see u again, Dr Hoon[ 하나 ]

2.2K 168 6
                                    

"အ့ နာလိုက်တာ"

တဆစ်ဆစ်နာပြီး ယောင်ကိုင်းနေတဲ့ ဒူးကိုလက်ဖြင့်အသာပွတ်သပ်ကာ 24 hours ဆေးခန်းသို့ ဆောနူဦးတည်လိုက်သည်။

မီးရောင်မှိန်"လေးသာ ရှိတဲ့ လမ်းမကြီးထဲမှာ ဆောနူတစ်ယောက်ထဲ ထော့နဲ့ ထော့နဲ့ နဲ့သွားနေသည်မှာ ကြာပြီပင်။

"အို အားကိုးရတဲ့ ရည်းစားတစ်ယောက်လောက်သာရှိရင် သူ့ကျောပေါ်ကနေ ငြိမ့်"လေး လိုက်လာရုံပဲ။အခုကြတော့..."

ဆောနူတစ်ယောက်ထဲ အထီးကျန်စွာရေရွတ်မိသည်။

ထိုကောင်လေးအား သူ့အမေမြင်ပါက အထက်တန်းကျောင်းသားက ယောင်္ကျားလေးရည်းစားလိုချင်နေတယ်ဆိုပြီး ဆူငေါက်အုံးမှာ မလွဲဧကန်ပင်။

"ဘာဖြစ်လာတာလဲ"

mask တပ်ထားတဲ့ ဆရာဝန်က အသံခပ်မာမာနဲ့ သူ့ကိုမေးလာသည်။

"ဟို ချော်လဲလာတာ"

"ငါက‌မင်းပြောတိုင်း ယုံမယ့်သူလား ကျောင်းသား"

"ဟမ်"

"ရန်ဖြစ်လာတာမလား"

သိရဲ့သားနဲ့ မေးနေသည့် ဆရာဝန်ကို သူပြန်ရန်တွေ့ပစ်ချင်ပေမဲ့ ‌မဖြစ်ပေ။

"ဟို...ဟို"

"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ငါလည်းကျောင်းသားဖြစ်ခဲ့ဖူးတာမို့ အကုန်သိတယ်"

"အဲ့ဒါဆိုဘာလို့မေးနေလဲ!"

စိတ်မထိန်းစွာပင် လွှတ်ကနဲ ထွက်သွားတဲ့ ပါးစပ်ပေါက်ကို ပြောပြီးမှအလျင်အမြန်ပိတ်လိုက်သည်။

mask အနက်ရောင် အထက်က မျက်ဝန်းတွေနဲ့ ခပ်ဆွေဆွေကြည့်လာတဲ့ ဆရာဝန်ကို သူ့တစ်ချက်ပင်ကြည့်ပြိး အကြည့်လွှဲလိုက်သည်။

သွားပါပြီ ဆေးထိုးအပ်ကြီးကြီးနဲ့သာ ထိုးလို့ကတော့ sunoo is gone ပြီပဲ။

"ဟို ကဒ်နဲ့ရှင်းလို့မရဘူးလားဗျ မမလှလှ"

"မရဘူး ကလေးရဲ့"

"ဟာ နောက်မှပေးလို့မရဘူးလား "

သူစိတ်ညစ်စွာပင် ပန်းရောင်ဆံနွယ်တို့အားဖွလိုက်သည်။

"အင်း မယူတော့ဘူး နောက်ကြုံရင်ထမင်းလိုက်ကျွေးပေါ့ ကျောင်းသား"

ᵒᶠᶠ ᵐʸ ᶠᵃᶜᵉ || CompletedWhere stories live. Discover now