END🖤

739 103 34
                                    

“မမြင်နိုင်တော့တဲ့ လွတ်လမ်း”

ဆွေးမြည့်နေပြီးဖြစ်တဲ့ လှေကားပေါ်ကနေတဆင့် ဂျောင်းဝန်း အပေါ်ထပ်ကို ဖြည်းဖြည်းချင်းဆီတက်လာခဲ့တယ်~ ဒုတိယအပေါ်ထပ်မှ ခြေသံကိုအဆက်မပြတ်ကြားနေရတာကြောင့် အနည်းငယ်တော့ ကြောက်လန့်လာမိသည်..

လှေကားမှာ တစ်လွှာထဲသာ ရှိပြီး ဒုတိယထပ်မှ အပေါ်ဆုံးနောက်ဆုံးလွှာဖြစ်သည်.. အဆောက်အဦးရဲ့ အနောက်ဘက်ခြမ်းတစ်နေရာသို ရောက်ရှိနေ့သည့်နှင့်အတူ အနည်းငယ် မှောင်နေတာကြောင့် ဒုတိယထပ်နေရာကို သွားမည့်လုပ်တုန်း စင်္ကြန်းလမ်းတောက်လျှောက် ပစ္စည်းအဟောင်းများဖြင့်သာပိတ်ထားခဲ့သည်။

ထိုသို့ပိတ်ထားလျက် ခြေသံကြားနေရတာကြောင့် ဂျောင်းဝန်းတစ်ယောက် ပို၍ ကြောက်လာခဲ့မိ.. ဒုတိယထပ်လွှာတစ်ခုလုံး အခန်းတံခါးများအားလုံး ဖွင့်ထားပြီး ပစ္စည်းဟောင်းများဖြင့်သာ ပြည့်နှက်နေသည်။ အလင်းရောင် မှောင်စပြုလာသည့်မိုလို့ အရာအားလုံးမှ ဆန်းတဝါးဝါးဖြင့်သာ မြင်နေရသည်။

သို့ရာတွင် ဒုတိယထပ်ရှိအခန်းထဲတွင် လူအမြှောက်အမြားရှိနေ့သလို အရိပ်များအပြင် ခြေသံများကိုပါကြားနေရသေးသည်.. ရင်တဖို့ဖို့ဖြင့် အောက်ပြန်ဆင်းရန် ကြံမည့်အချိန် ဂျောင်းဝန်းရဲ့ အနောက်မှအသံတစ်ခုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ တံခါးတစ်ခု ဟနေတာကို တွေ့ခဲ့တယ်။ ဂျောင်းဝန်းလည်း အဲတံခါးပေါက်မှ အလင်းပိုရနေတာကြောင့် ဖွင့်ကြည့်လိုက်တော့ ပျက်စီးနေပြီးဖြစ်တဲ့ ဝရံတာနေရာ ဖြစ်နေခဲ့တယ်။

အကာအရံမရှိ ထိုဝရံတာမှာ ဆွေးမြည့်လွန်းနေတာကြောင့် ထိုနေရာမှ အချိန်မရွေး ပြုတ်ကျ၍ သေဆုံးနိုင်သည်.. စပ်စုလိုသောစိတ်ဖြင့်အောက်ကို ငုတ်ကာ ကြည့်လိုက်တဲ့ ဂျောင်းဝန်းတစ်ယောက်... အောက်ဘက် တည့်တည့်တွင် စွန့်ပစ်ပစ္စည်းများ စုပုံနေပြီးသစ်သားအကျိုးပဲများစွာ ထောင်လျက်အနေထားဖြစ်နေသည်။ အထပ်နိမ့်သောကြောင့် ပြုတ်ကျလျှင် သေမည်မဟုတ်.. သိုရာတွင် ထိုသစ်သားစများ ပေါ်ပြုတ်ကျလျှင် မတွေးဝံ့ချင်စရာတွေဖြစ်ပါလိမ့်မယ်။

CURSE- ENHYPEN √Where stories live. Discover now