Chapter 4

756 91 58
                                    

ဂျယ်ယွန်းလေကောင်းလေသန့်ရှူရင်း စိတ်ပြေလက်ပျောက်အပြင်ဘက်သို့ထွက်လာခဲ့တယ်။ဆောင်းဟွန်းနှင့်ဝေးရာသို့ထွက်လာခဲ့ပေမယ့် စိတ်အစုံသည်တော့alpha၏အထိအတွေ့တွေထဲမှရုန်းထွက်၍မရနိုင်သေး။ ဖြစ်နိုင်ရင်ဆောင်းဟွန်းရင်ခွင်ထဲသို့အပြေးသွား၍ အနွေးဓာတ်ကလေးအားခံယူချင်မိပါသည်။



စိတ်သွားရာကိုယ်မပါနိုင်တဲ့အခါ ​Alpha၏မျက်ဝန်းတွေဖြင့်အကြည့်ဆုံမိချိန်တိုင်း ၊ ထိုpheromoneရနံ့တို့အားရှူရှိုက်မိချိန်တိုင်း နှင့် ဆောင်းဟွန်း၏အထိအတွေ့တွေအောက်၌ betaတစ်ယောက်လိုပြုမူနေထိုင်နိုင်ရန်ဂျယ်ယွန်းအတွက်ခက်ခဲလွန်းပါ၏။



လေးလံနေသောစိတ်အစုံအားဖြေဖျောက်ဖို့ရန် alphaမိန်းကလေးပြောဖူးသည့်အတိုင်း လုံခြုံသောလမ်းကြောင်းတလျှောက်တည့်တည့်လျှောက်လာခဲ့ပြီး ကြာပန်းကလေးတွေပွင့်ဝေနေသောရေကန်ငယ်လေးနားဆီသို့ရောက်လာခဲ့ပြီးနောက် ခြေလှမ်းတို့ရပ်တန့်ကာ မျက်ဝန်းတို့မှာတောအုပ်ဆီ၌အရင်းခံလေသည်။


လိပ်ပြာလေးတစ်ကောင်ပျံဝဲနေသည်ကိုမြင်လိုက်ရစဥ်မှာပဲ နှုတ်ခမ်းထောင့်စွန်းလေးကွေးတက်၍ သဘောတကျပြုံးမိကာ ခြေလှမ်းတို့အားတရွေ့ရွေ့လှုပ်ရှားမိပြီး ထိုအသည်းယားစရာအကောင်ငယ်လေးအားဖမ်းဆုပ်ချင်မိသည်။

သို့သော် alphaမိန်းကလေးပြောခဲ့ဖူးသော ထိုကြာရေကန်ငယ်ရှိရာလမ်းကြောင်းအတိုင်းဆက်လျှောက်သွားမည်ဆို အန္တရာယ်ရှိနိုင်သည်ဆိုသည့်သတိပေးချက်အား ဂျယ်ယွန်းခဏတာမေ့ပျောက်သွား၏။



ထို့နောက်တွင်တော့ ရေကန်တစ်လျှောက်သာ ဖြည်းညှင်းစွာတရွေ့ရွေ့လျှောက်လာပြီး မနီးမဝေးအကွာအဝေးမှာပဲ ထိုလိပ်ပြာလေးအားခုန်ပေါက်၍ နီတာရဲလက်ဖဝါးလေးထဲသို့ အလျင်​​မြန်ဖမ်းဆုပ်လိုက်သော်ငြား



"မပြေးပါနဲ့ ငါမင်းကိုအန္တာရာယ်မပြုပါဘူး"



တချိန်တည်းမှာပဲ မျက်စိရှေ့တင်ခပ်မြင့်မြင့်ပျံသန်းရင်းအဝေးဆုံးသို့ထွက်ပြေးသွားလေသောလိပ်ပြာလေးအား ဂျယ်ယွန်းလက်လွှတ်ခဲ့ရပြန်ပါသည်။



𝙼𝚢 𝙰𝚕𝚙𝚑𝚊 // [ 𝑆𝑢𝑛𝑔𝑗𝑎𝑘𝑒 ]Where stories live. Discover now