587 86 53
                                    

“ချိုမြိန်တဲ့ မနက်စာ”

♪ song- tiptoe through the tulips with me (tiny tim) ♪

နေရောင်ခြည်ရဲရဲလေး ဖြာကြလာတာနှင့်အတူ မျက်လုံးကို လက်ဖြင့်ကာလိုက်တဲ့ ဂျေး။ မနက်ခင်းသာဖြစ်သောလည်း ငှက်သံ တစ်မျှ မကြားရလောက်အောင်တိတ်ဆိတ်လွန်းလှသည်။ တစ်ကိုယ်လုံးကို ရိုက်နှက်ထားသလို နာကျင်ကိုက်ခဲ့နေတာကြောင့် ဂျေးတစ်ယောက် တိုးတိုးလေး ညည်းမိလိုက်သည်။ သူဘေးနားမှာထားထားတဲ့ ဖုန်းကိို လှမ်းယူကာ အချိန်ကြည့်လိုက်တော့ မနက်7နာရီခွဲခန့်နီး..ဖုန်းကို ကြည့်နေတုန်းရှိသေး low power ပြကာ ချက်ချင်းဆိုသလို shut down ကျသွားလေတယ်။ ပြန်ဖွင့်ဖို့ ဘယ်လောက်ကြိုးစားစား လုံးဝ မပွင့်လာခဲ့။

ဂျေးလည်း ဖုန်းအားသွင်းလို့မရတာနဲ့အတူ လက်လျော့ကာ ထိုနေရာမှ ထဖို့အလုပ် နီခီနှင့် ဆောနူးလ်မှာ အိပ်ရာထဲတွင် မရှိတော့ပေ..

ဂျေးလည်း သူတို့နှစ်ယောက် အရင်ထနှင့်ပြီး ထင်တာမိုလို့ သူလည်း လိုက်ထလိုက်တယ်။ အဖွဲ့သားအချို့လည်း အိပ်နေသေးတာကြောင့် မနိုးအောင် ဖြေးဖြေးချင်းဆီ လှမ်း၍ အခန်းထဲမှ ထွက်သွားလေတယ်။

အဖွဲ့သားအားလုံးတွက် ယူလာခဲ့တဲ့အစားသောက်များနှင့် မနက်စာချက်ပေးမည်ဟု စိတ်ကူးကာ မီးဖိုချောင်ကို လျှောက်လာခဲ့သည်။ လျှပ်စစ်မရမှန်းသိသော်လည်း မရရတဲ့နည်းဖြင့် ချက်မည်ဟု ကြံကာ စဥ်းစားနေတုန်း မီးဖိုချောင်ထဲကို အရင်ရောက်နေတဲ့ ဆောနူးလ်ကို ရုတ်တရက်ဆိုသလို တွေ့လိုက်ရသည်။

တစ်ချက်တစ်ချက် တစ်ခုခုတွေ့တာနှင့် လန့်မိတက်တဲ့အကျင့်က ဒီအဆောက်အဦးထဲဝင် လာပြီးကထည်း ရလာတဲ့အကျင့်တစ်မျိုးလိုပဲ.. ဘာပဲမြင်မြင် ဘာပဲကြားကြား လိပ်ပြာမလုံသလို တစ်ယောက်ယောက်က ကိုယ်ကိုအမြဲလိုလိုစိုက်ကြည့်နေသလို.. အနောက်ကနေ တစ်ယောက်ယောက်က ဆက်တိုက်ဆိုသလို လိုက်နေတဲ့အတိုင်း.. အမြဲ မလုံမလဲဖြစ်နေတဲ့ခံစားချက်မျိုး ။

‘ အခုလည်း ဆောနူးလ် ကျောပေးပြီးမတ်တပ်ရပ်နေတာကို ကြောက်နေရတယ်လို့.. ငါအရူးလိုပဲ. ’ ဂျေးလည်း သူဘာသာ တွေးပြီး ပြုံးလိုက်မိတယ်။

CURSE- ENHYPEN √Where stories live. Discover now