အခန်း - ၂၃

2.2K 148 8
                                    

ချစ်သူနဲ့ အတူတူဖြတ်သန်းရတဲ့ ​နေ့​တွေဟာ ​ကမ္ဘာ​ပေါ်မှာရှိသမျှ အရာ​တွေအားလုံး လှပ​နေခဲ့တယ်။ ငှက်​က​လေး​တွေအသံဟာလည်း တီတာလွန်းတယ်။ ​နေလုံးကြီးနဲ့ တိမ်လွှာ​တွေကလဲ ကြည်လင်လွန်း​နေတယ်။ သစ်ရွက်​တွေလှုပ်ခတ်သံဟာလည်း သာယာလွန်း​နေတယ်။ ပန်း​တွေလဲ ​ရောင်စုံဖူးပွင့်​နေလို့ မျက်စိနဲ့မြင်သမျှအရာ​တွေဟာ ပန်းချီကားသဖွယ်။ ဟုတ်ပါတယ် အနားမှာ ​နွေဦးရှိ​နေလို့​ပေါ့။ ရုံးဆင်းချိန် ရုံးကို  Taxi နဲ့လာကြိုတဲ့သူ။ နဒ္ဒီ​ရုံး​အောက်ကို ဆင်းလိုက်​တော့ ကားနားမှာ အသင့်​စောင့်​နေတဲ့ ချစ်ရတဲ့လူသား​လေး။

"မလာပါနဲ့ဆို...တို့ ပြန်လာရင် ဆိုင်ကိုလာမှာပဲဟာ"

"​တွေ့ချင်လို့ပါ...မ ရဲ့"

"ပိုကိုပိုတယ်။ လာ ကား​ပေါ်တက်...ဗိုက်ဆာတယ် တစ်ခုခုသွားစားရ​အောင်"

ကား​မောင်း​နေရင်းနဲ့ ​ဘေးနားမှာ စကား​တွေ တတွတ်တွတ်ထိုင်​ပြော​နေတဲ့ သူ။ အရင်က စကားနည်းသ​​လောက် အခု​နောက်ပိုင်း စကားအရမ်းများလာလို့ နား​တောင်ငြီးလာရတယ်။ ဘယ်လိုဟာ​လေးလဲ မသိဘူး။ သူဂိမ်း​ဆော့တာက အစ ဆိုင်မှာ ဘယ်သူက ဘာဖြစ်တယ် အဆုံး မရပ်မနားကို ​​ပြော​နေတာ။ ​စကားအရမ်း​ပြောလာတယ်လို့ ပြောလိုက်ရင် သူ့ရဲ့ တ​နေ့တာ လှုပ်ရှားမှုကို မ ကို သိ​စေချင်လို့ဆိုတာလို့ ​ပြော​သေးတာ။

"ဒါနဲ့...​နွေဦး ​ဖေ​ဖေတို့နဲ့​ရော အဆင်​ပြေပြီလား"

"​​ပြေပါတယ်။ ​ထွေ​ထွေထူးထူး စိတ်ဆိုးမ​နေ​တော့ဘူး။ အသက်​တွေလဲ ကြီးလာပြီမလား။ မာမီကလဲ သ​ဘော​ကောင်းရှာပါတယ်။"

"တို့ ​နွေဦး​လေး ရင့်ကျက်လာပြီပဲ"

"အစတည်းက ရင့်ကျက်ပါတယ်။ ပြီး​တော့ စိမ့်ကိုလဲ သနားလို့။ သူက ကျ​နော့်အ​ပေါ် တကယ်ချစ်ရှာတာ"

"အင်း...တို့မြင်ရပါတယ်။ အခုလို မိသားစု​လေးအဆင်​ပြေသွား​တော့ ဝမ်းသာတယ်"

ဒီ​လူသား​လေးရဲ့ဘဝကို အချစ်​တွေနဲ့ပဲ ပြည့်​စေချင်တာ။ လုံခြုံတဲ့ ​အချစ်​​တွေနဲ့ ​မေတ္တာ​တွေ​ပေးချင်တာ။ တို့လဲ မင်းအတွက်နဲ့ ​ဖေ​ဖေ့ကို ရင်ဆိုင်ရဦးမယ်ထင်တယ်။ ​မေ​မေက​တော့ နားလည်လက်ခံ​ပေးတယ်​ပြော​ပေမဲ့ ​မင်းအတွက် ဖေ​ဖေနဲ့​​တော့ ဒီတစ်ခါ အတိုက်အခံလုပ်ရမယ်ထင်တယ်။

​နွေဦးမှာ ပန်း​တွေပွင့်ခဲ့တယ် Donde viven las historias. Descúbrelo ahora