Sweet Lie
စူပါဆန်းဒေး ဖြစ်သော်လည်း မာရှီဟို တယောက် Cafe ဆိုင်မှာ ဂျောင်ဝူးနဲ့အတူရောက်ရှိနေလေသည်။
အကြောင်းမှာ အရင်ရက်က မာရှီဟို သာယာအေးချမ်းစွာ အနားယူချိန်လေးကို ဖုန်းမြည်သံက ၀င်ရောက်နှောင့်ယှက်လာသည်။
"အကို ဂျောင်ဝူးကို ငြင်းလိုက်တာ .. အခု ဂျောင်ဝူးက ကျွန်တော့ကိုပါ ရှောင်နေပြီ.. အကိုရှင်းပေး"
ဆိုကာ ပြသနာရှာနေသော သူ့ညီလေး ရုတိုကြောင့်ပင်။
ဂျောင်ဝူးကို အကဲခတ်ကြည့်တော့လဲ သူနဲ့အတူထိုင်နေရသော်လည်း နေရခက်နေပုံမရှိ။
မာရှီဟိုကပင် စကားစကာ"မင်း ရုတိုနဲ့ ရန်ဖြစ်ထားသေးလား"
ဂျောင်ဝူးမျက်နှာမှာ အံ့ဩရိပ်လေးနဲ့ ပြာပြာသလဲ ငြင်းလေသည်။
"မဖြစ်ပါဘူး"
ထိစဉ် ရုတို ဆိုင်ထဲ အူယားဖားယားပြေး၀င် လာကာ ခုံယူပြီး ထိုင်လိုက်သည်။
"နောက်ကျသွားလို့ ဂိုမန်း"
ဂျောင်ဝူးကတော့ မျက်လုံးအပြူးသားနဲ့ ရုတိုကိုတလှည့် မာရှီကို တလှည့်ကြည့်နေသည်။
"ဆောရီး ဂျောင်ဝူးရာ .. ရုတိုက မင်း စိတ်ဆိုးနေတယ် ဆိုပြီး အကို့ကို အတင်း အကူအညီတောင်းလို့"
မာရှီက ရှင်းပြလိုက်သည်။
"ဂျောင်ဝူး ငါ့ကို စိတ်ဆိုးနေတာလား .. စကားလဲသေချာမပြောဘူး.. ရှောင်နေတာကရော ဘာသဘောလဲ"
ရုတို ဂျောင်ဝူးရဲ့အဖြေကိုစောင့်နေလိုက်သည်။ ဂျောင်ဝူးက မာရှီ့ကို လှမ်းကြည့်ကာ
"အကို .. ရှောင်ပေးလို့ရမလား .. ကျွန်တော် ရုတိုနဲ့ နှစ်ယောက်တည်းပြောချင်တယ်"
မာရှီက ခေါင်းငြိမ့်ကာ
"အဲ့တာဆို အကိုပြန်လိုက်တော့မယ်.. ဘာဖြစ်မှန်းမသိပေမဲ့ အကို့ညီအစားလဲ တောင်းပန်ပါတယ် .. အရမ်းစိတ်မဆိုးပါနဲ့"
မာရှီ ထွက်သွားသည်နှင့် တယောက်ကို တယောက် စူးစိုက်ကြည့်နေသည်မှာ အားပြိုင်နေသည့်အလား