Hyung,I'm sorry

258 32 0
                                    

Unicode

အိမ်ပြန်ရောက်သည်နှင့် ဘာကိုမှ အရင်မလုပ်နိုင်။ ရေချိုးခန်းထဲပြေး ရေမိုးချိုးရသည်မှာ covid မှ ပေးသွားလေသော အကျင့်။

ဂျယ်ယွန်း ရေမိုးချိုးပြီးတဲ့ နောက်မှာ မျက်နှာသစ်ဖို့ ဘေစင်ရှေ့ရောက်နေသည်။ သို့သော် မျက်နှာသစ်တဲ့ အမှုဆီကို မရောက်နိုင်သေးပဲ လက်ကိုသာ အချိန်တော်တော်ကြာသည် အထိ စိုက်ကြည့်နေမိသည်။

ဘာကိုင်ကိုင် ပြုတ်ကျပြီး လက်တွေစူးအောင့်လာတတ်သည်မှာ တစ်ခါနှစ်ခါမက။ အစ်ကိုစိတ်ပူမှာ စိုး၍သာ မျက်နှာမပျက်အောင် သည်းခံခဲ့ခြင်း။

လွန်ခဲ့သော ၂ပတ်ခန့်က>>>>>

အချိန်အားဖြင့် ညသန်းခေါင် ၂နာရီပင်။ ဂျယ်ယွန်းမှာ အဲကွန်းအအေးကြောင့် နိုးလာရပြန်သည်။ စောင်အထူကြီးကို ခြုံထားပေမဲ့ အအေးမကြိုက်တဲ့သူက အဲကွန်းအအေးလျော့ထားသည်ကိုပင် အတော်အေးနေလေပြီ။ ထပိတ်လိုက်လို့ ရပေမဲ့ အစ်ကိုကပူလာမှာပင်။

အအေးဒဏ်ကို ပျောက်လိုပျောက်ငြား ကုတင်တစ်ဖက်မှာ အိပ်ပျော်နေသူ၏ ရင်ခွင်ကို လိုက်ရှာမိသည်။

ညအိပ်မီးဝါဝါရဲ့ အရောင်ဟပ်မှုဟာ အစ်ကို့ရဲ့ မျက်နှာကို မြင်ရရန် လုံလောက်နေခဲ့သည်။

နှဖူးပေါ်မှာ ဖရိုဖရဲပြိုဆင်းနေတဲ့ ဆံမျှင်လေးတွေကို မျက်လုံမစူးအောင် အတန်ငယ် သပ်တင်ပေးလိုက်တော့ အမြဲတမ်း သူ့ရဲ့ အားအင်လေးအဖြစ် ရှိနေခဲ့တဲ့ မျက်ဝန်းလေးတွေဟာ အနားယူနေသည်မို့ မျက်တောင်စိပ်စိပ်ကလေးတွေနဲ့ မျက်ခွံခပ်မို့မို့လေးဟာ သေချာမြင်ရပြီပင်။

အစ်ကို့ရဲ့ မျက်ခွံလေးတွေကို လက်ချောင်းနဲ့ အသာအယာ ပွတ်ဆွဲပြီး ပိုင်ရှင်မသိအောင် ခိုးနမ်းမိသည်။ အစ်ကိုသိရင်တော့ သူ့ကို လိုက်စနေပါဦးမည်။

အဖျားကော့တက်နေတဲ့ နှာတံလေးကိုလည်း အလွတ်မပေးချင်ပေမဲ့ အကယ်၍ အစ်ကို့ရဲ့ မျက်ခွံနုနုလေးတွေ ပဲ့ပါသွားရင် ဘယ်နှယ့်လုပ်မတုန်း။

အတန်ငယ်ရေငတ်လာပေမဲ့ အခန်းထဲမှာ ရေဗူးက မရှိသည်မို့ အပြင်ထွက်ရတော့မည်ပင်။

IMAGINE (Eden Contest)Where stories live. Discover now