Unicode
ပြတင်းပေါက်ကနေ အလင်းရောင်ဟာ အဖြူရောင် လိုက်ကာစကို ဖြတ်သန်းပြီး ကုတင်ပေါ်က ကောင်လေးဆီကို ဦးတည်နေလေတယ်။
နေရောင်တို့ဟာ မျက်ခွံနုနုလေးတွေကို လာရိုက်ခတ်လေတော့ မူပိုင်နှုတ်ခမ်းဆူဆူလေးတို့ဟာ ပို၍ပင်တိုးထွက်လာတော့သည်။
အခန်းထဲကို ခြေသံဖွဖွနဲ့ တိုးတိုးကလေး ဝင်ရောက်လာတဲ့ အရပ်ရှည်ရှည်နှင့် အမျိုးသားမှာလည်း သူ၏ မူပိုင်ကလေး နိုးသွားမှာ စိုးသည့်အလား။ ကုတင်ပေါ်ကို ပုံမှန်ထက် ပိုငြင်ငြင်သာသာတက်လာ၍ မျက်စိရှေ့က ထို မူပိုင်ကလေးရဲ့ ဆံပင်တွေကို အမြတ်တနိုး ပွတ်သပ်ရင်း နှဖူးပြင်နုနုကလေးကို နမ်းရသည်မှာ ပဲ့သွားမှာ စိုးသည့်အလား။
"ရှင်းမ် ထတော့လေ"
"အာာ အစ်ကိုကလည်း မထချင်ဘူးလို့"
"ဒီနေ့ အပြင်သွားမယ်လို့ ပြောထားတယ်လေရော်"
"နေပူတယ် မသွားချင်တော့ဘူး"
ဒီကလေးဟာ အမြဲဒီလိုကြီးပင်။ ညဘက်ဆို ဟိုသွားချင်တယ် ဒီသွားချင်တယ် ဟုသာ ပူဆာနေတာ တကယ်သွားတော့မယ်ဆို အကြောင်းပြချက်မျိုးစုံဖြင့် မသွားချင်တော့ပြန်ပေ။
"ရှင်းမ်း!"
"ဘာလဲဗျာ"
"ပင်လယ်ဆီသွားမှာကို တကယ်မသွားချင်ဘူးလား"
"ပင်လယ်??"
"အွန်း...မသွားဘူးလား"
မျက်စိရှေ့က ချစ်စရာအတိကောင်လေးဟာ အလိုမကျဖြစ်နေပုံရတဲ့ မျက်ခုံးတွေကို တွန့်ချိုးထားရာကနေ "ပင်လယ်" ဟူသော အသံကြားသည်နဲ့ အတင်းမှိတ်ထားတဲ့ မျက်လုံးတွေဟာလည်း နှစ်ခါပြောစရာမလိုအောင်ပင် ပွင့်လာလေရဲ့!
ပင်လယ်ကို ချစ်တဲ့ ကလေးငယ်က သူကိုယ်တိုင် ပင်လယ်နဲ့ တူတယ်ဆိုတာကိုတော့ သိမည့်ပုံမပါ်ပေ။
"သွားမှာ!"
"သွားချင်ရင် ထလေဗျာ"
"ချီ မထချင်သေးဘူး"
"မထချင်သေးရင် ဒီနေ့ မသွားပဲ နေမလား"
"မရဘူး သွားမှာ!
ခင်ဗျား ချီလို့!"
YOU ARE READING
IMAGINE (Eden Contest)
Short Storyနောက်ဆုံးချိန်ထိ ကျွန်တော်က မရှိခဲ့ဖူးတဲ့ အမှတ်တရတွေကိုပဲ ဖြစ်ဖြစ် တွေးရင်း အသက်ရှင်နေချင်ပါတယ်။ နောက်ဆုံးအချိန်ထိ ကျွန်တော်က မရှိတဲ့ အမှတ်တရတွေကိုပဲ ဖြစ်ဖြစ် တွေးရင်း အသက်ရှင်နေချင်တယ်။ Hope you enjoy this :> < 3