" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "
အခန်း ( ၁၇ )
သုံးပန်လှတစ်ယောက် အခန်းလေးရဲ့ ဝရံတာကို ထွက်လာခဲ့သည်။ လိမ္မော်ရည်ခွက်လေးကို ကိုင်ပြီး အခန်းထဲမှ ဝရံတာကို အရောင် ဘေးကပ်ရပ်အခန်းဖြစ်သော အခန်းကနေ ကောင်းညို့မာန်လည်း တိုက်ဆိုင်စွာ ထွက်လာခဲ့သည်။ စီးကရက်သောက်မလို့နဲ့ တူပါရဲ့။ စီးကရက်ဘူးလေးကို မီးခြစ်လေးနဲ့အတူ ကိုင်ပြီး ထွက်လာသည်။ သူ့ကိုတွေ့တော့ ရယ်ပြခြင်း၊ ပြုံးပြခြင်းတို့လည်း မရှိသလို မကြိုက်သောအပြုအမူလည်း မပြ။ တစ်ခါမှ မသိခဲ့သော ပုံစံလေးဖြင့်သာ နေပြီး သူ့အလုပ်သူ လုပ်နေတော့သည်။ စီးကရက်တစ်လိပ်ကို ကောက်ထုတ်ကာ သူရဲ့ ဆွဲငင်အားဆန်သော နှုတ်ခမ်းလေးနဲ့ ထိတေ့ပြီး မီးခြစ်လေးကို မီးညှိ့လိုက်ကာ တစ်ဖွာလောက် ရှိုက်ပြီး မှုတ်ထုတ်လိုက်ပုံက တကယ့်ကို ညို့ငင်အားပြင်းပြင်းနဲ့ တစ်ဖက်သားကို ဆွဲဆောင်နေသလိုပင်။
သုံးပန်လှလည်း ပထမ ပြုံးရယ်ပြဖို့ အတွေးရှိနေပေမဲ့ ကောင်းရဲ့ပုံစံက ချေမိုးလွန်းနေတော့ သူရဲ့ပုံမှန်အတိုင်းပဲ ပန်ပန်လည်း ဆက်နေကာ ခပ်တည်တည်ပင် သူ့ဘက်ခြမ်းကို မျက်နှာမူလျှက် အချိုရည်လေးအား သောက်နေလိုက်ဝောာ့သည်။
ငါးမိနစ်ခန့်နေတော့ ကောင်းညို့မာန်ရဲ့ ဖုန်းလေထမြည်လာတော့ ကောင်းညို့မာန်လည်း ဖုန်းပြောရင်း အခန်းထဲပြန်ဝင်သွားလေတော့သည်။ သူသေချာကြားလိုက်တာကတော့ ဝတ်ရည်ကိုပါ။ သုံးပန်လှလည်း သူမမျက်နှာလေးမှာ လှလှပပလေး အပြုံးတစ်ပွင့်ကို ပြုံးရင်း သူမလည်း အခန်းထဲဝင်ကာ ဖုန်းကောက်ဆက်လိုက်လေတော့သည်။
" ဟယ်လို မာမီလား "
" ဪ သမီးပန်ပန်လား အန်ကယ်လ်ကောင်းပါ သမီးမေမေ ရေချိုးနေလို့ "
" ဪ ဟုတ်ကဲ့ အန်ကယ်လ် ပန်ပန်က မာမီကို သတိရလို့ပါ အဲတာ မာမီဆီ အလည်လာရင် ကောင်းမလားပြောမလို့ပါ "
" ဟာ သမီးလေး ပန်ပန်က အန်ကယ်လ်တို့ဆီ လာလည်မလို့လား "
" အဓိက က မာမီပါ "
YOU ARE READING
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "
Fanfictionအရမ်းချစ်တက်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးဂရုစိုက်ကြပေမဲ့ ချစ်တယ်ဆိုသော စကားလေးကို မဖွင့်ပြောကြပဲ သဝန်တိုမှုတွေ၊ ရလိုမှုတွေ၊ ပေးဆပ်မှုတွေနှင့် လူငယ်ဆန်ဆန် ဂျစ်တစ်တစ်ပြုမူမှုလေးတွေကနေ တစ်ယောက်နှင့်တစ်ယောက် လက်လွတ်မခံနိုင်တော့တဲ့အခါ သူတို့ဘယ်လိုမျာ...