Sweet Lie
နာရီလက်တံတချက်တချက်ရွေ့လာတိုင်း ဂျောင်းဝူးဒေါသစိတ်မှာ တစထက်တစတိုးပွားလာတော့သည်။ အခုရက်တွေမှာ ရုတိုအိမ်ပြန်ချိန်တော်မှာ အတော်နောက်ကျလာသည်။ မိန်းကလေးအပေါင်းအသင်းများနှင့်သွားလာနေသည်ကိုလဲ ဂျောင်ဝူးသဘောမကျ။ ရုတို့ကိုသဘောကျနေတဲ့ မိန်းကလေးနဲ့တွဲသွားတွဲလာလုပ်လွန်းသည်မို့ တချို့က တွဲနေကြပြီလို့ပြောတာကိုလဲ ဂျောင်ဏူးကြားရသည်မှာ စိတ်မပျော်ရွှင်။ နှစ်ယောက်ကြားက ဆက်ဆံရေးက အဆင်မပြေဖြစ်နေသည်ကို အမြန်ဖြေရှင်းလိုက်ချင်ပြီမို့ ရုတိုပြန်အလာကိုစောင့်နေခဲ့ခြင်းပင်။ ရုတိုကတော့ သန်းခေါင်ကျော်သည်အထိ ပြန်မလာသေးတာမို့ အိမ်တံခါး၀ကိုသာငေးရင်း မျှော်နေမိတော့သည်။
အချိန်မည်ရွေ့ရှိသွားသည်မသိ။ တံခါးလှည့်သံကြားမှ ငိုက်နေရင်းဆက်ခနဲ နိုးလာကာ အိမ်ပေါက်၀ကိုလှန်းကြည့်လိုက်တော့ ရုတိုတယောက် ယိုင်နဲနဲနဲဘ တံခါးဖွင့်၀င်လာသည်ကိုမြင်လိုက်ရသည်။ ကူပေးဖို့ အနားသွားလိုက်တော့ အရက်နံ့က နှာခေါင်းထဲထိစူး၀င်လာသည်။ လက်တဖက်ကို အသာထိန်းကိုင်ပေးတော့ ရုတိုက မလိုကြောင်းပြောတာ သူ့ကိုတွန်းလိုက်သည်။
"မင်းမအိပ်သေးဘူးလား။ ဘာလုပ်နေတာလဲ"
"ငါမင်းနဲ့စကားပြောချင်တာရှိလို့ စောင့်နေတာ"
ရုတိုကခေါင်းခါပြရင်း သူ့အိပ်ရာပေါ်တန်းတက်လိုက်သည်။
"မနက်မှပြောကွာ။ ငါအိပ်ချင်နေပြီ""အိပ်မယ်ဆိုလဲ အင်္ကျီလဲလိုက်အုံး" ပြောပြောဆိုဆို ရုတိုကို လက်မောင်းကနေ ဆွဲထူလိုက်သည်။
"မလဲတော့ဘူး ဒီတိုင်းအိပ်ဝောာ့မယ်" ဟုပြောကာ ရုတိုတယောက် ပေကပ်ကပ်နဲ့ အိပ်ရာထဲ အတင်းပြန်လှဲနေသည်။ ဂျောင်ဝူးက ရုတို့ကို တခါ ထပ်ဆွဲထူကာ ထိုင်ခိုင်းပြီး
"ငြိမ်ငြိမ်နေ ငါအ၀တ်လဲပေးမယ်" ဟုဆိုကာ သက်တောင့်သက်သာဖြစ်စေမဲ့ အ၀တ်ကိုလဲပေးလိုက်သည်။ အရင်ကဆို ရုတိုကသာ ဂျောင်ဝူးကို အစစအရာရာလိုက်လုပ်ကာ ဂရုစိုက်ပေးလေ့ရှိသူဖြစ်သည်။ အရင်ကသာဆို ရုတိုသာ ဒီအဆိုင်းအိပ်သွားပါကသူအ၀တ်ကူလဲပေးမှာမဟုတ်သည့်အပြင် ဒီအတိုင်း ပစ်ထားလိုက်မှာပင်။ အခုတော့ မနေနိုင်မထိုင်နဲ့ သူများသားကို ဂရုစိုက်ပေးနေမိသည်။ မတောင်းဆိုရဘဲနဲ့ ဂရုစိုက်ပေးချင်မိတာက အချစ်ဆိုရင်တော့ သူရုတိုကို ချစ်နေမိသည်မှာ သေချာနေပြီပင်ဖြစ်သည်။