If for him....( 10 )🖇❣
မောင့်အတွက်ဆိုလျှင်.....
"" ထယ်လေး နိုးနေပြီလား နိုးရင်
ထတော့လေ ထယ် ဒီနေ့
ကျောင်းသွားရအုံးမယ်နော် ""
"" ပါး ထယ် နဲနဲလောက် အိပ်ချင်သေးတယ်
ဟင့် ""
"" ထယ်လေးကလည်း နိုးနေရင် ပြန်မအိပ်ရဘူးလေ ထတော့ ကျောင်းသွားဖို့
ပြင်ရမယ် ""
"" ဟင့် ဟုတ် ""
မအီမလည် မျက်နှာထားလေးနဲ့ လူကို
ကပ်ချွဲနေသေးတာ
တကယ့်ထယ်ပေါက်လေးပါပဲကွာ လူကို
အူယားအောင် အမြဲလုပ်တယ်
puppy's eye လေးနဲ့ လည်း လုပ်ပြနေသေးတာ ပါးရဲ့ ကလေးလေး...
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်...
ပါး အချစ်ရဲ့ ကိုယ်ပွားလေး...။
ချစ်တယ် ထယ်လေးရေ...ချစ်တယ် ဆိုတာထက် ပိုတယ် အသဲအသက်လေး...။
ချွဲစိန်လေး...။"" ထယ်လေး အခုထိ မပြီးသေးဘူးလား ကြာနေပြီနော် ""
"" ထယ်ရေ...ပါးခေါ်နေတာ ကြားလား အခု ထွက်ခဲ့တော့ ""
"" ပြီးပါပြီ ပါးရဲ့ လာပြီ လာပြီ ""
အိပ်ယာကထပြီးကတည်းက ရေချိုးခန်းထဲ ဝင်သွားတာ နာရီဝက်လောက် ရှိပြီ
အခုထိ ထွက်မလာသေးဘူး...။
သေချာပါတယ် ဒါ ရေဆော့နေတာပဲ
လုပ်ချင်တာ လုပ်မယ်ဆိုရင် အဲ့ဒီ့
လူကြီးပေါက်စလေးက တံခါးကို လော့ချထားသေးတာ...။
ခုလည်းကြည့် ပြီးပြီ လာပြီသာပြောတာ
ထွက်မလာသေးဘူး...။"" ထယ်လေး! ....""
"" ပါး...""
"" ကဲ ကြည့် ထယ်! ဒါဘယ်လို ဖြစ်လာ
တာလဲ ""
"" ဟီးး ပါး ချစ်တယ်နော် ""
"" ထယ်လေး အဲ့လောက်အကြာကြီး ရေဆော့နေရင် ဖျားပြီး နေမကောင်းဖြစ်တတ်တယ်လို့ ပါး ပြောမထားဘူးလား ""
![](https://img.wattpad.com/cover/289932501-288-k544157.jpg)
YOU ARE READING
If for him(မောင့်အတွက်ဆိုလျှင်...🖇❣(Complete🖇)
Fanfictionမောင့် ဘဝလေး ဂုဏ်မြင့်ပြီး တင့်တယ်နိုင်ပါစေ "မောင်" ငါ မင်းကို အရမ်းမုန်းတယ် "ငယ်" Taekook fic ♡ Own Creation 🦋🌸 By_ Ah-ji amo95~^ 8.11.2021 *( Start ) 17.7.2022~( End )🌻🖤💌