"ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "
အခန်း ( ၉ )
သုံးပန်လှတစ်ယောက် မိုးညနွေ၊ ရော်ရွက်ဝါတို့နှင့်တွေ့ဆုံရန် Ame နဲ့အတူတူထွက်လာလေတော့သည်။
" ပန်ပန် ကောင်းနဲ့ ဝန်းရံခတို့လည်း လာမယ်ကြားတယ်နော် "
" လာမှာပေါ့ မလာလို့ဘယ်ဖြစ်ပါ့မလဲဟ "
" အခုကိစ္စက အရေးကြီးတယ်နော် "
" အေးလေ အဲ့တာကြောင့်လည်း လာကိုလာရမှာ "
တကယ်တော့ ဒီနေ့လေးဟာ အခြားတော့မဟုတ်ပါပေ။ လုပ်ငန်းရှင်များ ညှို့နှိုင်းဆွေးနွေးပြီးတော့ ဂုဏ်ပြုညစာစားပွဲလေးပါ။ အဓိကကတော့ ရော်ရွက်ဝါတို့ရဲ့ မိဘတွေက အထူးတလည်ဖိတ်ကြားရင်း သားသမီးတွေကိုပါ ပွဲထုတ်တာမို့ ဂုဏ်ရှိန်ဓာနရှိန်တွေရဲ့ အထူးပွဲဆိုလည်းမမှားပေ။
ရွှေဝါရောင်တွေလဲ့မှုန်နေတဲ့ ဂါဝန်ရှည်အသားပျော့လေးကို ဝတ်ဆင်ထားပြီး မျက်နှာလေးကို ခပ်ပါးပါးလေးခြယ်လို့ သုံးလက်မခန့်အမြင့်ရှိသော ဒေါင့်ဖိနပ်လေးနှင့် ရွှေမှုန်မင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်နိုင်တဲ့ သုံးပန်လှဟာ ကားပေါ်ကနေဆင်းတာနဲ့ အားလုံးရဲ့မျက်လုံးက သူ့ဆီသို့ ရောက်လာကြလေတော့သည်။ Ame ကတော့ အပြာရောင်လက်လက်ကလေးကို ဝတ်ဆင်ထားခဲ့သည်။မိုးညနွေနဲ့ ရော်ရွက်ဝါတို့ကတော့ အလှဆုံးပြင်ဆင်ထားလေတော့သည်။ အိမ်ရှင်လည်း ဖြစ်နေတာမို့ အတော်လေးကိုတော့ ဝတ်စားထားကြသည်။ လည်ပင်းလေးပေါ်မှ ဘယက်လေးတစ်ခုတည်းပင် တန်ဖိုးက သိန်းကထောင်ချီကျော်နေမှန်း သိသာလေတော့သည်။
ည ရှစ်နာရီခန့်ရှိနေလေပြီး ခြံဝင်းထဲသို့ ကားလေးတစ်စီးမောင်းဝင်လာပြန်သည်။ ဟုတ်ပါသည် ကောင်းညို့မာန်ရဲ့ ပြိုင်ကားလေးပါ။ ကားပေါ်ကနေ ကောင်းညို့မာန်နဲ့ ဝန်းရံခတို့နှစ်ယောက်ဆင်းလာကြသည်။ အလှဓာတ်ပုံလေးအရိုက်ခံပြီး ဧည့်ခံပွဲနေရာလေးသို့ လျှောက်လာကြလေသည်။ ရွယ်တူတွေလည်းရှိကြသလို လုပ်ငန်းရှင်ကြီးတွေလည်းရှိကြတာမို့ အတော်လေးစည်ကားတဲ့ပွဲပါ။ သူတို့နှစ်ယောက်ကိုတော့ လူငယ်အချို့က စောင်းကြည့်ပြီး တီးတိုးပြောကြလေတော့သည်။
YOU ARE READING
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား "
Fanfictionအရမ်းချစ်တက်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးဂရုစိုက်ကြပေမဲ့ ချစ်တယ်ဆိုသော စကားလေးကို မဖွင့်ပြောကြပဲ သဝန်တိုမှုတွေ၊ ရလိုမှုတွေ၊ ပေးဆပ်မှုတွေနှင့် လူငယ်ဆန်ဆန် ဂျစ်တစ်တစ်ပြုမူမှုလေးတွေကနေ တစ်ယောက်နှင့်တစ်ယောက် လက်လွတ်မခံနိုင်တော့တဲ့အခါ သူတို့ဘယ်လိုမျာ...