Unicode
တစ်ကိုယ်လုံးရဲ့ နာကျင်ခြင်းနှင့် အတူ ထပ်ပြီး အိပ်မရတော့ပြန်တဲ့ ညပင်။ ကုတင်ပေါ်ကနေ ခြေရင်းနားက နံရံကပ်နာရီကို လှမ်းကြည့်မိတော့ ညသန်းခေါင်၁နာရီ ထိုးနေပြီပင်။
Sim jaeyun သည် သာမာန် စာရေးဆရာလေးပင်။ အတည်တကျ အလုပ်အကိုင်ကတော့ ရိုးရိုးကုမ္မဏီ ဝန်ထမ်းသာ။ သို့သော်လည်း လွန်ခဲ့တဲ့ ၁နှစ်က စပြီး အလုပ်ကထွက်လိုက်သည်။ အကြောင်းမှာ သူ့ရဲ့ ရောဂါကြောင့်ပင်။
အသက် ၂၃ နှစ်အရွယ် လူငယ်ပေမဲ့ အာရုံကြော အလွန်အမင်းအားနည်းနေသည်ကို ခံစားနေခဲ့ရသည်။ လူကြောက်တတ်သူမို့ ဆေးရုံမသွားခဲ့၍ ပိုဆိုးလာသည်။ ပြောရရင်တော့ သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်ထားသောလူပင်။ လူတစ်ယောက်ကြောင့်သာ သူတောင့်ခံနေနိုင်ခဲ့သည်။
အီဟီဆွန်း။ ဂျယ်ယွန်း၏ အထက်တန်းကျောင်းကတည်းက သဘောကျခဲ့ရသော စီနီယာအစ်ကိုပင်။ လူကြောက်တတ်တဲ့သူ့ကို အားပေးစကားတွေ အများကြီး ပြောပေးတဲ့ အစ်ကို။
အခုတော့ ဂျယ်ယွန်းနှင့် အများကြီး ဝေးကွာနေပြီပင်။
အထက်တန်း ပထမနှစ်မှာတင် ကျောင်းပြောင်းသွားတဲ့ အစ်ကိုက idol ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါသည်။ အစ်ကိုမရှိသည့် နောက်ပိုင်းရက်တွေဟာ သူ့အတွက်က အိပ်မက်ဆိုးလို နေ့ရက်တွေသာ။
ကျောင်းရဲ့ အနိုင်ကျင့်တတ်သော အုပ်စုဆီမှလည်း အနိုင်ကျင့်ခံရသည်။ နဂိုတည်းက လူကြောက်တတ်သော ဂျယ်ယွန်းမှာ နေ့တိုင်းလိုလို ကြောက်ရွံ ခဲ့ရသည်သာ။
အခုတော့ ထိုအုပ်စုမှာလည်း သူ့လမ်းနှင့် သူသွားပြီသာ။
အစ်ကိုကတော့ နာမည်ကြီး ent: အောက်ကနေပြီး solo debut ပြီး အချစ်တွေ အများကြီး ခံနေရသည်။ တကယ်လည်း အချစ်တွေ အများကြီးနဲ့ ထိုက်တန်တဲ့ ကျွန်တော့်ရဲ့ အစ်ကိုပင်။
အသံလေးကြားရုံနဲ့တင် အားအင်တွေ ရပြီး အစ်ကို ပြုံးနေတာကို မြင်နေရရင် အကုန်ပြည့်စုံပြီဟု ထင်ခဲ့သည်။
အာရုံကြော အားနည်းသည်မှာ ရောဂါတစ်ခုဆိုတာ သိပြီးနောက်မှာ အစ်ကိုရှိနေခဲ့သည်ဆိုတဲ့ စိတ်ကူးလေး....အဲ့စိတ်ကူးလေးနဲ့ ကြိုးစားခဲ့သည်။
YOU ARE READING
IMAGINE (Eden Contest)
Short Storyနောက်ဆုံးချိန်ထိ ကျွန်တော်က မရှိခဲ့ဖူးတဲ့ အမှတ်တရတွေကိုပဲ ဖြစ်ဖြစ် တွေးရင်း အသက်ရှင်နေချင်ပါတယ်။ နောက်ဆုံးအချိန်ထိ ကျွန်တော်က မရှိတဲ့ အမှတ်တရတွေကိုပဲ ဖြစ်ဖြစ် တွေးရင်း အသက်ရှင်နေချင်တယ်။ Hope you enjoy this :> < 3