the thief has been caught!!![삼]

873 100 11
                                    

ဆောနူ ဒီနေ့နဲ့ဆို အပြင်မထွက်တာ တစ်ပတ်နီးပါးပင် ရှိလေပြီ။ဘယ်ဘက်ရင်အုံက တစ်ချက် တစ်ချက် ဆူးအောင့်သည်။မျက်ရည်များလည်း မြေခရတာ သမုဒ္ဓရာ အလားပင်။ဘာမှလည်း စားမဝင်သလို။ဘာမှကိုပင် စားချင်စိတ်မရှိတော့။အမားကလည်း သူ့ကိုဆူငေါက်ပေမဲ့ အချည်းနှီးသာ။သူကအိမ်မပိုင်သလို အိမ်ကလည်းသူ့ကိုမပိုင်ပါ။အို ပထမဆုံးအချစ်ဦးက သူ့ကိုလုပ်ရပ်ပုံက မညှာမတာပင်။အင်းပေါ့လေ သူချစ်နဲ့ကိုယ်ချစ်နဲ့ယှဉ်ရင် ကိုယ်ချစ်က ဘယ်အရေးပါပါစွ။21 ရာစုရောက်နေပြီကို ယောင်္ကျားလေးချင်း မကြိုက်တာက ဆန်းကြယ်လိုက်သည်။သူ့တို့အထက်တန်းကျောင်းက စီနီယာတွေဆို ယောင်္ကျားလေးချင်းပဲ ကြိုက်ကြတာ အများကြီးကို။အကိုကလည်း ခေတ်နောက်ကျလွန်းသည်။ထို့ပေမဲ့ အကိုက သူ့ကို ယောင်္ကျားလေးချင်းမို့ မကြိုက်တာရော ဟုတ်ရဲ့လား။သူ့အထင်နဲ့သူ ဇွတ်တွေ စိတ်တိုနေမိသည်။ဒါပေမဲ့ ထို့အပြင် ဘာရှိအုံးမည်လဲ။မဟုတ်လည်း ငြင်းတာကကို သူ့အတွက်ကြေကွဲရသည်။

(ဂင်မ်ဆောနူ=ကြေကွဲလူငယ်)

*ဒေါက် ဒေါက်* သားရေ အိမ်ရှေ့မှာ သားသူငယ်ချင်းရောက်နေတယ် ထွက်ခဲ့အုံး။

"ဘယ်သူလဲ မား"

"အဲ့ဒါတော့မသိဘူး ကဲပါ မြန်မြန်သာထွက်ခဲ့စမ်းပါ"

"ဟုတ် ဟုတ်"

ဆောနူအောက်ထပ်ကို ဆင်းလာတော့ ဆိုဖာပေါ်တွင် အကျအနထိုင်နေသူက သူ့အား မျက်ခုံးပင့်ပြသည်။

အို ဘုရားသခင်။

ဒီအရွယ်ကို သူ့သူငယ်ချင်းလို့ ပြောတိုင်းယုံတဲ့ သူအိုမားကို ဆောနူအောချမိသည်။သို့ပေမဲ့ သူ့အကိုကလည်း လူကြီးဆန်" နေပုံထိုင်ပုံကလွဲရင် နုပျိုနေဆဲမလား?

သို့သော် ဒါတွေက ဆောနူခေါင်းထဲမှာ ကြာကြာမခံပေ။အခုချိန်မှာ သူသိချင်တာက ဘာလို့ သူ့အိမ်ကိုရောက်လာရတာလဲ။ပြီးတော့ သူ့အိမ်ကို ဘယ်လိုသိတာလဲ။မဟုတ်မှလွဲရော မင်္ဂလာ‌ေ‌ဆာင်လာဖိတ်တာများလား?သူ့ကောင်မလေးကရော?မပါလာဘူး။သို့ပေမဲ့ အိမ်ထိရောက်လာပုံရရင် ဖြစ်နိုင်ခြေအရှိဆုံးက ဒါပင်မဟုတ်လား?ဆောနူလှေကားပေါ်မှ ဆင်းရင်း အတွေးများနှင့်ပင် သူ့ဒူးကိုပင် သူမခိုင်ချင်တော့။အိမ်ထိလာပြီးကို အသည်းကို ဓားနဲ့မွှန်းတော့မှာလား?

ᵒᶠᶠ ᵐʸ ᶠᵃᶜᵉ || CompletedWhere stories live. Discover now