Chapter 1

1K 96 2
                                    

"သူကဘယ်သူလဲ"

"ကျွန်တော်လည်းမသိဘူး။ သူ့ကိုဆောင်းဟွန်းခေါ်လာခဲ့တာပဲ "

"ဘယ်လို....သူကသူစိမ်းတစ်ယောက်လေ။ တောထဲမှာတွေ့ခဲ့တဲ့ဝံပုလွေတစ်ကောင်ကိုခေါ်လာခဲ့တယ်ဆိုတော့ ဘာတွေများဖြစ်ခဲ့တာလဲ "

ထားပါ သူဘယ်တော့လောက်နိုးလာမလဲ ကြာဦးမှာလား "

"ခဏနေမိုးလင်းတော့မယ် မကြာခင်နိုးလာတော့မှာပါ "

ကုတင်ပေါ်တွင်အိပ်ပျော်နေသောကောင်လေးကိုနှစ်ယောက်သားစိုက်ကြည့်ရင်းစကားတပြောပြောနှင့်ရပ်နေခဲ့ကြသည်။ ကောင်လေးကိုကြည့်ရတာ သူတို့ထဲကသူတွေနဲ့မတူပဲကွဲပြားနေပုံပေါ်၏။

ကောင်လေးမှာခန္ဓာကိုယ်သေးသေးလုံးလုံးလေးနှင့်နူးညံ့သိမ့်မွေ့ပုံပေါ်သည်။ များသောအားဖြင့်95°/• မှာ alpha မဟုတ်ရင် betaဖြစ်လိမ့်မည်။ သူတို့၏ alpha မှာ omegaတွေအပေါ်အမုန်းတရားရှိသည်ကြောင့် ထိုကောင်လေးသာomegaဆို အိမ်တော်သို့ခေါ်လာလိမ့်မှာမဟုတ်ဘူး။ သူတို့alphaမျိုးနွယ်စုတွေကြားထဲ omegaအနည်းငယ်တော့ရှိပေမယ့် ထိုထဲမှတစ်ယောက်ကတော့ ဆောနူဖြစ်သည်။

alphaတွေကြားထဲomegasဖြစ်သည့်ဆောနူဟာ သူတို့၏ alphaခေါင်းဆောင်နှင့်ငယ်စဥ်တည်းကအတူကြီးပျင်းလာခဲ့ကြပြီး ညီအစ်ကိုရင်းချာနှင့်မခြားသောကောင်လေးဖြစ်သောကြောင့် ထိုနေရာတွင်နေထိုင်ခွင့်ရခဲ့သည်။ alphaခေါင်းဆောင်ဟာ omegaဆောနူတစ်ယောက်ကိုတော့အကြွင်းမဲ့ယုံကြည်ပေးချင်ပါသည်။ ဒါပေမယ့် alphaတွေကြားထဲ omegaအနေဖြင့်ရှိနေခြင်းဟာဆောနူအတွက်အန္တာရာယ်များ၍ သူတို့နှင့်ဝေးရာသို့ထွက်သွားရန်မောင်းထုတ်ခဲ့သည့်အချိန်တွေလည်းရှိပေမယ့် ဆောနူမှာကိုယ့်ကိုအပြည့်အဝကာကွယ်ပေးမည့်သူ့ရဲ့mateကိုရှာတွေ့ခဲ့သည်ကြောင့်ပြသနာကြီးကြီးမားမားတော့မရှိပေ။

"ဟော သူနိုးလာပြီ "

နှစ်ယောက်လုံးထိုကောင်လေးအားစိတ်ဝင်စားစွာကြည့်နေကြမိသည်။ သူ့မျက်လုံးတွေပွင့်လာတော့ မျက်ဝန်းပြာလေးတွေအားတွေ့ရှိလိုက်ရသည်နှင့် နှစ်ယောက်လုံးအံ့အားသင့်မိလျက်။ အပြာရောင်မျက်ဝန်းတွေသည် omegaတွေကိုကိုယ်စားပြုစားသောအဓိကမျက်ဝန်းအရောင်ဖြစ်သည်ကြောင့် တကယ်လို့ထိုကောင်လေးသည်သာ omegaတစ်ယောက်ဖြစ်နေမည်သာဆို သူတို့၏alphaဟာထိုကောင်လေးအားသေချာပေါက်ခေါ်လာလိမ့်မှာမဟုတ်ပေ။

𝙼𝚢 𝙰𝚕𝚙𝚑𝚊 // [ 𝑆𝑢𝑛𝑔𝑗𝑎𝑘𝑒 ]Where stories live. Discover now