( Haruto x Jeongwoo )

285 50 2
                                    

Sweet Lie

ဂျောင်ဝူးဖုန်းချသွားတာနဲ့ ရုတို လက်တွေတုန်ယင်လာသည်။ ဖွင့်ပြောမယ် ဘာကို ဖွင့်ပြောမှာလဲ .. ပုံမှန်ဆို ဒီကောင်လေးက အထူးတလှယ်နေ့‌တွေမှ ဖွင့်ပြောချင်တဲ့ စူပါရိုမန်တစ် ကောင်လေ .. ဘာလို့ရုတ်တရက်ကြီးလဲ .. အရမ်းစဥ်းစားနေချိန်မရတာမို့ ဖုန်းပေါ်မှာ ရှိတဲ့ ရင်းနှီးနေသော နံပါတ်များအား နှိပ်လိုက်သည်။ ဖုန်း၀င်ပြီး သိပ်မကြာ ဖုန်းကိုင်သံကိုကြားလိုက်ရသည်။

"ဟဲလို"

"အကို .. ဂျောင်ဝူးဖုန်းဆက်သေးလား"

"ခုနကဆက်တယ် အကိုတို့ရုံးဘက် လာစရာရှိလို့ ညစာ အတူစားကြမယ်တဲ့ ... မင်းက ဘာလို့ လိုက်မလာ"

"အကို ! ဂျောင်ဝူးက အကို့ကို ဖွင့်ပြောမလို့တဲ့ ... ငြင်းလိုက်နော် "

စိတ်လှုပ်ရှားနေသည်ကို ရုတို ဖုံးကွယ်မရ .. စကားကို ခပ်မြန်မြန် အသက်မရှုစတမ်းပြောနေမိသည်။

"စိတ်မပူပါနဲ့ .. အကို ကြည့်လုပ်လိုက်ပါ့မယ် .. မင်းကရော ဒီတခါ မတားဘူးလား"

"ကျွန်တော် တောင်တက်အသင်းနဲ့ တောင်တက်ရင်း Camping သွားနေတုန်း .. သူက ဘာစိတ်ကူးပေါက်သွားတာလဲ မသိဘူးဗျာ"

"အင်း ..  စိတ်မပူနဲ့ အကို ကြည့်လုပ်လိုက်မယ် .. တောင်တတ်တာသာ ဂရုစိုက်"

"အကို .. ဂျောင်ဝူးက ... "

ဖုန်းအတွင်းမှ မာရှီ့အား လှမ်းခေါ်သံကြားလိုက်တာမို့ အလုပ်ရှုပ်နေပုံရသည်။

"ရုတို အကိုအလုပ်များနေလို့ နောက်မှ ဖုန်းခေါ်လိုက်မယ်"

သူပြောချင်တာ မဆုံးသေး ဖုန်းချသွားသည်။ တောင်ပေါ်ဆက်တတ်ရင် ဖုန်းလိုင်းမမိမှာမို့ သူခရီးက ပြန်ရောက်မှသာ ဒီကိစ္စအကုန်သိနိုင်တော့မည်။ သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်ရင်း တောင်အောက်ကိုသာ ထိုင်ငေးနေမိတော့သည်။

ခရီးက ပြန်ရောက်ရောက််ချင်း အခန်းထဲကြည့်လိုက်တော့ ဂျောင်ဝူးမရှိ။ အ‌၀တ်တွေလဲ ပုံထားကာ ပန်ကန်းတွေလဲ စားပြီး ဒီအတိုင်းပစ်ထားသည်။ ဒီကောင်လေး သူလစ်ရင် လစ်သလို အိမ်မှုကိစ္စအရမ်းအချောင်ခိုသည်။

Sweet Lie ( Haruto x Jeongwoo )Where stories live. Discover now