𝙐𝙥𝙨𝙞𝙙𝙚 𝘿𝙤𝙬𝙣 (1)

717 50 59
                                    

Unicode

ကမ္ဘာကြီးရဲ့တခြားတစ်ဖက်မှာဘာတွေရှိနေနိုင်လဲ?

သေချာတာကတော့ ကောင်းတဲ့အရာတွေမဖြစ်နိုင်လောက်ဘူး။

###############################

"Yrrrrrr Park Jimin!"

"Kim Taehyungggg!!"

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ငယ်လေးတစ်ခုဖြစ်သော Bangtanအမည်ရှိမြို့လေး၏
အထက်တန်းကျောင်းတွင် ကောင်လေးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ပြီး နှုတ်ဆက်နေကြသည်။

"မနေ့တစ်နေ့ကမှ ဂိမ်းဆိုင်မှာတွေ့ပြီးတာကို
မသိရင်ဆယ်စုနှစ်တစ်ခုကြာ ကွဲကွာနေတဲ့ သားအမိတွေလိုမျိုးလုပ်မနေနဲ့"

ထိုကောင်လေးနှစ်ယောက်၏ဘေးတွင်ရှိသော အရပ်ရှည်ရှည် ပုခုံးကျယ်ကျယ်နှင့်ကောင်လေးကဝင်ပြော၏

"ဘာပဲဖြစ်ဖြစ် တွေ့ရတာကတွေ့ရတာပဲလေ
Seokjinရယ်"

"ဟုတ်တယ် လာ ကန်တင်းသွားရအောင်"

"ငါလည်းလိုက်မယ်လေ မင်းတို့ကလည်း စောင့်ကြပါဉီး"

သူတို့သုံးယောက် ကန်တင်းတွင်ထိုင်နေစဉ်
ကျောင်းထဲသို့ဝင်လာသော ကား4စီး။

ထိုကား4စီးပေါ်မှ ကောင်လေး4ယောက်ဆင်းလာသည်။

ပထမဆုံးဆင်းလာသော ကောင်လေးမှာ ဆံပင်အလည်ခွဲနှင့်ဖြစ်ပြီး နားတွင်လည်း နားကွင်းများတပ်ဆင်ထားသည်။

ဒုတိယတစ်ယောက်ကတော့ အရပ်ရှည်ရှည်နှင့်ဖြစ်ပြီး မျက်မှန်တပ်ထားသည်။

တတိယတစ်ယောက်ကတော် အပြုံးချိုချိုလေးနဲ့ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ မျက်လုံးမှေးမှေး အသားဖြူဖြူနဲ့ပင်ဖြစ်သည်။

"ငါထင်တာတော့ သူတို့ကချမ်းသာတဲ့အသိုင်းအဝိုင်းကထင်တယ်"

"ငါတို့်လည်းချမ်းသာပါတယ် Taehyung ရယ် ဒါပေမယ့်အဲ့လိုတော့ နောက်ဆုံးပေါ်ကားကြီးနဲ့ ကျောင်းကိုမလာဘူး"

"အေးကွာ အလကားရေပေါ်ဆီတွေ"

သူတို့သုံးယောက်မှာပြောနေကြသည်များကို ရပ်တန့်လိုက်ရသည် အဘယ်ကြောင့်ဆိုသော် သူတို့ဘေးရှိဝိုင်းကိုလာထိုင်သော ကောင်လေး4ယောက်ကြောင့်ပင်။

BTS // Horror One Shot Stories (Book-2)Tahanan ng mga kuwento. Tumuklas ngayon