မောင့်ကိုမုန်းတယ်

1.7K 44 2
                                    

(အတိတ်နေ့ရက်များစီသို့)

၆လပိုင်း၁ရက်နေ့ တက္ကသိုလ်ဝင်တန်းတက်ရမဲ့နှစ် ကျောင်းသူကျောင်းသားတွေသည် ဘဝတဆစ်ချိုးဖြစ်တဲ့တက္ကသိုလ်ဝင်တန်း ကိုတက်ရောက်ဖို့ အထူးစိတ်လှုပ်ရှားနေကြပါတယ်~~

သို့သော် အိမ်လေးတစ်အိမ်မှာတော့ ~~~

"ဆောင်းဦးမိုးရေ!!"

"..........."

"ဆောင်းဦးမိုး နှိုးနေတုန်းထနော် ငါအခန်းထဲထိလာနှိုးရင် ဘာဖြစ်မလဲ နင်သိတယ်နော်"

ဟုတ်ပါတယ်ထင်တဲ့အတိုင်း ဆယ်တန်းတတ်ရမှာစိတ်မလှုပ်ရှားပဲကုလားသေကုလားမော အိပ်ပျော်နေသည့် ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ပါရှင်~~

"ထပြီလို့!! မားကလဲ ကျောင်းတက်ရမှာသားပါနော်မားမဟုတ်ဖူးနော်"

"အက်မလေးဟယ် ငါသာနင့်အစားသွားတက်လိုက်ချင်တယ် ငါသာနင့်နေရာမှာဆို ရေမိုးချိုးပြင်ဆင်ပြီးလို့ကျောင်းတောင်ရောက်နေပြီ အဲ့ဒါသိလား ဝမ်းနာသားရဲ့"

".........."

"ဟဲ့ ပြန်အိပ်မနေနဲ့ ထရေချိုး တော့ ကျောင်းပထမဆုံးတက်တဲ့နေ့မှာ ကျောင်းပျက်တဲ့ ဆောင်းဦးမိုးဆိုပြီးနာမည်ကြီးချင်လို့လား"

"နာမည်ကြီးပဲသားပဲကို မားကလည်း"

"အော် ဒီကလေးကတော့ ငါ့နှယ် ဒီကလေးနဲ့‌ေတာ့ရေသွားချ်ိုးတော့သွား"

"ဟုတ်မားး"

ကျောင်းကိုဘာလို့မနက်ပိုင်းဖွင့်မှန်းမသိဖူး အိပ်ရေးပျက်ပါတယ်ဆိုမှ ဘော
~~~~~~~~~~
"မား သားကျောင်းသွားတော့မယ် "

"ဟဲ့မနက်စာစားသွားဦးလေ"

"တော်ပြီမားရေ နောက်ကြနေပြီ "

"ဖြစ်ရမယ် ငါပြောသားပဲစောစောထပါဆို ပေတိပေကပ်လုပ်နေတာကို"

ပွစိပွစိပြောရင်း ပိုက်ဆံအိတ်ကိုဖွင့်ပြီး အယ်ငါးထောင်တန်လေးတော့ မားသားကြီးသဘောတွေဇွတ်ကောင်းနေပါလား ပွစိပွစိပြောနေရင်း ပိုက်ဆံထုတ်ပေးလာသည် ပိုက်ဆံလေးလက်ထဲရောက်တာနဲ့စက်ဘီးယူပြီး အမြန်ပြေးထွက်လာခဲ့တယ် မဟုတ်ရင် ဆုံးမသြဝါဒတွေခြွေလို့ပြီးတော့မှာမဟုတ်ဖူးလေ~~~~~

မောင့်ကိုမုန်းတယ်(Complete)Where stories live. Discover now