³

609 95 15
                                    

"ငါတို့တွေ လျှောက်လည်ကြမလား?"

♪ we belong together ♪

"ဒီနေ့ တော်တော်လေးကို ပျင်းဖို့ကောင်းတာပဲ!! " ဆောင်းဟွန်း တစ်ယောက် ပထမဦးဆုံး စာသင်ချိန်ပြီးပြီးချင်း ထိုင်၍ ညည်းနေသည်။

"ရား...မနက်ဖြန်သောကြာနေ့ ကျောင်းပိတ်တယ်မလား? "
နီခီက ရုတ်တရက်ဆိုသလို ထမေးလာတာနဲ့အတူ

"အေးလေ ဘာဖြစ်လို့လဲ??.." ဂျောင်းဝန်းက စိတ်မရှည်စွာ ပြန်မေးလိုက်တယ်။

"သောကြာနေ့ရော/ စနေ့/ တနင်္ဂနွေရော ပိတ်တာပဲနော်.." နီခီက တစ်ခုခုကိုစဥ်းစားနေသလိုနဲ့ ပြန်ဖြေလိုက်တယ်။

"ငါအကြံတစ်ခု ရတယ်!! ငါ့တို့သုံးရက်တောင် ပိတ်ချိန်ရတယ်မလား??" မနက်တောက်လျှောက် သူမဟုတ်သည့်အတိုင်း စကားတစ်လုံးတောင် မပြောပဲ ကျောက်သေရုပ်သဖွယ် ငိုင်မှိုင်နေတဲ့ ဆောနူးလ် တစ်ယောက် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားစွာ ထပြောလိုက်တာကြောင့် အဖွဲ့သားအားလုံး ကြောင်ကြည့်နေမိသည်။

"ငါ့ရဲ့ အိမ်အပြန်လမ်းမှာ အိမ်ဟောင်းကြီးတစ်ခုရှိတယ်ဟ။ အဲအိမ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းကော အခန်းကော အများကြီး!! သွားကြည့်ကြမလား နှစ်ညအိပ် သုံးရက်လေ.." အိမ်အဟောင်းဆိုတာနဲ့တင် တစ်ဖွဲ့သားလုံး ကြက်သိမ်းများ ထသွားခဲ့သည်။

ဘယ်သူက အိမ်အပျက်ဟောင်းကြီးထဲကိုဝင်ချင်လိမ့်မလဲ

စိတ်လှုပ်ရှားစွာပြောနေတဲ့ ဆောနူးလ်က အရင်ကနဲ့ မတူ။ ကြောက်ဖို့ကောင်းတဲ့ အငွေ့အသက်များနှင့်အတူ ပြုံးလိုက်တဲ့ ဆောနူးလ်ကို ဆောင်းဟွန်းတစ်ယောက် သူကို မူမမှန်နေသည်ကို ရိပ်မိလိုက်၏။

"ရား..နင် ဆောနူးလ် မှန်ပါတယ်နော်??" ဆောင်းဟွန်း ဆောနူးလ်ကို မတ်တပ်ရပ်၍ စိုက်ကြည့်ကာ အတည်ပေါက် မေးလိုက်တော့ ဆောနူးလ်မှ တစ်ချက်ပြုံးကာ "ရား အဲတာဘာမေးခွန်းကြီးလဲ.. ဟားဟား" ခပ်ကျဲကျဲရယ်နေတဲ့ ဆောနူးလ်ကို ဆောင်းဟွန်းလုံးဝ စိတ်တိုင်းမကျပေ။

ထိုချိန် ဆောင်းဟွန်းဘေးနားမှ ထိုင်နေတဲ့ ဂျိတ်ခ်က ဆောင်းဟွန်းရဲ့ ဖင်ကို လှန်၍ချကာ ဖြောင်း* "သူက ဆောနူးလ်မဟုတ်လို့ နင့်ပထွေးလား ဘိုးရေရဲ့" ဂျိတ်ခ် သူကိုရိုက်ကာ ပြောလိုက်တဲ့စကားကြောင့် တစ်ဖွဲ့လုံး ရယ်သံများဖြင့် ဆူညံ့သွားခဲ့တယ်။

CURSE- ENHYPEN √Where stories live. Discover now