Unicode
နောက်တစ်နေ့မနက်
Taehyungနိုးလာတော့သူ့ဘေးတွင်
Jungkookရှိမနေချေ။သူအထွေအထူးစဉ်းစားမနေတော့ပဲ
ရေချိုးခန်းထဲဝင်ကာမျက်နှာသစ်ပြီး
အောက်ထပ်ကိုဆင်းလာလိုက်သည်။"Morning Taehyung"
"Morning Seokjin ဒါနဲ့ ကျန်တဲ့လူတွေရော?"
"Yoongiရယ်Jungkookရယ်က
ဟိုသတ္တဝါကိုချုပ်ဖို့ ကြိုးနဲ့လိုအပ်တာတွေ
သွားဝယ်တယ် Namjoonရယ် Jiminရယ် နဲ့Hoseokကတော့ ဧည့်ခန်းထဲမှာGateအကြောင်းကို ရှာနေတယ် ထင်တယ်""အာ ဒါနဲ့ မနက်စာဘာရှိလဲ"
"ပေါင်မုန့်နဲ့ဝက်ပေါင်ခြောက်တွေရှိတယ်
မင်းစားချင်ရင်ငါကြက်ဉထပ်ကြော်ပေးလို့
ရတယ်""ဒါဆိုကြော်ပေးပါဉီး ဟီးဟီး"
"ဟုတ်ပြီ ခဏစောင့်"
Taehyungနဲ့Seokjinက မီးဖိုချောင်ထဲမှာ
အလုပ်များနေစဉ်"ဟေးး ငါတို့ကိုလာကူပါဉီး"
အိမ်ရှေ့တံခါးဝမှ Yoongi၏အသံသည် ထွက်ပေါ်လာ၏
"များလိုက်တာကွာ ဒါဘာတွေလဲ"
"ဓာတ်ဆီတွေလေ မီးရှို့ဖို့ ကြိုးကတော့သာမာန်ကြိုးပဲဝယ်လာတယ် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးပြတ်ထွက်မှာပဲဟာ ပိုက်ဆံပိုအကုန်ခံပြီးဝယ်မနေတော့ဘူး"
"ဇီဇာကြောင်လိုက်တာ အဲ့တာကြောင့်မင်းရည်းစားမရတာ"
"မလိုပါဘူး ငါကြိုက်တဲ့လူကမင်းလေ"
Yoongiရဲ့စကားကြောင့် Jiminတင်မကဘူး
အကုန်လုံး မျက်လုံးပြူးသွားသည်။"ဟမ် မင်း.....မင်း......"
"ဘာလဲ မင်းအဲ့တာကိုအတည်ယုံသွားတယ်လို့မပြောနဲ့နော်"
"အဟမ်း မယုံပါဘူး အဟွတ်အဟွတ်"
Yoongiဟာရုပ်တည်ကြီးနဲ့ပြောလိုက်ပေမယ့်
နားရွက်ဖျားတွေရဲနေတာကိုတော့ Jungkook
တစ်ယောက် မြင်ဖြစ်အောင်မြင်လိုက်သေးသည်"ဟိုသုံးယောက် Gateနဲ့ပတ်သက်ပြီးတော့ရောဘာထူးလဲ?"
" မီးရှို့လိုက်ရုံပဲ အာရုံခံစားမှုကြောင့်Gateက
အလိုလိုပိတ်သွားလိမ့်မယ်"
![](https://img.wattpad.com/cover/303785098-288-k989431.jpg)
YOU ARE READING
BTS // Horror One Shot Stories (Book-2)
HorrorAnother book of my nightmares Start date - 6.3.2022 End date - Written in Burmese Language