Unicode"နေကြပါဉီး ဒါကဖြစ်မှမဖြစ်နိုင်တာ"
"အေးလေကွာ မင်းတို့ကလည်း အဓိပ္ပာယ်မရှိတာ"
"ဟုတ်လား မဟုတ်လားသိချင်ရင်နည်းလမ်းက
တစ်ခုပဲရှိတယ်""အိုးးးး နိုးးး မဟုတ်ဘူး မပြောလိုက်နဲ့"
"အဲ့တာကBangtanဓာတ်ခွဲခန်းကိုသွားကြည့်ဖို့ပဲ"
"ရူးနေလား ငါတို့ထင်တဲ့အတိုင်းဖြစ်မနေဘူးဆိုရင်တောင် ဆိုင်ရာပိုင်ရာတွေကငါတို့ကိုတရားစွဲနိုင်တယ် ကျူးကျော်မှုနဲ့လေ"
"ဘာပဲဖြစ်ဖြစ် တစ်ခါလောက်ရူးမိုက်ကြည့်ရအောင် Hobi ahh ငါတို့ရဲ့လုပ်ရပ်တွေသာမှန်နေမယ်ဆိုရင် ကမ္ဘာပျက်ကပ်ကိုတောင်တားလို့ရနိုင်တယ်လေ"
"ဟူးး ကောင်းပြီ ဘာမှမထူးတော့ဘူးဆိုတော့လည်း လုပ်ကြရအောင် အလွန်ဆုံးပဲထမင်းနဲ့နှစ်ရက်စားရရုံပေါ့ကွာ"
"ဟုတ်ပြီ ဒါဆိုဒီညငါ့အိမ်မှာလူစုကြမယ် အိမ်လိပ်စာက xxxမှာ"
###############################
ည9နာရီခွဲခန့်
"လူစုံပြီလား?"
"အေး စုံပြီ"
"ဒါဆိုရင်စလိုက်ကြရအောင် ဝမ်း တူး သရီး
အိုးလေးလှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့"Yoongiမှာရုတ်တရက်ထဖောက်သော Hoseokကို ဖြောင်းခနဲတစ်ချက်ချလိုက်ရင်း
ပြောသည်။"ဟာ Jung Hoseok ဘယ်လိုဖြစ်နေလဲ တော်တော်အူမြူးနေလား ဟမ်"
"ဟဲဟဲ နည်းနည်းစိတ်လှုပ်ရှားနေလို့ပါ"
"ကဲ အကုန်လုံးကားပေါ်တက်ကြတော့ သွားမယ်"
ထိုသို့နှင့် သူတို့7ယောက်လုံး Bangtanဓာတ်ခွဲခန်း၏ အဆောက်အဉီကြီးရှိရာ အနီးကိုရောက်လာကြသည်။
Jungookက ကားကိုလမ်းဘေးတွင်ချရပ်လိုက်ပြီး သူတို့အကုန်လုံး ဝင်ပေါက်ရှေ့ကို ဖြေးဖြေးချင်း ချဉ်းကပ်သွားကြ၏
"Jungook ahh ငါတို့ဘယ်လိုဝင်ကြမလဲ"
"ဝင်ပေါက်မှာလူမှမရှိတာ"
Jiminစကားကြောင့် အကုန်လုံးခေါင်းထောင်
ကြည့်မိတော့ ဝင်ပေါက်၏ gatehouseတွင် အစောင့်ရှိမနေချေ။

STAI LEGGENDO
BTS // Horror One Shot Stories (Book-2)
HorrorAnother book of my nightmares Start date - 6.3.2022 End date - Written in Burmese Language