားနိုင်တော့ပေမယ့်လည်း ထိုသူတို့နှင့်ဝေးရာသို့မပြေးနိုင်သေးမှန်းသိနှင့်၏။


ထိုဝံပုလွေဖြူမှာ မောပန်းနွမ်းနယ်လျက် အသက်ကိုပင်သေလုမျောပါးရှူရိုက်ရင်း ခြေချောင်းတလျှောက်နာကျင်မှုဟာလည်းဆိုးဆိုးရွားရွားပင်။သို့ပေမယ့် အခုသူရပ်တန့်၍မရနိုင်သေး ။ နောက်ဆုံးလက်ကျန်အင်အားတို့အားစုစည်းကာ ပိုပြီးခပ်ဝေးဝေးသို့ရောက်အောင်ပြေးဖို့လုပ်ပေမယ့် ခန္ဓာကိုယ်ဟာစိတ်အလိုကျအတိုင်းဆက်မပြေးနိုင်တော့ပဲရပ်တန့်သွားတော့သ​ည်။ ထို့နောက်နာကျင်နေသောခြေချောင်းတွေဟာတုန်ရီစွာဖြင့်မြေပြင်ပေါ်သို့လဲကျသွားပြီး နောက်ဆုံးသစ်ပင်တစ်ပင်၏နောက်သို့အကာကွယ်ယူပုန်းခိုလိုက်ကာ မျက်ဝန်းပြာလေးတွေတစ်လျှောက် ကြောက်ရွံ့မှုနှင့်အတူမျက်ရည်တို့တွဲလဲခိုလာတော့သည်။ ထို့နောက် လည်ပင်းတစ်လျှောက်ဆွဲထားသော လည်ဆွဲပေါ်သို့လက်ချောင်းတို့နှင့်ထိကိုင်မိတော့

"ဒီလည်ဆွဲကိုအမြဲဝတ်ထား...ဒါကမင်းကိုအကာကွယ်ပေးလိမ့်မယ် လုံးဝမချွတ်ရဘူးနော်သား "

နောက်ဆုံးအကြိမ်ကြားခဲ့ရသောအမေဖြစ်သူ၏အသံအားကြားယောင်လာမိတော့သည်။

"မင်းရဲ့ရနံ့ကိုဖုံးကွယ်ထားပေးလိမ့်မယ် ပြီးတော့ ဘယ်သူ့ကိုမှမသိစေနဲ့ အမေ့သားလေးဘေးကင်းဖို့လိုတယ် "

မျက်ဝန်းပြာတွေအားတင်းတင်းမှိတ်ထားကာလည်ဆွဲအားကိုင်ထားသည်။ ခြစ်ရာတွေအပြည့်ဖြင့်သွေးထွက်နေသောခြေချောင်းတို့တလျှောက်တဆတ်ဆတ်တုန်ရီကာနာကျင်မှုအပြည့်ပင်။ ရနံ့ထွက်မနေဖို့သူမျှော်လင့်မိသည်။ သို့သော် ထိုခြေသံတွေပို၍နီးကပ်လာသည်နှင့်အမျှ သွေးရနံ့အားအာရုံခံမိသွားနိုင်ပြီး သူ့အားရှာတွေ့သွားနိုင်သည်ကိုလည်းကောင်းကောင်းသိနှင့်သည်။

𝙼𝚢 𝙰𝚕𝚙𝚑𝚊 // [ 𝑆𝑢𝑛𝑔𝑗𝑎𝑘𝑒 ]Where stories live. Discover now