" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 5 )

134 11 4
                                    

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "

       အခန်း ( ၅ )

      ဝန်းရံခတစ်ယောက် ကျောင်းနားရက်မို့ အိမ်မှာသန့်ရှင်းရေးလုပ်နေလေတော့သည်။

" သားရေ မပြီးသေးဘူးလား "

       မိခင်ဖြစ်သူ ဒေါ်ခင်ခင်ခ၏ခေါ်သံပင်ဖြစ်သည်။ ဝန်းရံခသည် ဦးဘုန်းနေဝန်းနှင့် ဒေါ်ခင်ခင်ခတို့၏ သားဖြစ်သည်။

" ပြီးတော့မယ် မေမေရေ "

" အေး ပြီးရင်လည်း ရေမိုးချိုးတော့ ခဏနေ ဧည့်သည်တွေလာမှာ "

" ဟုတ်ကဲ့ပါဗျာ "

      တကယ်လည်းဟုတ်ပါသည် ဒီနေ့မှာ မိဘတွေရဲ့ အသိမိတ်ဆွေများ အိမ်သို့အလည်လာကြပေမည်။ နေ့လည်စာစားကြပြီး သူတို့ရဲ့ကိစ္စများလုပ်ငန်းကိုင်ခန်း တွေဆွေးနွေး ငယ်ငယ်ကကိစ္စတွေပြန်ပြောကြမှာဆိုတာ ဝန်းရံခအတပ်သိနေသည်။ ဝန်းရံခကလည်း ထိုကဲ့သို့သော အပြုအမူလေးတွေကို မနှစ်သက်တာနဲ့ အရမ်းအဆင်မပြေဖြစ်ရသည်။ ယခုတောင် မိဘများက သေချာပြောထားလို့ အခုလိုသန့်ရှင်းရေးလေးဝိုင်းလုပ်ပြီး ရေမိုးချိုးနေတာပါ။

       ဝန်းရံခလည်း ရေမိုးချိုးပြင်ဆင်ပြီး အောက်ရောက်တော့ မကြာပါဘူး မိဘတွေရဲ့ မိတ်ဆွေဆိုသူများရောက်လာကြလေတော့သည်။ အကောင်းစားမိသားစုဇိမ်ခံကားလေးပေါ်မှာ ဖေဖေမေမေတို့၏ မိတ်ဆွေများက ဆင်းလာကြသည်။ ပြောရလျှင်တော့ အိမ်ကို မိဘတွေရဲ့မိတ်ဆွေတွေက လာခဲပါသည်။ အခုသူကြည့်လိုက်တော့

" ဟင် ဦးကောင်းသစ်ပါလား ဘယ်သူများလဲလို့ "

      ဟုတ်ပါသည် ကောင်းရဲ့ဖေဖေ ဦးကောင်းသစ်ပါ။

" ဒါဆို သူ့ဘေးက အမျိုးသမီးက ကောင်းရဲ့မိထွေးပေါ့ "

     အမှန်ပြောရရင် ကောင်းရဲ့မိသားစုပြိုကွဲပြီးကတည်းက ကောင်း၏အိမ်သို့သူမရောက်ဖြစ်ခဲ့ပါ။ ကောင်းနဲ့လည်း အပြင်မှာသာတွေ့ပြီး ကောင်းကသာ သူအိမ်ကို လာတက်ပေသည်။ တစ်ခါတစ်လေတော့ သူရဲ့ကိုယ်ပိုင်တိုက်ခန်းလေးကို ခေါ်သေးသည်။ သူလည်းအလိုက်သိစွာဖြင့် ကောင်းအိမ်သို့ မသွားခဲ့ပေ။ ဒါကြောင့်လည်း ကောင်း၏ မိထွေးဖြစ်သူ ထိုအမျိုးသမီးကိက သူမတွေ့ခဲ့ဖူးသေးပေ။ ပြောရလျှင်တော့ ကောင်း၏မိထွေးဖြစ်သူသည် အလွန်လှသော ကျက်သရေရှိသော အမျိုးသမီးကြီးတစ်ဦးဖြစ်ပါသည်။ သူလည်း ဦးကောင်းသစ်ကို အပြေးလေးနှုတ်ဆက်လိုက်လေတော့သည်။

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " Where stories live. Discover now