အခန်း - ၅

2.1K 172 2
                                    

​နွေဦး ​နေမ​ကောင်းတဲ့ ၃ရက်လုံး ​သူ့အိမ်ကို ​ဆေးခန်းပိတ်ပြီးချိန်တိုင်း ​ရောက်ဖြစ်ခဲ့သည်။ ဒီ​နေ့​တော့ ​မောင်​လေးမပါ နဒ္ဒီတစ်​ယောက်တည်း။

"​နေ​ကောင်း​နေပါပြီဆို တကူးတကလာရတယ်လို့"

"စကားမများနဲ့ လာအဖျားတိုင်းမယ်"

"အဖျား​တော့ မရှိ​တော့ဘူး။ တစ်ပတ်​လောက်​တော့ ည​နေဘက်​တွေ​ရေမချိုးနဲ့​တော့ ​နေ့ခင်း​လောက်ချိုး။ ​ဘောလုံးလဲမကန်နဲ့ဦး။ ​​​​​ချွေးက​​နေ အ​အေးပတ်တတ်တာဆို​တော့"

"ဟုတ်... မ ညစာစားပြီးပြီလား။ ဆိုင်က​ခေါက်ဆွဲ​ကြော်လာပို့ထားလို့ အတူစားမလား"

"အင်း..မစားရ​သေးဘူး။ ​ကျွေးရင်​တော့ စားမှာ​ပေါ့"

"လာ...အဲ့ဆိုစားကြစို့"

ညတိုင်း အဖျားလာတိုင်း၊ ​ဆေး​သောက်ဖို့ ဖုန်းဆက်နှိုးနဲ့ဆို​​တော့ ​နွေဦးနဲ့ ​တော်​တော်ကို ရင်းနှီး​နေပြီလို့​ပြောရမယ်။ ပြီး​တော့ သူက မ လို့​ခေါ်တယ်။ အင်း သူ့ထက်ကြီး​တော့လဲ။ အဲ့က​လေးက စကား​ပြောယဥ်​ကျေးတယ်။ ​အေးတယ်။ ချိုသာတယ်။ အရင်က ဘာလို့ ကြည့်မရလဲ မသိ​ပေမဲ့ အခုရင်းနှီးသွား​တော့ အပြုံးချိုချိုနဲ့​ကောင်​လေးကို ​တော်​တော်ခင်​နေမိပြီ။

"မ.."

"ရှင့်"

"​ကော်ဖီကြိုက်တယ်မလား...ဆိုင်ကို တစ်ရက်​လောက်လာ​ခဲ့ပါလား။ ​ကော်ဖီတိုက်ချင်လို့"

"​ကော်ဖီကြိုက်တာ ဘယ်လိုသိလဲ"

"Coffee circles မှာ​တွေ့​တော့လဲ မ Cappuccino ​​သောက်​နေတာ​တွေ့တယ်။ ဟိုတစ်ခါဆိုင်လာတုန်းကလဲ ​တွေ့လို့​​လေ။ Cappuchino ပဲကြိုက်တာလား"

"အင်း...ဟုတ်တယ်။ ​ကောင်မ​လေးနဲ့ လာတာမလား အဲ့တုန်းက"

"အာ သူငယ်ချင်းပါ...​ကောင်မ​လေးမရှိပါဘူး 😁"

"ဟုတ်ပါပြီရှင်"

"လာခဲ့​နော် မ...ကျွန်​တော်ကိုယ်တိုင်​ဖျော်​ပေးမှာ"

"အင်း...တို့သူငယ်ချင်းတစ်​ယောက် အိမ်အလည်လာမယ်​ပြောတယ်။ အဲ့ကျအတူ​လာခဲ့မယ်​လေ။ ​နွေဦးဆိုင်က ​ကော်ဖီ သူကြိုက်​လောက်တယ်။ ခုပြန်​တော့မယ်...မင်းခန့်လဲမပါလာဘူးဆို​တော့"

​နွေဦးမှာ ပန်း​တွေပွင့်ခဲ့တယ် Tahanan ng mga kuwento. Tumuklas ngayon